-
AA
+
🡀
|
🡂
ဒံယေလ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး
၁၀
၁၁
၁၂





ဒံယေလ အနာဂတ္တိ
အခန်းကြီး ၈

ချိုနှစ်ချောင်းရှိသောသိုး၊ မေဒိပေရသိနိုင်ငံ

ဗေလရှာဇာမင်းကြီး နန်းစံသုံးနှစ်တွင်၊ ငါဒံယေလသည် ယခင် ဗျာဒိတ်တော်ကို မြင်ပြီးသည်နောက်၊ တဖန် ဗျာဒိတ်ရူပါရုံကို မြင်ရသော အကြောင်းအရာဟူမူကား၊ ဧလံပြည်၊ ရှုရှန်မြို့တော်၌ ဥလဲမြစ်နားမှာ ငါရှိစဉ်၊ ရူပါရုံထင်ရှား၍၊ ငါမျှော်ကြည့်သော၊ ရှည်လျားသော ချိုနှစ်ချောင်းရှိသော သိုးတစ်ကောင်သည် မြစ်တဘက်၌ ရပ်နေ၏။ ထိုချိုနှစ်ချောင်းသည် မညီ၊ တစ်ချောင်းသာ၍ ရှည်၏။ သာ၍ ရှည်သောချိုသည် နောက်ပေါက်သတည်း။ ထိုသိုးသည် အနောက်၊ တောင်၊ မြောက်၊ သုံးမျက်နှာသို့ တိုးခွေ့သောကြောင့် အဘယ်တိရစ္ဆာန်မျှ မခံနိုင်၊ အဘယ်သူမျှ သူ့လက်မှ မကယ်မလွှတ်နိုင်သည် ဖြစ်၍၊ မိမိအလိုရှိသည်အတိုင်း ပြုသဖြင့် ကြီးမားခြင်းသို့ ရောက်လေ၏။


ချိုတစ်ချောင်းနှင့်ဆိတ်၊ ဂရိတ်နိုင်ငံ

ထိုအမှုကို ငါဆင်ခြင်လျက် နေသောအခါ၊ မျက်စိနှစ်လုံးကြား၌ ထူးဆန်းသော ချိုတချောင်းရှိသော ဆိတ်တကောင်သည် အနောက် မျက်နှာကလာ၍၊ မြေကိုမနင်းဘဲ မြေကြီးတပြင်လုံးကို ကျော်လေ၏။ ချိုနှစ်ချောင်းနှင့် မြစ်တဘက်၌ ထင်ရှားသော သိုးရှိရာသို့ ပြင်းစွာသော အဟုန်နှင့်ပြေး၍၊ အနားသို့ ရောက်သောအခါ၊ ပြင်းစွာ အမျက်ထွက်သဖြင့် သိုးကိုခတ်၍ သိုးချို နှစ်ချောင်းကို ချိုးဖဲ့၏။ သိုးသည် ခံနိုင်သော တန်ခိုးမရှိသည်ဖြစ်၍၊ ဆိတ်သည် သူ့ကိုမြေ၌ လှဲ၍နင်းလေ၏။ သူ့လက်မှ အဘယ်သူမျှ မကယ်မလွှတ်နိုင်။ သို့ဖြစ်၍၊ ထိုဆိတ်သည် အလွန်ကြီးမားခြင်းသို့ ရောက်လေ၏။ ခွန်အားကြီးသောအခါ ချိုကြီး ကျိုးပဲ့၏။ ထိုချိုအရာ၌ ထူးဆန်သော ချိုလေးချောင်းပေါက်၍၊ မိုးကောင်းကင် လေးမျက်နှာသို့ မျက်နှာပြုကြ၏။


ချိုလေးချောင်းမှ ချိုတက်ပေါက်
CROSS REFERENCES






ထိုလေးချောင်းတွင် တစ်ချောင်းထဲက အခြားသောချိုတက် တစ်ချောင်းပေါက်ပြန်၍၊ တောင်မျက်နှာသို့၎င်း၊ အရှေ့မျက်နှာသို့ ၎င်း၊ သာယာသောပြည်သို့၎င်း မျက်နှာပြု၍၊ အလွန်ကြီးမားခြင်းသို့ ရောက်လေ၏။ ၁၀ ကောင်းကင်ဗိုလ်​ခြေ တိုင်အောင် ကြီးမား၍၊ ထိုဗိုလ်​ခြေအချို့တို့နှင့် ကြယ်အချို့တို့ကို မြေသို့ချ၍ နင်းလေ၏။ ၁၁ ထိုမျှမက၊ ဗိုလ်​ခြေသခင်တိုင်အောင် ထောင်လွှားခြင်းကို ပြုလျက်၊ နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်၍၊ သန့်ရှင်းရာဌာနတော်ကို ရှုတ်ချလေ၏။ ၁၂ အပြစ်များသောကြောင့် နေ့ရက်အစဉ် ပြုသောဝတ်နှင့်တကွ ဗိုလ်​ခြေကိုလည်း ထိုချိုသည်ရ၍၊ သမ္မာတရား [A]ကို မြေသို့နှိမ့်ချ၏။ ထိုသို့ပြု၍ အောင်မြင်ခြင်းသို့ ရောက်လေ၏။


သန့်ရှင်းရာဌာနကို တဖန်ဆေးကြောမည်
CROSS REFERENCES






၁၃ ထိုအခါ သန့်ရှင်းသူတပါး၏ စကားပြောသံကို ငါကြား၏။ သန့်ရှင်းသူတပါးက၊ ယခင်ပြောသောသူကို ဟစ်၍၊ သန့်ရှင်းရာ ဌာနနှင့် ဗိုလ်​ခြေကို နင်းခြင်းအလိုငှာ နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ခြင်းနှင့်၎င်း၊ ဖျက်ဆီးတတ်သော လွန်ကျူးခြင်းနှင့်၎င်း၊ စပ်ဆိုင်သော ဗျာဒိတ်ရူပါရုံသည် အဘယ်မျှ ကာလပတ်လုံး တည်လိမ့်မည်နည်း၊ ဟုမေးမြန်းလျှင်၊ ၁၄ ယခင်ပြောသောသူက၊ ရက်ပေါင်း နှစ်ထောင့်သုံးရာတိုင်တိုင် တည်လိမ့်မည်။ ထိုနောက်၊ သန့်ရှင်းရာဌာနကို တဖန် ဆေးကြော သုတ်သင်ကြလိမ့်မည်၊ ဟုပြန်၍ ပြောဆို၏။ [B]


ဂါဗြေလက ရူပါရုံသည် အမှုကုန်သောကာလနှင့်ဆိုင်ဟုဆို

၁၅ ငါဒံယေလသည် ထိုရူပါရုံကိုမြင်၍ အနက်ကို ရှာဖွေသောအခါ၊ လူသဏ္ဍာန်ရှိသော သူတစ်ဦးသည် ငါ့ရှေ့တွင်ရပ်နေ၏။ ၁၆ အခြားသောသူက၊ အိုဂါဗြေလ၊ ထိုသူသည် ယခုမြင်သော ဗျာဒိတ်ရူပါရုံကို နားလည်စေခြင်းငှာ အနက်ကို ပြန်ပြောလော့၊ ဟုဥလဲမြစ်နားကြားမှာ လူအသံနှင့်ဟစ်၍ ပြောဆိုသည်ကို ငါကြား၏။ ၁၇ ထိုသူသည် ငါရပ်နေရာအပါးသို့ လာလျှင်၊ ငါသည် ကြောက်ရွံ့၍ ပြပ်ဝပ်လျက်နေ၏။ ထိုသူက၊ အချင်းလူသား၊ နားလည်လော့။ ဤဗျာဒိတ်ရူပါရုံသည် အမှုကုန်ရသော ကာလနှင့် ဆိုင်သည်၊ ဟုငါ့အားပြောဆို၏။ ၁၈ ထိုသို့ဆိုသောအခါ ငါသည်မြေပေါ်မှာ ပြပ်ဝပ်၍ မိန်းမော တွေဝေလျက်နေ၏။ ထိုသူသည် င့ါကို လက်နှင့်တို့၍၊ ယခင်နေရာ၌ မတ်တပ်နေစေပြီးလျှင်၊ ၁၉ ဒေါသအမျက်တော်အဆုံး၌ ဖြစ်လတံ့သောအရာကို ငါကြားပြောဦးမည်။ ချိန်းချက်သောအချိန်၌ လက်စသတ်လိမ့်မည်။


ချိုနှစ်ချောင်း မေဒိနှင့်ပေရသိရှင်ဘုရင်

၂၀ ချိုနှစ်ချောင်းနှင့် ပေါ်လာသောသိုးသည် မေဒိရှင်ဘုရင်၊ ပေရသိ ရှင်ဘုရင်ဖြစ်၏။(a)


ဆိတ်သည် ဟေလသရှင်ဘုရင်

၂၁ အမွေးကြမ်းသော ဆိတ်သည် ဟေလသ ရှင်ဘုရင်ဖြစ်၏။ (b) မျက်စိနှစ်လုံးကြား၌ ရှိသော ချိုကြီးသည် ပထမမင်းဖြစ်၏။ (c) ၂၂ ထိုချို ကျိုးပဲ့၍၊ သူ့အရာ၌ ချိုလေးချောင်း ပေါက်သည်မှာ၊ အရင်နိုင်ငံတွင် နိုင်ငံလေးပါး တည်ထောင်လိမ့်မည်။ အရင်နိုင်ငံ၏ တန်ခိုးနှင့် မပြည့်စုံကြ။ ၂၃ ထိုနိုင်ငံတို့၏ အဆုံးစွန်သောကာလ၌ လွန်ကျူးသော သူတို့၏ အပြစ်ပြည့်စုံသောအခါ၊ ရဲရင့်သော မျက်နှာရှိ၍ ပရိယာယ်တို့ကို နားလည်သော မင်းကြီးတစ်ပါး ပေါ်လာလိမ့်မည်။ ၂၄ ထိုမင်းကြီးသည် ကိုယ်တန်ခိုးမရှိဘဲလျက် တန်ခိုးကြီးလိမ့်မည်။ အထူးသဖြင့် ဖျက်ဆီး၍ တိုးပွားအောင်မြင်လိမ့်မည်။ စွမ်းအားကြီးသောလူစု၊ သန့်ရှင်းသောလူစုကိုပင် ဖျက်ဆီးလိမ့်မည်။ ၂၅ သူသည် လိမ္မာစွာပြုသဖြင့်၊ မုသာလည်း အောင်မြင်လိမ့်မည်။ စိတ်ထောင်လွှားခြင်း နှင့်တကွ မိဿဟာယ ဖွဲ့သောအားဖြင့် လူများတို့ကို ဖျက်ဆီး၍၊ သခင်တို့၏သခင်ကို ဆန့်ကျင်ဘက်ပြုလိမ့်မည်။ သို့သော်လည်း၊ လူလက်ဖြင့် ဒဏ်မခတ်ဘဲ ကျိုးပဲ့ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ ၂၆ ညဦးနှင့်နံနက်ကို ဖော်ပြသော ဗျာဒိတ်ရှုပါရုံစကား မှန်သည်ဖြစ်၍၊ ထိုစကားကို တံဆိပ်ခတ်ထားလော့။ တာရှည်သော ကာလတိုင်တိုင် တည်လိမ့်မည်ဟုဆို၏။ ၂၇ ထိုအခါငါ ဒံယေလသည် မော၍နာလျက်နေ၏။ တဖန် အနာမှထမြောက်၍ ရှင်ဘုရင်၏ အမှုတော်ကို ဆောင်ရွက်၏။ မြင်ပြီးသော ဗျာဒိတ်ရူပါရုံကို ငါအံ့ဩသော်လည်း၊ ထိုအမှုကို အဘယ်သူမျှ မရိပ်မိကြ။

_________________________
Footnotes


၂၀ (a) မေဒိနှင့်ပေရသိပြည်သည် ယခုခေတ်တွင် အီရန်နိုင်ငံဖြစ်သည်။

_________________________
Footnotes


၂၁ (b) ဟေလသသည် ဂရိတ်ဖြစ်သည်။

_________________________
Footnotes


၂၁ (c) ပထမရှင်ဘုရင်သည် Alexander the Great အလက်ဇာဒါးဒီဂရိတ် ဖြစ်သည်။ သူသည် အသက် ၃၂ နှစ်တွင် သေဆုံး၍ သူ့နိုင်ငံကို လေးနိုင်ငံအဖြစ် ခွဲဝေကာ၊ သူ၏စစ်ဗိုလ်ချုပ် လေးပါးက နိုင်ငံလေးပါးအဖြစ် အုပ်ချုပ်ကြသည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.