-
AA
+
🡀
|
🡂
ဒံယေလ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး
၁၀
၁၁
၁၂





ဒံယေလ အနာဂတ္တိ
အခန်းကြီး ၉


ဒံယေလ အစာရှောင်ဆုတောင်း
CROSS REFERENCES





CROSS REFERENCES






ယေရုရှလင်မြို့ ပျက်စီး၍၊ အနှစ်ခုနစ်ဆယ် လွန်စေမည်၊ ဟု ထာဝရဘုရား၏ ဗျာဒိတ်တော်ကို ပရောဖက် ယေရမိခံဘူးသည်ဖြစ်၍၊ [A] ခါလဒဲနိုင်ငံကို အစိုးရသော မေဒိအမျိုး၊ အာရွှေရုသား ဒါရိနန်းစံ ပဌမနှစ်တွင်၊ ငါဒံယေလသည် ထိုနှစ်ပေါင်းအရေအတွက်ကို ကျမ်းစာအားဖြင့် သိရသောကြောင့်၊ အစာကို ရှောင်လျက်၊ လျှော်တေအဝတ်ကို ဝတ်လျက်၊ ပြာနှင့်လူးလျက်၊ အရှင်ဘုရားသခင့် ထံတော်သို့ ချဉ်းကပ်၍ ဆုတောင်းပဌနာပြု၏။ ထိုသို့အပြစ်ကို ဖေါ်ပြတောင်းပန်၍ ငါကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား ထံငါပြုသော ပဌနာဟူမူကား၊ ကိုယ်တော်ကိုချစ်၍ ပညာတော်တို့ကို စောင့်သောသူတို့အား သစ္စာမပျက်၊ ကရုဏာတရားကို စောင့်တော်မူထသော၊ အလွန်ကြီးမြတ်၍ ကြောက်ရွံ့ဘွယ် [B]ဖြစ်တော်မူသော အရှင်ဘုရားသခင်၊ အ​ကျွန်ုပ်တို့သည် ပြစ်မှားပါပြီ။ ဒုစရိုက်ကို ပြုမိပါပြီ။ မတရားသဖြင့် ကျင့်မိပါပြီ။ ပုန်ကန်မိပါပြီ။ စီရင်ထုံးဖွဲ့တော်မူသော တရားလမ်းမှ လွှဲမိပါပြီ။ အ​ကျွန်ုပ်တို့၏ ရှင်ဘုရင်၊ မင်းသား၊ အသက်ကြီးသူ မှစ၍၊ ပြည်သူပြည်သား အပေါင်းတို့အား၊ ကိုယ်တော်၏ အခွင့်နှင့် ဟောပြောသော၊ ကိုယ်တော်၏ကျွန် ပရောဖက်တို့၏ စကားများကို၊ အ​ကျွန်ုပ်တို့သည် နားမထောင်ဘဲ နေကြပါပြီ။


ဒံယေလ သူ့လူများ၏အပြစ်ကို ဝန်ချတောင်းပန်
CROSS REFERENCES






အိုဘုရားရှင်၊ ကိုယ်တော်သည် တရားနှင့် ဆိုင်တော်မူ၏။ ကိုယ်တော်ကို ပြစ်မှားသော အပြစ်ကြောင့် နှင်ထုတ်တော်မူ၍၊ နီးသောပြည်၊ ဝေးသောပြည်၊ အရပ်ရပ်တို့၌ နေရသော ယုဒပြည်သူ၊ ယေရုရှလင်မြို့သားမှစ၍၊ ဣသရေလလူ အပေါင်းတည်းဟူသော၊ အ​ကျွန်ုပ်တို့သည် ယနေ့၌ ရှိသည်အတိုင်း၊ မျက်နှာပျက်ခြင်းနှင့် ဆိုင်ကြပါ၏။ အိုဘုရားရှင်၊ ကိုယ်တော်ကို ပြစ်မှားသောကြောင့်၊ အ​ကျွန်ုပ်တို့၏ ရှင်ဘုရင်၊ မင်းသား၊ အသက်ကြီးသူ မှစ၍၊ အကျွန်ုပ်တို့သည် မျက်နှာပျက်ခြင်းနှင့် ဆိုင်ကြပါ၏။ အ​ကျွန်ုပ်တို့သည် ကိုယ်တော်ကို ပုန်ကန်သော်လည်း၊ အ​ကျွန်ုပ်တို့ အရှင်ဘုရားသခင်သည် ကရုဏာကိုပြခြင်း၊ အပြစ်ကို ​ဖြေရှင်းခြင်းအခွင့်နှင့် ဆိုင်တော်မူ၏။ ၁၀ အ​ကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ကျွန်တော်ရင်း၊ ပရောဖက်တို့ဖြင့် အ​ကျွန်ုပ်တို့၌၊ ထားတော်မူသော ပညတ်တရားတော်လမ်းသို့ လိုက်ခြင်းငှါ၊ ဗျာဒိတ်တော်အသံကို အ​ကျွန်ုပ်တို့သည် နားမထောင်ဘဲ နေကြပါပြီ။ ၁၁ အကယ်စင်စစ်၊ ဣသရေလ အမျိုးသား အပေါင်းတို့သည် ဗျာဒိတ်တော်အသံကို နားမထောင်၊ လွှဲသွား၍ ပညတ်တရားတော်ကို လွန်ကျူးကြပါပြီ။ သို့ဖြစ်၍၊ ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့်၊ ကျိန်ဆိုတော်မူခြင်း တည်းဟူသော ဘုရားသခင်၏ ကျွန်မောရှေ၏ ပညတ္တိကျမ်း၌ မှတ်သားသော အကျိန်ကို၊ အ​ကျွန်ုပ်တို့အပေါ်သို့ သွန်းလောင်းတော်မူ၏။ ၁၂ အ​ကျွန်ုပ်တို့တဘက်၊ အ​ကျွန်ုပ်တို့ကို အုပ်သော တရားသူကြီးတို့တဘက်၌၊ မိန့်တော်မူသော စကားတော်ကို တည်စေ၍၊ အ​ကျွန်ုပ်တို့အပေါ်မှာ ကြီးစွာသော ဘေးဥပဒ်ကို ရောက်စေတော်မူပြီ။ အကြောင်းမူကား၊ ယေရုရှလင်မြို့၌ ဘေးရောက်သကဲ့သို့၊ ကောင်းကင်အောက်တွင် အဘယ်အရပ်၌မျှ မရောက်စဖူးပါ။ ၁၃ မောရှေ၏ ပညတ္တိကျမ်းစာ၌ မှတ်သားသည်အတိုင်း၊ ဤဘေးဥပဒ်ရှိသမျှသည် အ​ကျွန်ုပ်တို့အပေါ်မှာ ရောက်ပါပြီ။ အ​ကျွန်ုပ်တို့သည် ဒုစရိုက်များကို ရှောင်၍ သမ္မာတရား [C]တော်ကို နားလည်ခြင်းအလိုငှါ၊ အ​ကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရား ထံတော်၌ မတောင်းပန်ဘဲ နေကြပါပြီတကား။ ၁၄ ထို့ကြောင့် ထာဝရဘုရားသည် ဘေး ဥပဒ်ကိုစောင့်၍ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ပြုတော်မူသမျှတို့၌ ဖြောင့်မတ်တော်မူ၏။ အကျွန်ုပ်တို့သည် ဗျာဒိတ်တော်အသံကို နားမထောင်ဘဲ နေကြပါပြီတကား။ ၁၅ တန်ခိုးကြီးသော လက်တော်ဖြင့် ကိုယ်တော်၏လူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်၍၊ ယနေ့၌ ရှိသည်အတိုင်း၊ အသရေတော်ကို ထင်ရှားစေတော်မူသော အ​ကျွန်ုပ်တို့၏အရှင် ဘုရားသခင်၊ အကျွန်ုပ်တို့သည် ပြစ်မှားမိပါပြီ။ မတရားသဖြင့် ပြုမိပါပြီ။


အမျက်တော်လွှဲ၍ အပြစ်လွှတ်ဘို့တောင်းပန်

၁၆ အိုဘုရားရှင်၊ ​ဖြောင့်မတ်တော်မူခြင်း တရားတော်ရှိသမျှတို့နှင့်အညီ၊ သန့်ရှင်းသောတောင် တော်တည်းဟူသော ကိုယ် တော်၏ ယေရုရှလင်မြို့မှ ပြင်းစွာသော ဒေါသအမျက်တော်ကို လွှဲတော်မူပါ၊ ဟုအ​ကျွန်ုပ်တောင်းပန်ပါ၏။ အကြောင်းမူကား၊ အ​ကျွန်ုပ်တို့ အပြစ်များမှစ၍၊ ဘိုးဘေးတို့၏ အပြစ်များကြောင့်၊ ယေရုရှလင်မြို့နှင့် ကိုယ်တော်၏ လူစုသည်၊ ပတ်ဝန်းကျင်၌ ရှိသောသူတို့တွင် ကဲ့ရဲ့စရာအကြောင်း ဖြစ်ပါ၏။ ၁၇ ယခုမူကား၊ အ​ကျွန်ုပ်တို့ ဘုရားသခင်၊ ကိုယ်တော်၏ကျွန် ပြုသော ပဌနာစကားကို နားထောင်တော်မူပါ။ ဆိတ်ညံလျက်ရှိသော သန့်ရှင်းရာ ဌာနတော်ကို ဘုရားရှင်၏ အကျိုးတော်ကြောင့်၊ မျက်နှာတော်ရောင် ခြည်ကို ထွန်းလင်းစေတော်မူပါ။ ၁၈ အ​ကျွန်ုပ်၏ ဘုရားသခင် နားတော်ကိုလှည့်၍ နားထောင်တော်မူပါ။ မျက်စိတော်ကိုဖွင့်၍ အ​ကျွန်ုပ်တို့ ပျက်စီးရာများကို၎င်း၊ နာမတော်ဖြင့် သမုတ်သောမြို့ကို၎င်း၊ ကြည့်ရှုတော်မူပါ။ အ​ကျွန်ုပ်တို့သည် ကိုယ်ကုသိုလ်ကို အမှီမပြု၊ မဟာကရုဏာတော်ကိုသာ အမှီပြု၍ ပဌနာစကားကို ရှေ့တော်၌ ဆက်ကပ်ပါ၏။ ၁၉ အိုဘုရားရှင်၊ နားထောင်တော်မူပါ။ အိုဘုရားရှင်၊ အပြစ်ကို လွှတ်တော်မူပါ။ အိုဘုရားရှင်၊ နားထောင်၍ ပြုတော်မူပါ။ အ​ကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်အတွက် ဖင့်နွဲ့တော်မမူပါနှင့်။ ကိုယ်တော်၏မြို့၊ ကိုယ်တော်၏ လူစုတို့သည် နာမတော်ဖြင့် သမုတ်ခြင်း ရှိပါသည်၊ ဟုဆုတောင်းပဌနပြု၏။


ဆုတောင်းအပြီးတွင် ဒံယေလထံ ဂါဗြေလရောက်
CROSS REFERENCES






၂၀ ထိုသို့ ဆုတောင်း ပဌနာပြု၍၊ ကိုယ်အပြစ်ကို၎င်း၊ အမျိုးသားချင်း ဣသရေလတို့၏ အပြစ်ကို၎င်း၊ ဖေါ်ပြတောင်းပန်၍၊ ငါကိုးကွယ်သော ဘုရားသခင်၏ သန့်ရှင်းသော တောင်တော်အဘို့ ငါပြုသော ပဌနာစကားကို၊ ငါ၏ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ဆက်ကပ်လျက်နေ၍၊ ၂၁ ဆုတောင်းသော အမှုမပြီးမှီ မြွက်ဆိုစဉ်၊ ယခင်ဗျာဒိတ်ရူပါရုံ၌ ထင်ရှားသောသူ၊ ဂါ​ဗြေလ [D]သည် လျှန်မြန်စွာ ပျံ၍လာသဖြင့်၊ ညဦးယံ ပူဇော်ချိန်၌ ငါရှိရာသို့ ရောက်၍၊ ၂၂ နှုတ်ဆက်လျက်၊ အချင်းဒံယေလ၊ ငါသည်သင်၌ ဥာဏ်ပညာ တိုးပွားစေမည်အကြောင်း ထွက်လာပြီ။ ၂၃ သင်သည် ဆုတောင်းစ ပြုသောအခါ အမိန့်တော်ရှိသည် ဖြစ်၍၊ သင့်အား ကြားပြောခြင်းငှါ၊ ငါရောက်လာပြီ။ သင်သည် အလွန်ချစ်အပ်သောသူ ဖြစ်၏။ ထိုကြောင့်၊ ဗျာဒိတ်တော် အချက်ကိုဆင်ခြင်၍ နားလည်ရသော အခွင့်ရှိ၏။


ဒံယေလထံ သိတင်းခုနစ်ဆယ် ရာထား (a)

၂၄ လွန်ကျူးခြင်းအမှုကို ဆီးတား၍၊ အပြစ်ကို တံဆိပ်ခတ်စေခြင်းငှါ၎င်း၊ ဒုစရိုက်အပြစ်ကိုဖြေရှင်း၍ ထာဝရကုသိုလ်ကို သွင်းစေခြင်းငှါ၎င်း၊ ဗျာဒိတ်ရူပါရုံနှင့် အနာဂတ္တိ ဗျာဒိတ်တော်တို့ကို တံဆိပ်ခတ်၍၊ အလွန်သန့်ရှင်းသော အရပ်ဌာနကို လိမ်းစေခြင်းငှါ၎င်း၊ သိတင်းခုနစ်ဆယ်ကို သင်၏ အမျိုးသားချင်းအဘို့နှင့် သင်၏သန့်ရှင်းသော မြို့အဘို့ ဆုံးဖြတ်ခြင်းရှိ၏။ ၂၅ ထိုကြောင့်၊ ယေရုရှလင်မြို့ တဖန် တည်ထောင်ပြုစုစေခြင်းငှါ၊ အမိန့်တော်ရှိသည် နေ့မှစ၍၊ ခရစ်တော်သခင်၏ လက်ထက်တိုင်အောင်၊ ခုနစ်သိတင်းနှင့် ခြောက်ဆယ်နှစ် သိတင်းကြာလိမ့်မည်၊ ဟုသိမှတ်နားလည်လော့။ အနှောင့်အရှက်ခံရသော ကာလ၌ မြို့လမ်းကို တဖန် တည်ထောင်ပြုစုရမည်၊ ဟုစီရင်ဆုံးဖြတ်ခြင်းရှိ၏။ ၂၆ ထိုသိတင်း​ခြောက်ဆယ်နှစ်သိတင်းလွန်ပြီးမှ ခရစ်တော်သည် အခွင့်မရဘဲ အသေသတ်ခြင်းကို ခံရလိမ့်မည်။ ထိုနောက်မှလာသော သခင်၏လူတို့သည် မြို့တော်ကို၎င်း၊ သန့်ရှင်းရာဌာနကို၎င်း ဖြိုဖျက်ကြ လိမ့်မည်။ ရေလွှမ်းမိုးသောအားဖြင့် ဆုံးရှုံးခြင်း အားဖြစ်လိမ့်မည်။ အဆုံးတိုင်အောင် စစ်တိုက်ခြင်း ပျက်စီးရာနှင့်ဆိုင်သော စီရင်ဆုံးဖြတ်ခြင်း ရှိလိမ့်မည်။


ဒံယေလတသိတင်း
CROSS REFERENCES






၂၇ တသိတင်းတွင် လူအများတို့နှင့် ပဋိညာဉ်ဖွဲ့ခြင်းရှိ၍၊ ထိုသိတင်းတဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။ ရွံရှာဘွယ်သောအရာ၏ အထွဋ်ပေါ်သို့ ဖျက်ဆီးသောသူသည် ရောက်၍၊ [E] စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းသည်၊ ပျက်စီးအပ်သောသူတို့ကို မလွှမ်းမိုးမှီတိုင်အောင် ထိုသို့ ဖြစ်လိမ့်မည်၊ ဟုကြားပြော၏။



_________________________
Footnotes


၂၄ (a) အခန်းငယ် ၂၄ ကိုမြန်မာလို အဓိပ္ပါယ် နားလည်ဘို့ခက်သည်။ အင်္ဂလိပ်လိုယှဉ်တွဲမှ နားလည်လွယ်သည်။


အထက်ပါကျမ်းပိုဒ်သည် ခရစ်တော် ဒုတိယအကြိမ်ကြွလာသောအခါ ပြည့်စုံမည့်အချက်များဖြစ်သည်။ ခရစ်တော်ကြွလာသောအခါ

၁။လွန်ကျူးခြင်းအမှုကို ဆီးတား၍ to finish the wrong doing-အနှစ်တထောင်ကာလတွင် အပြစ်ဒုစရိုက်လုပ်ကြတော့မည် မဟုတ်ချေ။

၂။အပြစ်ကိုတံဆိပ်ခတ်ခြင်းငှါ၎င်း to make an end of sin-တံဆိပ်ခတ်သောအရာသည် အပြင်မထွက်တော့ချေ။ အနှစ်တထောင်ကာလတွင် အပြစ်ရှိ တော့မည်မဟုတ်။

၃။ဒုစရိုက်အပြစ်ကိုဖြေရှင်း၍ to make atonement for guilt-ခရစ်တော်ကြွလာသောအခါ ကမ္ဘာပေါ်ရှိ လူသားများ၏ အပြစ်အားလုံးကို လွှတ်မည်။

၄။ထာ၀ရကုသိုလ်သွင်းခြင်းငှါ၎င်း to bring in everlasting righteousness-အနှစ်တထောင်ကာလမှာ လူတိုင်း ဖြောင့်မတ်ခြင်းပေးမည်။

၅။ဗျာဒိတ်ရူပါရုံနှင့် အနာဂတ္တိ ဗျာဒိတ်တော်တို့ကို တံဆိပ်ခတ်၍ to seal up vision and prophecy-အနှစ်တထောင်ကာလ၌ ဗျဒိတ်ရူပါရုံနှင့် အနာဂတ္တိဗျာဒိတ်ပြုခြင်း မရှိတော့ချေ။ အကြောင်းမှာ ခရစ်တော်ကိုယ်တိုင် ရှိသောကြောင့် မလိုတော့ချေ။

၆။အလွန်သန့်ရှင်းသော အရပ်ဌာနကို လိမ်းစေခြင်းငှါ၎င်း to anoint the Most Holy Place-အလွန်သန့်ရှင်းသော အရပ်ဌါနသည်၊ ဗိမာန်တော်ဖြစ်သည်။ ဗိမာန်တော် ပြန်ဆောက်မည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.