-
AA
+
🡀
|
🡂
ဒံယေလ အနာဂတ္တိ
၁၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး
၁၀
၁၁
၁၂





ဒံယေလ အနာဂတ္တိ
အခန်းကြီး ၁၀


ဒံယေလ နှစ်ဆယ့်တရက် အစာရှောင်ဆုတောင်း

ပေရသိ ရှင်ဘုရင် ကုရုနန်းစံသုံးနှစ်တွင်၊ ဗေလတရှာဇာ အမည်ဖြင့် သမုတ်သော ဒံယေလသည် ဗျာဒိတ်တော်ကိုခံရ၏။ ထိုဗျာဒိတ်တော်စကား မှန်ပေ၏။ ကြီးစွာသော စစ်တိုက်ခြင်းနှင့် ဆိုင်ပေ၏။ သူသည် ထိုစကားကို နားလည်၏။ မြင်ရသော ရူပါရုံ သဘောကိုလည်း ရိပ်မိ၏။ ထိုကာလ၌ ငါဒံယေလသည် အရက်နှစ်ဆယ်တရက် တိုင်တိုင် ခြိုးခြံစွာ ကျင့်လျက်နေ၏။ အရက် နှစ်ဆယ်တရက် မစေ့မှီ မြိန်သောမုန့်ကို မစား။ အမဲသားနှင့် စပျစ်ရည်ကို မမြည်း။ ဆီလိမ်းခြင်းကိုလည်း အလျှင်းမပြု။


ဒံယေလလူတဦးကိုမြင်၍ အလွန်ကြောက်ရွံ့

ပဌမလ နှစ်ဆယ်လေးရက်နေ့၌ ငါသည် ဟိဒကေလ မြစ်ကြီးအနားမှာရှိစဉ်၊ မျှော်ကြည့်၍၊ ပိတ်ချောနှင့် ဥဖတ်ရွှေစင်ခါးပန်းကို ဝတ်စည်းလျက် ရှိသော လူတဦးကိုမြင်၏။ သူ၏ကိုယ်သည် ကျောက်မျက်ရွဲကဲ့သို့ဖြစ်၏။ သူ့မျက်နှာသည်လည်း လျှပ်စစ်ကဲ့သို့ထင်၏။ သူ့မျက်စိသည်လည်း မီးခွက်ကဲ့သို့ဖြစ်၏။ သူ့လက်​ခြေတို့သည် ဦးသစ်သော​ကြေးဝါ အရောင်အဆင်းရှိ၏။ သူ့စကားသံသည် များစွာသော လူစုအသံနှင့်တူ၏။ ထိုဗျာဒိတ်ရူပါရုံကို ငါဒံယေလ တယောက်တည်း မြင်ရ၏။ ငါနှင့်အတူ ပါလာသောလူတို့သည် မမြင်ရကြ။ သူတို့သည် အလွန်ကြောက်ရွံ့ တုန်လှုပ်ခြင်းသို့ ရောက်သဖြင့်၊ ပုန်းရှောင်၍ နေခြင်းငှါ ပြေးကြ၏။ ငါမူကား၊ တယောက်တည်း နေရစ်၍ ထိုကြီးစွာသော ရူပါရုံကို မြင်ရလျှင်၊ ခွန်အားလျော့၍ မျက်နှာပျက်လျက်၊ ကိုယ်၌ အစွမ်းသတ္တိ အလျှင်းမရှိ ဖြစ်လေ၏။ သို့ရာတွင်၊ ထိုသူ၏ စကားသံကို ငါကြား၏။ ကြားသောအခါ၊ မြေပေါ်မှာ ပြပ်ဝပ်၍ မိန်းမောတွေဝေလျက် နေ၏။ ၁၀ ထိုအခါ လက်တဘက်သည် ငါ့ကိုကြွ၍၊ ငါသည် ဒူးနှင့် လက်ဝါးဖြင့် ထောက်လျက် နေရ၏။ ၁၁ သူကလည်း၊ အလွန်ချစ်အပ်သောသူ၊ ဒံယေလ၊ ငါ့စကားကို နားလည်အံ့သောငှါ မတ်တပ်နေလော့။ သင်ရှိရာသို့ ငါ့ကို စေလွှတ်တော်မူ၍၊ ယခုငါလာပြီ၊ ဟုဆိုလျှင်၊ ငါသည် တုန်လှုပ်လျက် မတ်တပ်နေ၏။


ဒံပေရသိနိုင်ငံကို အစိုးရသော မင်းက နှစ်ဆယ်တရက်ဆီးတား
CROSS REFERENCES






၁၂ ထိုအခါသူကလည်း၊ အချင်းဒံယေလ၊ မကြောက်နှင့်။ သင်သည် နားလည်ခြင်းငှါ၎င်း၊ သင်၏ ဘုရားရှေ့မှာ ကိုယ်ကိုကိုယ် ဆုံးမခြင်းငှါ၎င်း၊ စိတ်ပြဌာန်းသော ပဌမနေ့မှစ၍ သင်၏စကားကို ကြားတော်မူပြီ။ ထိုစကားကြောင့်လည်း ငါရောက်လာတော်မူ၏။ ၁၃ ပေရသိနိုင်ငံကို အစိုးရသော မင်းမူကား၊ အရက်နှစ်ဆယ်တရက် ပတ်လုံး ငါ့ကိုဆီးတား၏။ နောက်တခါ အမြတ်ဆုံးသော မင်းစုထဲက၊ မိက္ခေလ [A] သည် ငါ့ကို အကူလာ၍၊ ငါသည်လည်း ထိုအရပ်၌ ပေရသိမင်းကြီးတို့ထံမှာ စိုင်းလင့်၍ နေရ၏။ ၁၄ ယခုမူကား၊ နောင်ကာလတွင် သင်၏ အမျိုးသားချင်းတို့၌ ဖြစ်လတံ့သော အမှုအရာတို့ကို သင်သည် နားလည်စေခြင်းငှါ ငါရောက်လာပြီ။ ဤဗျာဒိတ်ရူပါရုံသည် တာရှည်သော ကာလနှင့် ဆိုင်ပေ၏၊ ဟုငါ့အားပြောဆို၏။


ယေလကိုအားပေး

၁၅ ထိုသို့ပြောဆိုပြီးမှ၊ ငါသည် ဦးညွတ်ပြဝပ်၍ စကားမပြောနိုင်ဘဲ နေ၏။ ၁၆ ထိုအခါ လူသား၏ သဏ္ဍာန်ရှိသော သူတဦးသည် ငါ့နှုတ်ကို လက်နှင့်တို့လျှင်၊ ငါသည် နှုတ်ကိုဖွင့်၍ ပြောသောအခွင့်ကို ရပြီးလျှင်၊ အ​ကျွန်ုပ်၏သခင်၊ ဗျာဒိတ်ရူပါရုံကြောင့် အ​ကျွန်ုပ်သည် ပြင်းစွာသော ဝေဒနာကိုခံရ၍၊ ကိုယ်၌ ခွန်အားအလျှင်း မရှိပါ။ ၁၇ ကိုယ်တော်ကျွန်သည် ကိုယ်တော်အရှင်နှင့် အဘယ်သို့ စကားပြောနိုင်ပါအံ့နည်း။ ယခုပင် အ​ကျွန်ုပ်ကိုယ်၌ ခွန်အားအလျှင်းမရှိပါ။ အ​ကျွန်ုပ်အသက်လည်း ကုန်ပါပြီ၊ ဟုငါ့ရှေ့မှာ ရပ်နေသောသူအား ငါလျှောက်၏။ ၁၈ နောက်တဖန် လူသဏ္ဍာန် ရှိသောသူသည် လာ၍၊ ငါ့ကိုလက်နှင့်တို့လျက် အားပေးပြီးလျှင်၊ ၁၉ အလွန်ချစ်အပ်သောသူ၊ မကြောက်နှင့်။ ငြိမ်သက်ခြင်းရှိပါစေ။ အားရှိလော့။ ခွန်အားနှင့် ပြည့်စုံလော့၊ ဟုဆိုပြီ။ ထိုသို့ဆိုပြီးမှ ခွန်အားကို ငါရ၍၊ အ​ကျွန်ုပ်၏သခင်၊ မိန့်တော်မူပါ။ အ​ကျွန်ုပ်ကို ခွန်အား ပေးတော်မူပြီ၊ ဟုလျှောက်၏။ ၂၀ ထိုသူကလည်း၊ ငါသည် သင်ရှိရာသို့ လာရသောအကြောင်းကို နားလည်သလော။ ပေရသိမင်းကို စစ်တိုက်အံ့သောငှါ ယခု ငါပြန်သွားရမည်။ ငါသွားပြီးသည်နောက်၊ တဖန် ဟေလသမင်းသည် ပေါ်လာလိမ့်မည်။ ၂၁ သို့ရာတွင်၊ သမ္မာကျမ်းစာ၌ မှတ်သားသော အမှုအရာကို ငါပြဦးမည်။ ဤအမှုတို့ကို သင်တို့၏မင်း မိက္ခေလမှတပါး ငါ့ဘက်မှာ နေသောသူမရှိ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.