-
AA
+
🡀
|
🡂
ဒံယေလ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး
၁၀
၁၁
၁၂





ဒံယေလ အနာဂတ္တိ
အခန်းကြီး ၄


နေဗုခဒ်နေဇာမင်းက ဘုရားသခင်ကို ဝန်ခံ

ငါ နေဗုခဒ်နေဇာ မင်းကြီး ကြားမှာလိုက်သည်။ မြေကြီးတပြင်လုံး၌ အရပ်ရပ်နေ၍ အသီးသီး အခြားခြားသော ဘာသာစကားကို ပြောသော လူမျိုးတကာတို့၊ သင်တို့၌ ငြိမ်ဝပ်ချမ်းသာခြင်း များပြားစေသော။ မြင့်မြတ်တော်မူသော ဘုရားသခင်သည် ငါ၌ ပြုတော်မူသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ပြခြင်းငှါ ငါအလိုရှိ၏။ ထိုနိမိတ် လက္ခဏာတော်သည် အလွန်ကြီးပေ၏။ အံ့ဘွယ်သော အမှုတော်သည်လည်း တန်ခိုးနှင့် ပြည့်စုံပေ၏။ ဘုရားသခင်၏ နိုင်ငံတော်သည် ထာဝရနိုင်ငံဖြစ်၏။ အာဏာစက်သည်လည်း ကမ္ဘာအဆက်ဆက် တည်တော်မူ၏။


နေဗုခဒ်နေဇာမင်း အိပ်မက်
CROSS REFERENCES





CROSS REFERENCES






ငါနေဗုခဒ်နေဇာသည် နန်းတော်၌ ငြိမ်ဝပ်စွာနေ၍ စည်းစိမ်ကြီးစဉ်အခါ၊ ကြောက်မက်ဘွယ်သော အိပ်မက်ကိုမြင်၍၊ သာလွန်ပေါ်မှာ အိပ်လျက်စိတ်ထဲ၌ အာရုံပြုသော ရူပါရုံအားဖြင့် တုန်လှုပ်ခြင်းသို့ ငါရောက်လေ၏။ ထိုကြောင့်၊ အိပ်မက်အနက်ကို ငါ့အား ဖော်ပြစေခြင်းငှါ၊ ဗာဗုလုန် ပညာရှိအပေါင်းတို့ကို အထံတော်သို့ သွင်းစေ၊ ဟုငါအမိန့်တော်ရှိသည်အတိုင်း၊ မာဂုပညာရှိ၊ ဗေဒင်တတ်၊ ခါလဒဲဆရာ၊ အနာဂတ္တိဆရာတို့သည် ဝင်ကြလျှင်၊ ငါမြင်မက်သော အိပ်မက်ကို သူတို့အား ပြပြောသော်လည်း၊ သူတို့သည် အနက်ကို မဖော်မပြနိုင်ကြ။ [A] နောက်မှ ငါကိုးကွယ်သော ဘုရား၏ နာမအားဖြင့်၊ ဗေလတရှာဇာ၊ ဟုခေါ်သမုတ်၍၊ သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည်စုံသော ဒံယေလသည် ငါ့ထံသို့ဝင်လာလျှင်၊ အချင်း မာဂုဆရာချုပ် ဗေလတရှာဇာ၊ သင်သည် သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည်စုံသည်ကို၎င်း၊ နက်နဲသောအရာ [B] ရှိသမျှတို့ကို ဖွင့်ပြနိုင်သည်ကို၎င်း ငါသိ၏။ သို့ဖြစ်၍၊ ငါမြင်မက်သော အိပ်မက်၏ အနက်ကို ဖော်ပြလော့။ ၁၀ ငါအိပ်ပျော်စဉ်တွင် မြင်မက်သည်ကား၊ ငါကြည့်ရှု၍ မြေကြီးအလယ်၌ အရပ်မြင့်လှသော သစ်ပင်တစ်ပင်ရှိ၏။ ၁၁ ထိုအပင်သည် ကြီးပွား၍ ခိုင်မာခြင်းသို့ ရောက်၏။ မိုးကောင်းကင်သို့ထိ၍ မြေကြီးစွန်းတိုင်အောင် ထင်ရှား၏။ ၁၂ အရွက်လည်းလှ၏။ သတ္တဝါအပေါင်းတို့စား၍ ဝလောက်သော အသီးနှင့်ပြည့်စုံ၏။ မြေတိရစ္ဆာန်တို့သည် ထိုသစ်ပင်အရိပ်၌ ခိုကြ၏။ အခက်အလက်တို့၌ ကောင်းကင်ငှက်တို့သည် နားနေကြ၏။


နေဗုခဒ်နေဇာက သူ့အိပ်မက်ကို ဒံယေလထံပြော

၁၃ အိပ်ပျော်၍ မြင်မက်စဉ်၊ တဖန် ငါကြည့်ရှုပြန်လျှင်၊ သစ်ပင်စောင့် တည်းဟူသော သန့်ရှင်းသူ တစ်ယောက်သည် ကောင်းကင်မှ ဆင်းလာ၍၊ ၁၄ သစ်ပင်ကိုလှဲလော့။ အခက်တို့ကိုခုတ်လော့။ အသီးအရွက်တို့ကို လှုပ်ခြွေလော့။ တိရစ္ဆာန်တို့သည် သစ်ပင်အောက်က ထွက်၍၊ ငှက်တို့သည်လည်း အကိုင်းအခက်ထဲက သွားကြစေ။ ၁၅ သို့သော်လည်း၊ မြေ၌ စွဲသောအမြစ်နှင့်တကွ သစ်ငုတ်ကို ခြွင်းထား၍၊ သံကြိုး၊ ​ကြေးဝါကြိုးနှင့် ချည်နှောင်သကဲ့သို့ နုသောမြက်ပင်ထဲ၌ ရှိစေလော့။ ခုနစ်နှစ်ပတ်လုံး မိုးစွတ်ခြင်းကိုခံ၍ တိရစ္ဆာန်တို့နှင့်အတူ ဆက်ဆံလျက် မြက်ပင်စားစေလော့။ ၁၆ လူစိတ်သဘောပျောက်၍ တိရစ္ဆာန်စိတ်သဘောနှင့် ပြည့်စုံစေလော့။ ၁၇ အကြောင်းမူကား၊ အမြင့်ဆုံးသော ဘုရားသည် လောကီနိုင်ငံကို အုပ်စိုးတော်မူသည်ကို၎င်း၊ ပေးလိုသောသူတို့အား ပေးတော်မူသည်ကို၎င်း၊ ယုတ်မာသောသူတို့ကို ချီးမြှောက်၍ နိုင်ငံကို အပ်ပေးတော်မူသည်ကို၎င်း၊ သတ္တဝါတို့ သိနားလည်သော အခွင့်ရှိစေခြင်းငှါ၊ သစ်ပင်စောင့်တို့သည် ဤသို့ စီရင်ကြပြီ။ သန့်ရှင်းသူတို့သည် အမိန့်တော်ကို ပေးကြပြီ၊ ဟုဟစ်ကြော်လေ၏။ ၁၈ ထိုသို့ ငါနေဗုခဒ်နေဇာ မင်းကြီးသည် မြင်မက်ရပြီ။ ယခုတွင် အချင်း ဗေလတရှာဇာ၊ ငါမြင်သော အိပ်မက်အနက်ကို ဖော်ပြလော့။ ငါ့နိုင်ငံတွင် ပညာရှိအပေါင်းတို့သည် အနက်ကို ငါ့အား မဖော်မပြနိုင်သော်လည်း၊ [C]သင်သည် သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ်နှင့် ပြည့်စုံ၍ ဖော်ပြနိုင်သည်၊ ဟု ငါသည် ကိုယ်မြင်သော အိပ်မက်ကို ဒံယေလအား ပြန်ပြောလေ၏။


အိပ်မက်အဓိပ္ပါယ်ကို ဒံယေလဖော်ပြ

၁၉ ထိုအခါ ဗေလတရှာဇာ အမည်ရှိသော ဒံယေလသည်၊ တစ်နာရီလောက် မိန်းမောတွေဝေ၍ စိတ်ပူပန်လျက်နေ၏။ ရှင်ဘုရင်က၊ အချင်း ဗေလတရှာဇာ၊ အိပ်မက် အနက်အဓိပ္ပါယ်ကြောင့် ပူပန်သော စိတ်မရှိပါနှင့်၊ ဟုမိန့်တော်မူ၏။ ဗေလတရှာဇာကလည်း၊ အရှင်စော၊ ကိုယ်တော်ကို မုန်းသော ရန်သူတို့အပေါ်၌ အိပ်မက်အနက် ရောက်ပါစေသော်။ ၂၀ မြင်မက်တော်မူစဉ်တွင် ကြီးပွား၍ ခိုင်မာထသော၊ မိုးကောင်းကင်သို့ထိ၍ မြေကြီးတပြင်လုံး၌ ထင်ရှားထသော၊ ၂၁ အရွက်လှလျက်၊ သတ္တဝါအပေါင်းတို့ စား၍ ဝလောက်သောအသီးနှင့် ပြည့်စုံထသော၊ မြေတိရစ္ဆာန်တို့သည် အောက်၌ နေကြသဖြင့်၊ အခက်အလက်တို့၌ ကောင်းကင်ငှက်များ မှီခိုနားနေရာဖြစ်သော သစ်ပင်သည်၊ ၂၂ အရှင်မင်းကြီး၊ ကိုယ်တော်ပင် ဖြစ်ပါ၏။ ကိုယ်တော်သည် ကြီးပွား၍ ခွန်အားနှင့် ပြည့်စုံတော်မူ၏။ ဘုန်းစည်းစိမ်တော်ကြီးမြင့်၍ မိုးကောင်းကင်သို့ ထိ၏။ အာဏာစက်တော်သည်လည်း၊ မြေကြီးစွန်းတိုင်အောင် ရောက်တော်မူ၏။ ၂၃ သစ်ပင်စောင့်၊ သန့်ရှင်းသူ တစ်ယောက်သည် ကောင်းကင်မှ ဆင်းလာ၍၊ သစ်ပင်ကို ခုတ်လှဲဖျက်ဆီးလော့။ သို့သော်လည်း၊ မြေကြီး၌ စွဲသောအမြစ်နှင့်တကွ သစ်ငုတ်ကို ခြွင်းထား၍ သံကြိုး၊ ​ကြေးဝါကြိုးနှင့် ချည်နှောင်သကဲ့သို့ နုသော မြက်ပင်ထဲ၌ ရှိစေလော့။ ခုနစ်နှစ်ပတ်လုံး မိုးစွတ်ခြင်းကိုခံ၍၊ မြေတိရစ္ဆာန်တို့နှင့် ဆက်ဆံစေ၊ ဟုဆိုသည်မှာ၊ ၂၄ အမြင့်ဆုံးသော ဘုရားသခင် စီရင်တော်မူ၍၊ အရှင်မင်းကြီး အပေါ်၌ ရောက်ရသော မြင်မက်တော်မူချက်၏ အနက်ဟူမူကား၊ ၂၅ ကိုယ်တော်ကို လူစုထဲက နှင်ထုတ်၍၊ မြေတိရစ္ဆာန်တို့နှင့်အတူ နေရာချကြလိမ့်မည်။ အမြင့်ဆုံးသော ဘုရားသည် လောကီနိုင်ငံကို အုပ်စိုး၍၊ ပေးလိုသော သူတို့အား ပေးတော်မူသည်ကို ကိုယ်တော် မသိမမှတ်မှီကာလ၊ ခုနစ်နှစ်ပတ်လုံး နွားကဲ့သို့ မြက်ကိုစား၍၊ မိုးစွတ်ခြင်းကို ခံလျက်နေရမည်။ ၂၆ သစ်မြစ်၊ သစ်ငုတ်ကို ခြွင်းထားစေခြင်းငှါ စီရင်ကြသည်အရာမှာ၊ ကောင်းကင်ဘုံသည် အုပ်စိုးကြောင်းကို ကိုယ်တော် သိပြီးသောနောက်၊ နိုင်ငံတော်သည် လက်တော်မှ မရွေ့ဘဲ တည်လိမ့်မည်။ ၂၇ သို့ဖြစ်၍၊ အရှင်မင်းကြီး၊ အ​ကျွန်ုပ်စကားကို နာယူတော်မူပါ။ တရားသောအမှုကို ပြုခြင်း၊ ဆင်းရဲသောသူတို့ကို သနားခြင်းအားဖြင့် ဒုစရိုက်အပြစ်တို့ကို ပယ်ဖြတ်တော်မူပါ။ ထိုသို့ပြုလျှင်၊ ချမ်းသာရကောင်း ရတော်မူလိမ့်မည်၊ ဟုဒံယေလ လျှောက်ထား၏။


နေဗုခဒ်နေဇာအပေါ် အိပ်မက်ပြည့်စုံခြင်း

၂၈ ထိုအမှုအရာအလုံးစုံတို့သည် နေဗုခဒ်နေဇာ မင်းကြီး အပေါ်သို့ ရောက်သည် အကြောင်းကား၊ ၂၉ တစ်ဆယ်နှစ်လလွန်ပြီးသော်၊ ဗာဗုလုန် နန်းတော်ပေါ်မှာ စင်္ကြံသွားလျက်၊ ၃၀ ဤမြို့ကား၊ ငါ့နိုင်ငံတည်ရာ၊ ငါ့ရွှေဘုန်းတော်ကို ချီးမြှောက်ရာဖို့၊ ငါ့တန်ခိုး အာနုဘော်အားဖြင့် ငါတည်လုပ်သော ဗာဗုလုန်မြို့ကြီး မဟုတ်လော၊ ဟုမြွက်ဆို၏။ ၃၁ ထိုစကားကို မြွက်ဆိုစဉ်ပင်၊ ကောင်းကင်မှ သက်ရောက်သော အသံဟူမူကား၊ အိုနေဗုခဒ်နေဇာမင်းကြီး၊ နားထောင်လော့။ နိုင်ငံတော်သည် သင့်လက်မှ ရွေ့သွားပြီ။ ၃၂ သင့်ကို လူစုထဲက နှင်ထုတ်၍၊ မြေတိရစ္ဆာန်တို့နှင့်အတူ နေရာချကြလိမ့်မည်။ အမြင့်ဆုံးသော ဘုရားသည် လောကီနိုင်ငံကို အုပ်စိုး၍၊ ပေးလိုသောသူတို့အား ပေးတော်မူသည်ကို မင်းကြီး မသိမမှတ်မှီ ကာလ ခုနစ်နှစ်ပတ်လုံး နွားကဲ့သို့ မြက်ကိုစားလျက် နေရမည်၊ ဟုအသံဖြစ်လေ၏။ ၃၃ ထိုစကားနှင့်အညီ နေဗုခဒ်နေဇာ၌ ချက်ခြင်းဖြစ်၍၊ လူစုထဲက နှင်ထုတ်ကြလျှင်၊ သူသည် နွားကဲ့သို့ မြက်ကိုစား၍ မိုးစွတ်ခြင်းကိုခံသဖြင့်၊ ကိုယ်အမွှေးသည် လင်းယုန် အတောင်ကဲ့သို့၎င်း၊ လက်သည်း ခြေသည်းတို့သည် ငှက်​ခြေသည်းကဲ့သို့၎င်း ဖြစ်၏။


နေဗုခဒ်နေဇာ လူစိတ်ပြန်ဝင်၍ အာဏာပြန်တည်
CROSS REFERENCES






၃၄ ကာလအချိန်စေ့သောအခါ၊ ငါနေဗုခဒ်နေဇာသည် ကောင်းကင်သို့ မျှော်ကြည့်၍ သတိရပြန်လျှင်၊ အမြင့်ဆုံးသော ဘုရားကို ကောင်းကြီးပေး၍၊ ထာဝရ အသက်ရှင်တော်မူသော ဘုရားကို ချီးမွမ်းထောမနာပြု၏။ [‌D]အာဏာတော်သည် ထာဝရအာဏာဖြစ်၏။ နိုင်ငံတော်သည် ကမ္ဘာအဆက်ဆက်တည်၏။ ၃၅ မြေကြီးသား အပေါင်းတို့သည် အဘယ်မျှမဟုတ်သကဲ့သို့ ဖြစ်ကြ၏။ ကောင်းကင် ဗိုလ်ခြေတို့၌၎င်း၊ မြေကြီးသားတို့၌၎င်း၊ အလိုတော်ရှိသည်အတိုင်း စီရင်ပြုပြင်တော်မူ၏။ လက်တော်ကို အဘယ်သူမျှ မဆီးတားနိုင်။ အဘယ်သို့ ပြုသနည်း၊ ဟုကိုယ်တော်ကို ဆိုနိုင်သောသူမရှိ။ ၃၆ ထိုအခါ င့ါစိတ်ပကတိဖြစ်ပြန်၍၊ ငါ့နိုင်ငံ၏ အသရေကို ယမန်ကဲ့သို့ တင့်တယ်ခြင်း အရောင်အဆင်းနှင့် ပြည့်စုံ၍၊ တိုင်ပင်သော မှူးတော်မတ်တော်တို့သည် ညီလာခံဝင်ကြလျှင်၊ ငါ၏အာဏာ တည်မြဲတည်၏။ ငါ့ဘုန်းအာနုဘော်လည်း ယခင်ထက် တိုးပွား၏။ ၃၇ ယခုတွင် ငါနေဗုခဒ်နေဇာသည် ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်ကို ချီးမွမ်းထောပနာပြု၏။ စီရင်ဖန်ဆင်းတော်မူသမျှသော အရာတို့သည် သစ္စာနှင့်ပြည့်စုံ၍၊ တရားနှင့်ညီလျော်ကြ၏။ မာနထောင်လွှားသော သူတို့ကို နှိမ့်ချခြင်းငှါ တတ်နိုင်တော်မူ၏ဟု အမိန့်တော်ကို အရပ်ရပ်သို့ ပြန့်စေတော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.