-
AA
+
🡀
|
🡂
၃ ဓမ္မရာဇဝင်
၁၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၃ ဓမ္မရာဇဝင်
အခန်းကြီး ၁၃


ယုဒပြည်မှ ပရောဖက်က ယဇ်ပလ္လင်အပေါ်ပရောဖက်ပြု

ထိုအခါ ယေရောဗောင်သည် နံ့သာပေါင်းကို မီးရှို့ခြင်းငှါ ယဇ်ပလ္လင်နားမှာ ရပ်နေစဉ်တွင်၊ ဘုရားသခင်၏ လူတယောက်သည် ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း၊ ယုဒပြည်မှ ဗေသလမြို့သို့ ရောက်လာ၍၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် အတိုင်း၊ ယဇ်ပလ္လင်တစ်ဖက်၌ ကြွေးကြော်လျက်၊ အိုယဇ်ပလ္လင်၊ ယဇ်ပလ္လင်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဒါဝိဒ်မင်းမျိုး၌ ယောရှိ အမည်ရှိသောသူကို ဖွားမြင်လိမ့်မည်။ သင့်အပေါ်မှာ နံ့သာပေါင်းကို မီးရှို့၍၊ မြင့်သောအရပ်၌ ယဇ်ပုရောဟိတ် လုပ်သောသူတို့ကို ထိုသူသည် သင့်အပေါ်မှာ ပူဇော်၍၊ လူသေအရိုးတို့ကို မီးရှို့လိမ့်မည်၊ ဟုမိန့်တော်မူကြောင်းကို ဆင့်ဆို၏။ ထိုနေ့ခြင်းတွင် ပုပ္ပနိမိတ်ကိုလည်း ပေး၍ ထာဝရဘုရား မိန့်တော်မူသော ပုပ္ပနိမိတ်ဟူမူကား၊ ယဇ်ပလ္လင်သည် ကွဲ၍ ပလ္လင်ပေါ်မှာ ရှိသော ပြာလည်း ယိုကျလိမ့်မည်၊ ဟုဟောလေ၏။


ယေရောဗောင်မင်းကြီး လက်ခြောက်သွား

ထိုသို့ ဘုရားသခင်၏ လူသည် ဗေသလမြို့ ယဇ်ပလ္လင်တဘက်၌ ကြွေးကြော်သော စကားကို ယေရောဗောင်မင်းကြီးသည် ကြားလျှင်၊ ယဇ်ပလ္လင်ပေါ်မှာ ရှိသော မိမိလက်ကိုဆန့်၍ ထိုသူကို ဖမ်းဆီးကြ၊ ဟုဆိုလျက်၊ ဆန့်သောလက်သည် သွေ့​ခြောက်၍ နောက်တဖန် မရုပ်နိုင်။ ဘုရားသခင်၏လူသည် ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း ပေးသော ပုပ္ပနိမိတ်နှင့်အညီ ယဇ်ပလ္လင်ကွဲ၍၊ ပြာသည်လည်း ပလ္လင်ပေါ်က ယိုကျလေ၏။ ရှင်ဘုရင်ကလည်း၊ ငါ့လက်၌ ရောက်သော ရောဂါကို ပျောက်စေမည်အကြောင်း၊ ငါ့အတွက် ပဌနာပြု၍ သင်၏ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ တောင်းပန်ပါလော့၊ ဟုဘုရားသခင်၏လူကို ပြောဆို၏။ ဘုရားသခင်၏လူသည် ထာဝရဘုရားကို တောင်းပန်သဖြင့်၊ ရှင်ဘုရင်လက်သည် ရောဂါပျောက်၍ ပကတိအတိုင်းဖြစ်လေ၏။ ရှင်ဘုရင်ကလည်း ငါ့နှင့်အတူလိုက်၍ အားဖြည့်လော့။ လက်ဆောင်ပေးမည်၊ ဟုဘုရားသခင်၏လူအား ဆိုလျှင်၊ ဘုရားသခင်၏လူက၊ နန်းတော်တဝက်ကို ပေးသော်လည်း သင်နှင့်အတူ ငါမလိုက်။ ဤအရပ်၌ မုန့်ကိုမစား၊ ရေကိုလည်း မသောက်ရ။ ထာဝရဘုရား၏ နှုတ်ကပတ်တော်က၊ မုန့်ကိုမစားနှင့်။ ရေကိုမသောက်နှင့်။ လာသောလမ်းဖြင့် မပြန်နှင့်၊ ဟုငါအား ပညတ်တော်မူပြီ၊ ဟုရှင်ဘုရင်အားပြောဆို၏။ ၁၀ ထိုနောက် ဗေသလမြို့သို့ လာသောလမ်းကို ရှောင်၍ အခြားသောလမ်းဖြင့် ပြန်သွား၏။


ဘုရားစကား နားမထောင်သော ပရောဖက်

၁၁ ထိုကာလ၌ ဗေသလမြို့တွင် အသက်ကြီးသော ပရောဖက် တယောက်ရှိ၏။ သူ၏သားတို့သည်လာ၍ ဘုရားသခင်၏ လူသည်ထိုနေ့၌ ဗေသလမြို့မှာ ပြုသော အမှုရှိသမျှနှင့် ရှင်ဘုရင်အား ပြောသောစကားများကို အဘအား ပြန်ကြားလျှင်၊ ၁၂ ယုဒပြည်မှလာသော ဘုရားသခင်၏ လူသည် အဘယ်လမ်းဖြင့် ပြန်သွားသည်ကို မြင်ကြသောကြောင့်၊ အဘကထိုသူသည် အဘယ်လမ်းဖြင့် ပြန်သွားသနည်း၊ ဟုမေးပြီးလျှင်၊ ၁၃ မြည်းကို ကုန်းနှီးတင်ကြလော့၊ ဟုဆိုသည်အတိုင်း၊ သားတို့သည် မြည်းကို ကုန်းနှီးတင်၍ အဘသည် စီးသွားလျက်၊ ၁၄ ဘုရားသခင်၏ လူကို လိုက်လေ၏။ သပိတ်ပင်အောက်မှာ ထိုင်လျက်ရှိသည်ကို တွေ့လျှင်၊ သင်သည် ယုဒပြည်မှလာသော ဘုရားသခင်၏လူ မှန်သလော၊ ဟုမေးသော် ငါမှန်သည်၊ ဟုပြန်ဆို၏။ ၁၅ ပရောဖက်ကလည်း၊ ငါနှင့်အတူ ငါ့အိမ်သို့လိုက်၍ မုန့်ကိုစားပါလော့၊ ဟုခေါ်ပင့်လျှင်၊ ၁၆ ငါသည် သင်နှင့်အတူ မလိုက်ရ၊ သင့်အိမ်သို့မဝင်ရ၊ ဤအရပ်၌ မုန့်ကိုမစား၊ ရေကိုလည်း မသောက်ရ။ ၁၇ ထာဝရဘုရားက၊ ထိုအရပ်၌ မုန့်ကိုမစားနှင့်။ ရေကိုမသောက်နှင့်။ လာသောလမ်းဖြင့် မပြန်နှင့်၊ ဟုငါအား မိန့်တော်ကြောင်းကို ပြောဆို၏။ ၁၈ ပရောဖက်ကလည်း၊ ငါသည် သင်ကဲ့သို့ ပရောဖက်ဖြစ်၏ သင်သည် မုန့်ကိုစား၍ ရေကို သောက်စေခြင်းငှါ သင့်ကို ငါ့အိမ်သို့ ခေါ်ရမည်အကြောင်း ကောင်းကင်တမန်သည် ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့် မှာထားပြီ၊ ဟုမုသာသုံး၍ ပြောဆို၏။ ၁၉ ထိုကြောင့် ဘုရားသခင်၏လူသည် ပရောဖက်နှင့်အတူ ပြန်လာ၍၊ သူ၏အိမ်မှာ မုန့်ကိုစား၏။ ရေကိုလည်း သောက်၏။ ၂၀ ထိုသူနှစ်ပါးတို့သည် စားပွဲနားမှာ ထိုင်စဉ်တွင်၊ ခေါ်ခဲ့သော ပရောဖက်သို့ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ရောက်၍၊ ၂၁ ယုဒပြည်မှလာသော ဘုရားသခင်၏လူအား၊ သင်သည် ထာဝရဘုရား၏ နှုတ်တော်ထွက်ကို နားမထောင်၊ သင်၏ ဘုရားသခင် ထာဝရဘုရား ထားတော်မူသော ပညတ်တော်ကိုမစောင့်၊ ၂၂ ဤမည်သောအရပ်၌ မုန့်ကိုမစားနှင့်။ ရေကိုမသောက်နှင့်၊ ဟုပညတ်တော်မူသော အရပ်သို့ပြန်လာ၍ မုန့်ကိုစားသောက်သောကြောင့်၊ သင်၏အလောင်းသည် ဘိုးဘေးတို့၏ သင်္ချိုင်းသို့မရောက်၊ ဟုထာဝရဘုရား မိန့်တော်မူကြောင်းကို အော်ဟစ်၍ ဆင့်ဆို၏။


စကားနားမထောင်သော ပရောဖက် ခြင်္သေ့ကိုက်၍သေ

၂၃ မုန့်နှင့်ရေကို စားသောက်ပြီးမှ၊ ထိုပရောဖက်သည် ပြန်လာသော ပရောဖက်အဘို့ မိမိမြည်းကို ကုန်းနှီးတင်၍ လွှတ်လိုက်လေ၏။ ၂၄ လမ်းမှာ ခြင်္သေ့တွေ့၍ သတ်၏။ အသေကောင်သည်လမ်း၌ လဲ၍၊ မြည်းနှင့် ခြင်္သေ့သည် အနားမှာရပ်နေ၏။ ၂၅ အသေကောင်သည် လမ်း၌လဲ၍၊ မြည်းနှင့် ခြင်္သေ့သည် အနားမှာ ရပ်နေသည်ကို ခရီးသွားသောသူတို့သည် မြင်လျှင်၊ အသက်ကြီးသော ပရောဖက်နေသော မြို့သို့လာ၍ သိတင်းပြောကြ၏။ ၂၆ ခေါ်ခဲ့သော ပရောဖက်သည် ထိုသိတင်းကိုကြားလျှင်၊ ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်သော ဘုရားသခင်၏လူ ဖြစ်လိမ့်မည်။ ထာဝရဘုရားသည် ထိုသူအား မိန့်တော်မူသော စကားအတိုင်း၊ သူ့ကိုခြင်္သေ့၌ အပ်တော်မူသဖြင့်၊ ခြင်္သေ့သည် ကိုက်သတ်လေပြီတကား၊ ဟုဆိုလျက်၊ ၂၇ မြည်းပေါ်မှာ ကုန်းနှီးကို တင်ကြလော့၊ ဟုသားတို့အား ဆိုသည်အတိုင်း သူတို့သည် ကုန်းနှီးတင်ကြ၏။ ၂၈ ပရောဖက်သွား၍ အသေကောင်သည် လမ်း၌ လဲလျက်၊ မြည်းနှင့်ခြင်္သေ့သည် အနားမှာ ရပ်နေလျက် ရှိသည်ကိုတွေ့၏။ ခြင်္သေ့သည် အသေကောင်ကိုမစား၊ မြည်းကိုလည်း မကိုက်။


ပရောဖက်အိုက သေသောပရောဖက်ကို သင်္ဂြိုလ်

၂၉ အသက်ကြီးသော ပရောဖက်သည်၊ ဘုရားသခင်၏လူ အလောင်းကောင်ကို မြည်းပေါ်သို့ချီ၍ တင်ပြီးလျှင် ငိုကြွေးမြည် တမ်းခြင်းကို ပြု၍၊ သင်္ဂြိုလ်ခြင်းငှါ မိမိမြို့သို့ ဆောင်သွား၏။ ၃၀ အလောင်းကောင်ကို မိမိသင်္ချိုင်းတွင်း၌ ထားလျက်၊ အိုငါ့ညီဟူ၍ ငိုကြွေးမြည်တမ်းခြင်းကို ပြု၏။ ၃၁ သင်္ဂြိုလ်ပြီးမှ သားတို့ကိုခေါ်၍၊ ငါသေသောအခါ ဘုရားသခင်၏ လူသင်္ချိုင်းတွင်း၌ သင်္ဂြိုလ်ကြလော့။ ငါ့အရိုးတို့ကို သူ့အရိုးအနားမှာ ထားကြလော့။ ၃၂ ဗေသလမြို့ ယဇ်ပလ္လင် တဘက်ရှမာရိမြို့ရွာတွင်၊ မြင့်သောအရပ်ပေါ်မှာ ဆောက်သော အိမ်များတဘက်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း ကြွေးကြော်သော စကားသည် စင်စစ်ပြည့်စုံလိမ့်မည်၊ ဟုမှာထားလေ၏။


ယေရောဗောင် အကျင့်မပြောင်း

၃၃ ထိုနောက်မှ ယေရောဗောင်သည် မိမိအဓမ္မလမ်းကို မရှောင်။ သာမညလူတို့ကို မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ်အရာ၌ ထပ်၍ခန့်ထား၏။ ယဇ်ပုရောဟိတ် လုပ်ချင်သော လူရှိသမျှကို ချီးမြှောက်သဖြင့်၊ သူတို့သည် မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ် ဖြစ်ကြ၏။ ၃၄ ထိုသို့ပြုသောကြောင့် ယေရောဗောင် အမျိုးကို မြေကြီးပြင်မှ သုတ်သင် ပယ်ရှားစေသော အပြစ်ရောက်သတည်း။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.