-
AA
+
🡀
|
🡂
ဟောရှေအနာဂတ္တိ
၁၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟောရှေအနာဂတ္တိ
အခန်းကြီး ၁၀


CROSS REFERENCES





CROSS REFERENCES






ဣသရေလသည်အသီးများစွာသီးသောစပျစ်နွယ်ပင်ဖြစ်၏။ [A]ကိုယ်အလိုအလျောက်သီးတတ်၏။ အသီးတိုးပွားသည် အတိုင်းအမျိုးသားတို့သည်ယဇ်ပလ္လင်တို့ကိုများပြားစေကြ၏။ သူတို့ပြည်ကောင်းသည်အတိုင်းကောင်းသောရုပ်တုဆင်းတုတို့ကို လုပ်ကြသည်တကား။ သူတို့၌ စိတ်နှစ်ခွရှိ၏။ ချက်ခြင်းအပြစ်ဒဏ်ကိုခံရကြမည်။ သူတို့ယဇ်ပလ္လင်တို့ကိုကိုယ်တော်တိုင် ဖြိုချ၍၊ ရုပ်တုဆင်းတုတို့ကိုလည်းဖျက်ဆီးတော်မူမည်။ ငါတို့သည်ထာဝရဘုရားကိုမကြောက်ရွံ့သောကြောင့်ရှင်ဘုရင်မရှိ။ [B] ရှင်ဘုရင်ရှိသော်လည်း၊ ငါတို့အဘို့အဘယ်သို့ပြုနိုင်မည်နည်းဟုချက်ခြင်းဆိုရကြမည်။ သူတို့ကျိန်ဆိုသောစကားသည် စကားသက်သက်ဖြစ်၍၊ မိဿဟာယဖွဲ့သောအခါမုသာစကားကိုသာပြောတတ်ကြ၏။ တရားစီရင်ခြင်းအမှုသည်လယ်ကန်ဆည်ရိုးပေါ်မှာဘင်းခါးပင်ကဲ့သို့ပေါက်ရလိမ့်မည်။ ရှမာရိမြို့သားတို့သည်ဗေသဝင်နွားသငယ်ကဲ့သို့ကြောက်ကြလိမ့်မည်။ ထိုနွားသငယ်၏ဘုန်းအတွက်သူ၏တကာတို့သည်ငို​ကျွေးမည်တမ်း၍၊ ယဇ်ပုရောဟိတ်တို့သည်တုန်လှုပ်ကြလိမ့်မည်။ အကြောင်းမူကား၊ ရန်သူတို့သည်ထိုဘုန်းကိုလုယူ၍၊ နွားသငယ်နှင့်အတူအာရှုရိပြည်သို့ယူသွားပြီးလျှင်၊ ရှင်ဘုရင်ယာရက်အားဆက်ရကြလိမ့်မည်။ ဧဖရိမ်သည်အသရေပျက်၍ဣသရေလသည်မိမိအကြံအစည်အားဖြင့်ရှက်ကြောက်ရလိမ့်မည်။ ရှမာရိသည်ပျက်ရ၏။ ရှမာရိရှင်ဘုရင်သည်ရေမြှုပ်သက်သက်ဖြစ်၏။ ဣသရေလပြစ်မှားရာအာဝင်မြို့ကုန်းတို့သည်ပြိုကျ၍၊ ဆူးပင် အမျိုးမျိုးတို့သည်သူတို့ယဇ်ပလ္လင်များကိုလွှမ်းမိုးကြလိမ့်မည်။ မြို့သားတို့ကလည်း၊ အိုတောင်များတို့၊ ငါတို့ကိုဖုံးအုပ်ကြပါ။ အိုကုန်းများတို့၊ ငါတို့အပေါ်၌ ကျကြပါဟုခေါ်ကြလိမ့်မည်။

ဂိဗာမြို့လက်ထက်၌ အပြစ်ကြီးသည်ထက်ဣသရေလသည်အပြစ်သာ၍ကြီး၏။ ထိုမြို့၌ ရပ်နေကြ၏။ ဂိဗာမြို့၌ အဓမ္မလူတို့ကိုစစ်တိုက်သောအခါမရှုံးကြ။ ၁၀ ငါသည်ကိုယ်အလိုအလျောက်သူတို့ကိုဆုံးမမည်။ သူတို့အပြစ်နှစ်ပါးကြောင့်ချည်ထားလျက်ရှိသောအခါ၊ သူတို့တဘက်၌ လူများစည်းဝေးရကြလိမ့်မည်။ ၁၁ ဧဖရိမ်သည်ယဉ်၍စပါးကိုနင်းချင်သောနွားမဖြစ်သော်လည်း၊ ငါသည်ထမ်းပိုးကိုထမ်းစေသဖြင့်၊ ဧဖရိမ်သည်ကခြင်းကိုခံ၍၊ ယုဒသည်ထွန်လျက်၊ ယာကုပ်သည်လည်းမြေစိုင်ကိုခွဲလျက်ရှိရလိမ့်မည်။ ၁၂ ကိုယ်အဘို့ဖြောင့်မတ်ခြင်းမျိုးစေ့ကိုကြဲ၍၊ ကရုဏာတော်အသီးအနှံကိုရိတ်ကြလော့။ မလုပ်သေးသောလယ်ကိုထွန်ကြလော့။ ထာဝရဘုရားသည်ကြွလာ၍၊ သင်တို့အပေါ်သို့ဖြောင့်မတ်ခြင်းမိုးကိုရွာစေတော်မမူမည်တိုင်အောင်၊ ကိုယ်တော်ကိုရှာရသောအချိန်ရောက်လေပြီ။ ၁၃ သင်တို့သည်ဒုစရိုက်မျိုးစေ့ကိုကြဲလို၍လယ်ထွန်သောကြောင့်၊ အပြစ်စပါးကိုရိတ်ရကြ၏။ မုသာအသီးအနှံကိုစားရကြ၏။ အကြောင်းမူကား၊ ကိုယ်ကြံစည်ပြုမူခြင်းကို၎င်း၊ ကိုယ်၌ များစွာသောသူရဲတို့ကို၎င်း၊ ကိုးစားတတ်၏။ ၁၄ ထိုကြောင့်၊ သင်၏လူတို့သည်ရုန်းရင်းခတ်ကြလိမ့်မည်။ ရှာလမန်မင်းသည်ဗေသာဗေလမြို့ကို စစ်တိုက်သောအခါဖျက်ဆီးသကဲ့သို့၊ သင်၏ရဲတိုက်ရှိသမျှတို့သည်ပျက်စီးရကြလိမ့်မည်။ အမိသည်သားတို့နှင့်အတူမြေပေါ်မှာ ဆောင့်ဖွပ်ခြင်းကိုခံရလိမ့်မည်။ ၁၅ ထိုသို့ဗေသလသည်သင်တို့ဒုစရိုက်အပြစ်များကြောင့်သင်တို့၌ ပြုလိမ့်မည်။ နံနက်အချိန်သည်လွန်တတ်သကဲ့သို့၊ ဣသရေလရှင်ဘုရင်သည်ရှင်းရှင်းကွယ်ပျောက်ရလိမ့်မည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.