၂ ပေရသိ ရှင်ဘုရင် ကုရုမင်းမိန့်တော်မူသည်ကား၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင် ထာဝရဘုရားသည် မြေကြီးပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့ကို ငါ့အား ပေးတော်မူသည်ဖြစ်၍၊ ယုဒပြည် ယေရုရှလင်မြို့၌ အိမ်တော်ကို ငါတည် ဆောက်ရမည်အကြောင်း မှာထားတော်မူပြီ။
၂၄ လုယူရာ ဖြစ်စေခြင်းငှါ၊ ယာကုပ်ကို၎င်း၊ ဓါးပြတို့လက်သို့ ဣသရေလကို၎င်း၊ အဘယ်သူ အပ်သနည်း။ ငါတို့ပြစ်မှားသော အရှင် ထာဝရဘုရား အပ်တော်မူသည် မဟုတ်လော။ သူတို့သည် နောက်တော်သို့ မလိုက် တရားတော်ကို မကျင့်ဘဲ နေကြ၏။
၅ ငါသည် မဟာတန်ခိုးနှင့် လက်ရုံးကိုဆန့်လျက်၊ မြေကြီးကို၎င်း၊ မြေကြီးပေါ်မှာရှိသော လူနှင့် တိရစ္ဆာန်တို့ကို၎င်း၊ ဖန်ဆင်းသည်ဖြစ်၍၊ ငါသည် ပေးလိုသောသူတို့အား ပေး၏။
၃၇ အရှင်မင်းကြီး၊ ကိုယ်တော်သည် ဘုရင်တို့၏ ဘုရင်ဖြစ်တော်မူ၏။ ကောင်းကင်ဘုံရှင် ဘုရားသခင်သည်၊ နိုင်ငံနှင့်တကွ တန်ခိုးအာနုဘော် အစွမ်းသတ္တိ ဘုန်းသရေကို ကိုယ်တော်အား ပေးတော်မူပြီ။
၁၇ အကြောင်းမူကား၊ အမြင့်ဆုံးသော ဘုရားသည် လောကီနိုင်ငံကို အုပ်စိုးတော်မူသည်ကို၎င်း၊ ပေးလိုသောသူတို့အား ပေးတော်မူသည်ကို၎င်း၊ ယုတ်မာသောသူတို့ကို ချီးမြှောက်၍ နိုင်ငံကို အပ်ပေးတော်မူသည်ကို၎င်း၊ သတ္တဝါတို့ သိနားလည်သော အခွင့်ရှိစေခြင်းငှါ၊ သစ်ပင်စောင့်တို့သည် ဤသို့ စီရင်ကြပြီ။ သန့်ရှင်းသူတို့သည် အမိန့်တော်ကို ပေးကြပြီ၊ ဟုဟစ်ကြော်လေ၏။