-
AA
+
🡀
|
🡂
ဒံယေလ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး
၁၀
၁၁
၁၂





ဒံယေလ အနာဂတ္တိ
အခန်းကြီး ၇


ဒံယေလ၏ အိပ်မက်ထဲမှ သားရဲလေးကောင်

ဗာဗုလုန်ရှင်ဘုရင် ဗေလရှာဇာ နန်းစံပဌမနှစ်တွင်၊ ဒံယေလသည် အိပ်မက်ကိုမြင်၍ အိပ်ပျော်စဉ်၊ စိတ်ထဲ၌ အာရုံပြုပြီးမှ မြင်မက်သော အရာတို့ကို ရေးထားသော အချက်ကား၊ ငါဒံယေလသည် ညအခါ အာရုံပြု၍၊ မိုးကောင်းကင် လေးမျက်နှာ၌ လေတို့သည် မဟာသမုဒ္ဒ​ရာပေါ်မှာ အချင်းချင်း တိုက်ကြလျှင်၊ သဏ္ဍာန်ချင်းမတူသော သားရဲလေးကောင်တို့သည် သမုဒ္ဒ​ရာထဲက ထွက်လာကြ၏။ ပဌမသားရဲသည် ခြင်္သေ့နှင့်တူ၏။ လင်းယုန်အတောင်လည်း ရှိ၏။ ငါကြည့်ရှု၍နေစဉ်၊ သူ၏ အတောင်ကို နှုတ်ကြ၏။ မြေမှကိုယ်ကိုချီကြွလျက် လူကဲ့သို့ ခြေဖြင့် မတ်တပ်ရပ်၍၊ လူစိတ်သဘောကိုလည်း ရ၏။ ဒုတိယသားရဲသည် ဝံနှင့်တူ၏။ တဘက်၌ ကိုယ်ကိုကိုယ် ချီကြွ၏။ ပါးစပ်၌ နံရိုးသုံးချောင်းကို ကိုက်လျက်ရှိ၏။ သင်ထလော့။ အသားများကို ကိုက်စားလော့၊ ဟုသူ့အားပြောကြ၏။ တဖန် ငါကြည့်ရှုပြန်၍၊ ကျားသစ်နှင့်တူသော သားရဲတကောင်သည် ထင်ရှား၏။ ကျောပေါ်မှာ ငှက်အတောင် လေးခုရှိ၏။ ခေါင်းလေးလုံးနှင့် ပြည့်စုံ၏။ အုပ်စိုးရသော အခွင့်လည်းရှိ၏။


စတုတ္ထသားရဲ

ထိုညအခါ၊ တဖန်ငါသည် အာရုံပြုစဉ်၊ ကြီးစွာသော ခွန်အားဖြင့် ပြည့်စုံ၍ အလွန် ကြောက်မက်ဘွယ်သော စတုတ္ထသားရဲသည် ထင်ရှား၏။ ကြီးစွာသော သံသွားလည်းရှိ၏။ ကိုက်စားချိုးဖဲ့၍ ကြွင်းသောအရာကို ခြေဖြင့်နင်းချေ၏။ သူသည် အရင်သားရဲရှိသမျှတို့ထက် ထူးခြား၏။ ချိုဆယ်ချောင်းလည်း ရှိ၏။ ထိုချိုတို့ကို ငါကြည့်ရှုစဉ်၊ ချိုများအလယ်၌ ချိုငယ်တချောင်းသည် ပေါက်ပြန်၏။ ထိုချိုငယ်ရှေ့မှာ အရင် ချိုသုံးချောင်းကို အမြစ်နှင့်တကွ နှုတ်လေ၏။ ထိုချိုငယ်သည် လူမျက်စိကဲ့သို့သော မျက်စိနှင့်၎င်း၊ ကြီးစွာသော စကားကို ပြောတတ်သော နှုတ်နှင့်၎င်း ပြည့်စုံ၏။


ထာ၀ရဘုရားနှင့်ခစားသူများ
CROSS REFERENCES






ထိုအခါ ငါကြည့်ရှုစဉ်၊ ရာဇပလ္လင်များကို တည်ထားလျက်ရှိ၍၊ အသက်ကြီးသော သူတဦးသည် ထိုင်တော်မူ၏။ [A]အဝတ်တော်သည် မိုးပွင့်ကဲ့သို့ဖြူ၏။ ဆံပင်တော်သည် ဖြူသော သိုးမွေးနှင့်တူ၏။ ပလ္လင်တော်သည် မီးလျှံဖြစ်၏။ ပလ္လင်တော်အောက်၌ မီးစက်လှည်းဘီးရှိ၏။ ၁၀ မျက်နှာတော်မှာ မီးရောင်ခြည်ထွက်လေ၏။ အတိုင်းမသိ များစွာသော သူတို့သည် အမှုတော်ကို ဆောင်ရွက်၍၊ ကုဋေသင်္ချေမက ရှေ့တော်၌ ခစား၍နေကြ၏။ တရားစီရင်ခြင်းငှါ ပြင်ဆင်၍၊ စာစောင်များကို ဖွင့်ထား၏။


သားရဲကို အသက်ကိုသတ်

၁၁ ထိုအခါ ချိုငယ်ပြောသော စကားကြီးအသံကြောင့် ငါကြည့်ရှုနေစဉ်၊ ထိုသားရဲအသက်ကို သတ်ပြီးလျှင် သူ၏ ကိုယ်ကိုမီးရှို့ ၍ ဖျက်ဆီးကြ၏။ ၁၂ အခြားသောသားရဲမူကား၊ အစိုးရသော အခွင့်တန်ခိုး ရှုံးသော်လည်း၊ ချိန်းချက်သော ကာလပတ်လုံး အသက်ရှင်ရကြ၏။


လူသား ခရစ်တော်၏ နိုင်ငံတော်

၁၃ ထိုညအခါ ငါသည် အာရုံပြု၍၊ လူသားနှင့်တူသော သူတဦးသည် မိုးတိမ်ကို စီးလျက်၊ အသက်ကြီးသောသူ၏ အထံတော်သို့ ရောက်လေ၏။ ထိုသူကို အထံတော်ပါးသို့ သွင်းကြ၏။ ၁၄ အရပ်ရပ်တို့၌နေ၍၊ အသီးသီး အခြားခြားသော ဘာသာ စကားကို ပြောသော လူမျိုးတကာတို့ကို အုပ်စိုးစေခြင်းငှါ၊ ထိုသူသည် နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုးကို ရ၏။ အာဏာစက်တော်သည် ကမ္ဘာအဆက်ဆက်တည်၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နိုင်ရာ။


ဒံယေလက စတုတ္ထသားရဲအကြောင်းမေး

၁၅ ငါဒံယေလသည် ကိုယ်ခန္ဓာတုန်လှုပ်၍၊ ထိုရူပါရုံကြောင့် စိတ်ပူပန်ခြင်းရှိလျှင်၊ ၁၆ အနား၌ ရပ်နေသောသူ တယောက်ထံသို့ သွား၍၊ ယခုမြင်သမျှကား၊ အဘယ်သို့ဆိုလိုသနည်း၊ ဟုမေးမြန်းသော်၊ ၁၇ ထိုသူက၊ ဤသားရဲ လေးကောင်တို့သည် မြေကြီးပေါ်မှာ ပေါ်လတံ့သော နိုင်ငံလေးပါးဖြစ်၏။ ၁၈ သို့သော်လည်း၊ အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသူတို့သည် နိုင်ငံကိုသိမ်းယူ၍ ကမ္ဘာအဆက်ဆက် စံစားကြလတံ့၊ ဟုအနက်အဓိပ္ပါယ်ကို ကြားပြော၏။ ၁၉ ထိုအခါ အခြားသော သားရဲထက် ထူးခြား၍ အလွန်ကြောက်မက်ဘွယ် ဖြစ်လျက်၊ သံသွားနှင့်၎င်း၊ ​ကြေးဝါလက်သည်း ခြေသည်းနှင့်၎င်း ပြည့်စုံသဖြင့်၊ ကိုက်စားချိုးဖဲ့၍ ကြွင်းသမျှကို ခြေဖြင့် နင်းချေတတ်သော စတုတ္ထသားရဲကား၊ အဘယ်သို့ ဆိုလိုသည်ကို၎င်း၊ ၂၀ သူ၏ခေါင်း၌ ရှိသော ချိုဆယ်ချောင်းကား၊ အဘယ်သို့ ဆိုလိုသည်ကို၎င်း၊ နောက်ပေါက်၍အရင် ချိုသုံးချောင်းကို နှုတ်၍၊ ကြီးစွာသော စကားကို ပြောတတ်သော နှုတ်နှင့် မျက်စိရှိသဖြင့်၊ မိမိအဖေါ်တို့ ထက်သာ၍ ရဲရင့်သော မျက်နှာအဆင်းရှိသော ချိုတချောင်းကား၊ အဘယ်သို့ဆိုသည်ကို၎င်း၊ သိခြင်းငှါ ငါအလိုရှိ၏။ ၂၁ ငါကြည့်ရှုစဉ်တွင် အသက်ကြီးသောသူသည် ရောက်လာလျှင်၊ အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသော သူတို့အား စီရင်ရသော အခွင့်ကိုပေး၍၊ ၂၂ ထိုသူတို့သည် နိုင်ငံကို သိမ်းယူဝင်စားသော အချိန်ရောက်သည်တိုင်အောင်၊ ထိုချိုသည် သန့်ရှင်းသောသူတို့ကို စစ်တိုက်၍ နိုင်လေ၏။


စတုတ္ထသားရဲ၏ အဓိပ္ပါယ်

၂၃ ထိုသူကလည်း၊ စတုတ္ထသားရဲသည် မြေကြီးပေါ်မှာ အခြားသော နိုင်ငံရှိသမျှတို့ထက် ထူးခြားသော စတုတ္ထနိုင်ငံဖြစ်၏။ ထိုနိုင်ငံသည် မြေကြီးရှိသမျှကို ကိုက်စား ချိုးဖဲ့နင်းချေလိမ့်မည်။ ၂၄ ထိုနိုင်ငံ၌ ပေါက်သော ချိုဆယ်ချောင်းသည်၊ ပေါ်လတံ့သော မင်းကြီးဆယ်ပါးဖြစ်၏။ သူတို့နောက် အခြားသော မင်းကြီး ပေါ်လာလိမ့်မည်။ အရင်မင်းကြီးထက် ထူးခြား၍ သုံးပါးတို့ကို နှိမ့်ချလိမ့်မည်။ ၂၅ အမြင့်ဆုံးသော ဘုရားကို ဆန့်ကျင်ဘက်ပြု၍၊ ကြီးစွာသော စကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသူတို့ကို ညှဉ်းဆဲ နှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့် ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှါ ကြံစည်လိမ့်မည်။ တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံး သူသည် အခွင့်ရလိမ့်မည်။ ၂၆ ထိုနောက်မှ တရားစီရင်ခြင်း ဖြစ်လိမ့်မည်။ ထိုအခါ သူ၏ တန်ခိုးအာဏာကိုနှုတ်၍ ရှင်းရှင်း ဖျက်ဆီးကြလိမ့်မည်။ ၂၇ ကောင်းကင်အောက်၌ နိုင်ငံနှင့်တကွ အာဏာစက် ဘုန်းတန်ခိုးရှိသမျှကို အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသော အမျိုးသားတို့သည် ရကြလိမ့်မည်။ ထိုဘုရားသခင်၏ နိုင်ငံတော်သည် ထာဝရနိုင်ငံဖြစ်၏။ မင်းကြီးအပေါင်းတို့သည် တိုးဝင်၍ ကျွန်ခံရကြလိမ့်မည်။ ၂၈ ဤရွေ့ကား၊ အနက်အဓိပ္ပါယ် ပေတည်း၊ ဟုဆိုလေ၏။ ငါဒံယေလသည် စိတ်ပူပန်ခြင်းသို့ရောက်၍ မျက်နှာ ညှိုးငယ်ခြင်းရှိ၏။ သို့သော်လည်း၊ မြင်ရသော အာရုံများကို စိတ်နှလုံးထဲ၌ သိုထား၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.