-
AA
+
🡀
|
🡂
၃ ဓမ္မရာဇဝင်
၁၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၃ ဓမ္မရာဇဝင်
အခန်းကြီး ၁၂


ဣသရေလ အမျိုးသားတို့ ရောဗောင်ထံတောင်းဆို

ဣသရေလ အမျိုးသား အပေါင်းတို့သည် ရောဗောင်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ၊ ရှေခင်မြို့သို့သွားကြ၍ သူသည်လည်း သွား၏။ ရှောလမုန်မင်းကြီးထံမှ အဲဂုတ္တုပြည်သို့ ပြေးသော နေဗတ်၏သား ယေရောဗောင်သည် ထိုသိတင်းကိုကြား၍ အဲဂုတ္တုပြည်မှ ပြန်လာ၏။ ဣသရေလ လူတို့သည် သူ့ထံသို့ လူကိုစေလွှတ်၍ ခေါ်သဖြင့်၊ စည်းဝေးသော ပရိသတ်အပေါင်းတို့သည် သူနှင့်အတူ ရောဗောင် ထံသို့ဝင်လျက်၊ ခမည်းတော်သည် ကျွန်တော်တို့၌ လေးသော ထမ်းပိုးကိုတင်ပါပြီ။ ခမည်းတော်ထံမှာ ပင်ပန်းစွာ ဆောင်ရွက်ရသောအမှု၊ တင်တော်မူသော ထမ်းပိုးလေးကို ပေါ့စေတော်မူပါ။ ထိုသို့ပြုတော်မူလျှင်၊ ​ကျွန်တော်တို့သည် အမှုတော်ကို ထမ်းပါမည်၊ ဟုလျှောက်ဆိုကြ၏။ ရောဗောင်ကလည်း၊ သင်တို့သွားကြဦးလော့။ သုံးရက်လွန်မှ တဖန်လာကြဦးလော့၊ ဟုမိန့်တော်မူလျှင်၊ သူတို့သည် သွားကြ၏။


အသက်ကြီးသူတို့ အကြံ ရောဗောင်ပယ်

ထိုအခါ ရောဗောင်မင်းကြီးသည် ခမည်းတော် ရှောလမုန် အသက်ရှင်စဉ်အခါ၊ အထံတော်၌ ခစားသော အသက်ကြီးသူတို့နှင့် တိုင်ပင်၍၊ ဤသူတို့အား ငါပြန်ပြောရမည်အကြောင်း၊ အဘယ်သို့ အကြံပေးကြမည်နည်း၊ ဟုမေးသော်၊ သူတို့က၊ ကိုယ်တော်သည် ယနေ့ဤသူတို့၏ ကျွန်ခံလျက်၊ သူတို့အမှုကိုစောင့်၍ ကောင်းသောစကားနှင့် ပြန်ပြောတော်မူလျှင်၊ သူတို့သည်အစဉ် ကိုယ်တော်၏ ကျွန်ခံကြပါလိမ့်မည်၊ ဟုလျှောက်ထားကြ၏။ အသက်ကြီးသူတို့ ပေးသောအကြံကို ရောဗောင်သည်မလိုက်။ ခစားမြဲခစားသော မိမိသူငယ်ချင်းတို့နှင့် တိုင်ပင်လျက်၊


ရောဗောင်ထံသူငယ်ချင်းများအကြံပေး

ပြည်သားတို့က၊ ခမည်းတော်တင်သော ထမ်းပိုးကို ပေါ့စေတော်မူပါ၊ ဟုလျှောက်ဆိုကြသည်ဖြစ်၍၊ သူတို့အား ငါပြန်ပြောရမည်အကြောင်း အဘယ်သို့ အကြံပေးကြမည်နည်း၊ ဟုမေးသော်၊ ၁၀ ထိုသူငယ်ချင်း လုလင်တို့က၊ ခမည်းတော်သည် ကျွန်တော်တို့၌ ထမ်းပိုးကို လေးစေပါပြီ။ ပေါ့စေတော်မူပါ၊ ဟုလျှောက်သော ပြည်သားတို့အား၊ ကိုယ်တော်က၊ ငါ့လက်သန်းသည် ငါ့ခမည်းတော် ခါးထက်သာ၍ ကြီးလိမ့်မည်။ ၁၁ ငါ့ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသော ထမ်းပိုးကို တင်လေပြီ။ ငါသည်လည်း ထပ်၍တင်ဦးမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦးမည်၊ ဟုပြန်ပြောတော်မူပါ၊ ဟုလျှောက်ထားကြ၏။


သူငယ်ချင်းများအကြံကို ရောဗောင်လက်ခံ

၁၂ ရှင်ဘုရင်က၊ သုံးရက် မြောက်သောနေ့၌ တဖန်လာကြဦးလော့၊ ဟုနေ့ရက်ကို ချိန်းချက်သည်အတိုင်း၊ သုံးရက်မြောက်သောနေ့၌ ယေရောဗောင်နှင့် လူအပေါင်းတို့သည် ရောဗောင်ထံသို့ ရောက်လာကြ၏။ ၁၃ ရှင်ဘုရင်သည် အသက်ကြီးသူတို့ ပေးသောအကြံကို မလိုက်။ လူပျိုတို့ပေးသော အကြံကို လိုက်လျက်၊ ၁၄ ငါ့ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသောထမ်းပိုးကို တင်လေပြီ။ ငါသည်လည်း ထပ်၍တင်ဦးမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ။ ငါသည်လည်း ကင်းမြီး ကောက်နှင့် ရိုက်ဦးမည်၊ ဟုကြမ်းတမ်းစွာ ပြန်ပြောတော်မူ၏။


ဣသရေလလူတို့သည် ရောဗောင်ကိုစွန့်ကြ

၁၅ ရှင်ဘုရင်သည် ပြည်သားတို့၏ စကားကို နားမထောင်ရသည် အကြောင်းကား၊ ထာဝရဘုရားသည် ရှိလောသား အဟိယအားဖြင့် နေဗတ်၏သား ယေရောဗောင်အား မိန့်တော်မူသော စကားကို ပြည့်စုံတော်မူမည် အကြောင်းတည်း။ ၁၆ ဣသရေလ အမျိုးသား အပေါင်းတို့သည် ရှင်ဘုရင် နားမထောင်ကြောင်းကို သိမြင်လျှင်၊ ငါတို့သည် ဒါဝိဒ်နှင့် အဘယ်သို့ ဆက်ဆံသနည်း။ ယေရှဲ ၏သားနှင့် အဘယ်သို့ အမွေခံရသေးသနည်း။ အိုဣသရေလအမျိုး၊ သင်တို့နေရာသို့ သွားကြ။ အိုဒါဝိဒ်၊ သင်၏အိမ်ကို ကြည့်ရှုလော့၊ ဟုရှင်ဘုရင်အား ပြန်ပြောလျက်၊ ဣသရေလလူတို့သည် မိမိတို့နေရာသို့ ပြန်သွားကြ၏။ ၁၇ သို့ရာတွင် ယုဒမြို့ရွာတို့၌ နေသော ဣသရေလလူတို့ကို ရောဗောင်သည် အုပ်စိုးရသေး၏။


ယေရောဗောင်ကို ဣသရေလရှင်ဘုရင် ချီးမြှောက်ကြ

၁၈ ထိုအခါ ရောဗောင်မင်းကြီးသည် အခွန်တော်ဝန် အဒေါနိရံကို စေလွှတ်၍၊ ဣသရေလ လူအပေါင်းတို့သည် သူ့ကိုသေအောင် ကျောက်ခဲနှင့် ပစ်ကြ၏။ ၁၉ ရောဗောင်မင်းကြီးသည် ရထားတော်ကို အလျှင်အမြန်တက်၍၊ ယေရုရှလင်မြို့သို့ ပြေးလေ၏။ ထိုသို့ ဣသရေလ အမျိုးသည် ယနေ့တိုင်အောင် ဒါဝိဒ်မင်းမျိုးကို ပုန်ကန်ကြ၏။ ၂၀ ယေရောဗောင် ပြန်လာကြောင်းကို ဣသရေလ အမျိုးသား အပေါင်းတို့သည် ကြားသောအခါ၊ လူကိုစေလွှတ်၍၊ ယေရောဗောင်ကို စည်းဝေးရာ ပရိသတ်ထံသို့ခေါ်ပြီးလျှင်၊ ဣသရေလ အမျိုးကို အုပ်စိုးသော ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ယုဒအမျိုးမှ တပါးအဘယ်အမျိုးမျှ ဒါဝိဒ်မင်းမျိုးသို့ မဆည်းကပ်။


ရောဗောင်သည် ဣသရေလကို စစ်တိုက်ဘို့ပြင်

၂၁ ရောဗောင်သည် ယေရုရှလင်မြို့သို့ ရောက်သောအခါ၊ ဣသရေလ အမျိုးကို စစ်တိုက်၍ နိုင်ငံတော်ကို ရှောလမုန်သား ရောဗောင်လက်သို့ ရောက်ပြန်စေခြင်းငှါ၊ ဗင်္ယာမိန်အမျိုးနှင့်တကွ ယုဒအမျိုးသား အပေါင်းတို့နှင့် ရွေးချယ်သော စစ်သူရဲ တသိန်းရှစ်သောင်းတို့ကို စုဝေးစေ၏။ ၂၂ သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဘုရားသခင်၏ လူရှေမာယသို့ရောက်၍၊ ၂၃ သင်သည် ရှောလမုန်သား၊ ယုဒရှင်ဘုရင် ရောဗောင်နှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးသားများ၊ ကျန်ကြွင်းသော သူများတို့အား ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ၂၄ သင်တို့ညီအစ်ကို ဖြစ်သော ဣသရေလ အမျိုးသားတို့ကို စစ်တိုက်ခြင်းငှါ ချီ၍မသွားကြနှင့်။ လူအပေါင်းတို့၊ ကိုယ်နေရာသို့ ပြန်သွားကြလော့။ ဤအမှုသည် ငါအခွင့်ပေးသောကြောင့် ဖြစ်၏၊ ဟုမိန့်တော်မူသော ထာဝရဘုရား၏ စကားတော်ကို နားထောင်၍ စကားတော်အတိုင်း ပြန်သွားကြ၏။ ၂၅ ထိုနောက် ယေရောဗောင်သည် ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ကိုတည်၍ နေရာချ၏။ ထိုမြို့မှသွား၍ ပေနွေလမြို့ကိုလည်း တည်၏။


ယေရောဗောင်စိုးရိမ်၍ ရွှေရုပ်တုလုပ်
CROSS REFERENCES






၂၆ ယေရောဗောင်က၊ ဤနိုင်ငံသည် ဒါဝိဒ်မင်းမျိုးလက်သို့ ပြန်ကောင်းပြန်လိမ့်မည်။ ၂၇ ပြည်သားတို့သည် ထာဝရဘုရား၏ ဗိမာန်တော်၌ ယဇ်ပူဇော်ခြင်းငှါ ယေရုရှလင်မြို့သို့ သွားလျှင်၊ သူတို့စိတ်နှလုံးသည် မိမိတို့ သခင် ယုဒရှင်ဘုရင် ရောဗောင် ဘက်သို့ပြောင်းလဲ၍၊ ငါ့ကိုသတ်ပြီးမှ ယုဒရှင်ဘုရင် ရောဗောင်ဘက်သို့ တဖန် ဝင်စားကြလိမ့်မည်၊ ဟုအောက်မေ့သောကြောင့်၊ ၂၈ သူတပါးနှင့် တိုင်ပင်၍ ရွှေနွားသငယ်နှစ်ကောင်ကို လုပ်ပြီးလျှင်၊ [A]သင်တို့သည် ယေရုရှလင်မြို့သို့ သွားရသောအမှု ခက်လှ၏။ အိုဣသရေလအမျိုး၊ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော ဘုရားတို့ကို ကြည့်ရှုကြလော့၊ ဟုဆိုလျက်၊ ၂၉ ဗေသလမြို့၌ တကောင်၊ ဒန်မြို့၌ တကောင်ကိုထားသဖြင့်၊ ၃၀ ပြစ်မှားစရာအကြောင်းကို ပြုလေ၏။ ပြည်သားတို့သည် နွားသငယ်ကို ကိုးကွယ်ခြင်းငှါ၊ ဒန်မြို့တိုင်အောင် သွားတတ်ကြ၏။


ယေရောဗောင် ဝတ်ပြုခြင်းဆိုင်ရာ ပညတ်များချိုးဖေါက်

၃၁ ယေရောဗောင်သည်လည်း၊ မြင့်သောအရပ်ပေါ်မှာ အိမ်ကိုဆောက်၍၊ လေဝိသား မဟုတ်သော သာမညလူတို့ကို ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလေ၏။ [B] ၃၂ ယုဒပြည်၌ ခံသောပွဲကဲ့သို့ အဋ္ဌမလ၊ တဆယ်ငါးရက်နေ့တွင် ပွဲကိုစီရင်၍၊ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်၏။ ထိုသို့ဗေသလမြို့၌ စီရင်၍၊ မိမိလုပ်သော နွားသငယ်တို့အား ယဇ်ပူဇော်၏။ မြင့်သောအရပ်၌ ခန့်ထားသော ယဇ်ပုရောဟိတ်တို့ကိုလည်း ဗေသလမြို့မှာ နေရာချ၏။ ၃၃ ထိုသို့ ကိုယ်အလိုအလျောက် ချိန်းချက်သော အဋ္ဌမလ တဆယ်ငါးရက်နေ့တွင် ဗေသလမြို့၌ မိမိလုပ်သော ယဇ်ပလ္လင်ပေါ်မှာ ပူဇော်၏။ ဣသရေလ အမျိုးသားတို့အား ပွဲကိုလည်းစီရင်၏။ ယဇ်ပလ္လင်ပေါ်မှာ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့၏။




S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.