၁၃ သူတို့ကို ငါရှင်းရှင်း ဖျက်ဆီးမည်။ စပျစ်နွယ်ပင်၌ စပျစ်သီးမရှိရ။ သင်္ဘောသဖန်းပင်၌ သင်္ဘောသဖန်းသီးမရှိရ။ အရွက်လည်း ညှိုးနွမ်းရမည်အကြောင်း၊ လွှမ်းမိုးသော သူတို့ကို ငါစေလွှတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
sချမ်းသာကို မြော်လင့်သော်လည်း ဘေးသက်သက်
၁ ထာဝရဘုရား ပြတော်မူသော ရူပါရုံဟူမူကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယုဒရှင်ဘုရင် ယောယကိမ်သား ယေခေါနိမင်းအစရှိသော ယုဒမှူးမတ်များ၊ လက်သမားများ၊ ပန်းပဲသမားများတို့ကို ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားသောနောက်၊ ထာဝရဘုရား၏ ဗိမာန်တော်ရှေ့၌ ထားသော သင်္ဘောသဖန်းသီး တောင်းနှစ်လုံးသည် ထင်ရှားလေ၏။
၁၀ တော၌ စပျစ်သီးကဲ့သို့ဣသရေလအမျိုးကိုငါတွေ့၏။ သီးစသောသင်္ဘောသဖန်းပင်၌ အဦးဆုံးမှည့်သောသင်္ဘောသဖန်းသီးကဲ့သို့သင်တို့ဘိုးဘေးများကိုငါမြင်၏။ သူတို့သည်ကိုယ်အလိုအလျောက်ဗာလပေဂုရဘုရားထံသို့သွား၍၊ ထိုရှက်ဘွယ်သောအရာ အဘို့ကိုယ်ကိုအပ်နှံသဖြင့်တပ်မက်သည်အတိုင်းစက်ဆုပ်ရွံရှာဘွယ်သောအမှုတို့ကိုပြုကြ၏။
၄ လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သော သင်္ဘောသဖန်းပင် အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တယောက်မျှမရှိရ။ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရ ဘုရား၏ နှုတ်တော်ထွက် အမိန့်တော်ရှိ၏။
၁၈ နံနက်အချိန်၌ မြို့သို့ ပြန်စဉ်တွင် ဆာမွတ်တော်မူ၏။
၆ တဖန် ဥပမာကို မိန့်တော်မူသည်ကား၊ လူတယောက်သည် ဥယျာဉ်၌ စိုက်သော သင်္ဘောသဖန်းပင် တပင်ရှိ၏။ ထိုအပင်သို့လာ၍ အသီးကို ရှာသော်လည်းမတွေ့။