-
AA
+
🡀
|
🡂
ဟောရှေအနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟောရှေအနာဂတ္တိ
အခန်းကြီး ၂


CROSS REFERENCES





CROSS REFERENCES






သင်တို့ညီအစ်ကိုများကို ငါ၏လူဟူ၍၎င်း၊ သင်တို့နှမများကို သနားစုံမက်အပ်သော သမီးဟူ၍၎င်း၊ တဖန်ခေါ်ကြလော့။ သင်တို့အမိနှင့် ဆွေးနွေးကြလော့။ သူသည် ငါ့မယားမဟုတ်၊ ငါသည်လည်း သူ့လင်မဟုတ်ကြောင်းကို ဆွေးနွေးကြလော့။ ပြည်တန်ဆာ မျက်နှာကိုပယ်၍ မှားယွင်းခြင်းအမှုကို ရှောင်စေ။ မရှောင်လျှင် သူ၏ အဝတ်ရှိသမျှကို ငါချွတ်၍၊ သူဖွားသော နေ့၌ အဝတ်မရှိသကဲ့သို့၊ အဝတ်မပါ၊ [A] ပြင်၌ထုတ်ထားမည်။ လွင်ပြင်ကဲ့သို့ သုတ်သင်မည်။ သွေ့​ခြောက်သောမြေကဲ့သို့ဖြစ်စေလျက် ရေအငတ်ထား၍ သေစေမည်။ သူ၏သားသမီးတို့သည်၊ သူနောက်မီးလင်း၍ ရသော သားသမီးဖြစ်သောကြောင့်၊ သူတို့ကို ငါမသနား မစုံမက်ဘဲနေမည်။ သူတို့အမိသည် ပြည်တန်ဆာဖြစ်၏။ သူတို့ကို ပဋိသန္ဓေယူသောသူသည်၊ ရှက်ဘွယ်သော အမှုကိုပြုပြီ။ သူကလည်း၊ ငါ့မုန့်၊ ငါ့ရေ၊ ငါ့သိုးမွေး၊ ငါ့ပိုက်ဆန်၊ ငါ့ဆီ၊ ငါသောက်သောအရည်တို့ကို ပေးတတ်သော ငါ့ရည်းစားများနောက်သို့ ငါလိုက်မည်၊ ဟုဆိုပြီ။ သို့ဖြစ်၍၊ သူ့ကိုဆူးစောင်ရန်းနှင့် ကာထားမည်။ ထွက်စရာမရှိစေခြင်းငှါ၊ သူ့ပတ်လည်၌ ကျောက် ရိုးကိုလည်းတည်မည်။ သူသည် ရည်းစားတို့ကို လိုက်သော်လည်း မမှီ၊ ရှာသော်လည်း မတွေ့ဘဲ နေရသောအခါ၊ လင်ဟောင်းထံသို့ ငါပြန်သွားမည်။ ယခုနေရာထက် အရင်နေရာသာ၍ ကောင်းသည်၊ ဟုဆိုလိမ့်မည်။ ဆန်စပါး၊ စပျစ်ရည်၊ ဆီတို့ကို ငါပေးသနားသည်ဟူ၍၎င်း၊ ဗာလဘုရားအားပူဇော်သောရွှေနှင့်ငွေကိုသူ၌ ငါများပြားစေသည်ဟူ၍၎င်း၊ သူသည်မအောက်မေ့ပါတကား၊ သို့ဖြစ်၍၊ စပါးရိတ်ရာကာလ၌ ငါ့စပါးကို၎င်း၊ စပျစ်ရည်လုပ်ရာကာလ၌ ငါ့စပျစ်ရည်ကို၎င်း၊ သူ၏ကိုယ်ကိုဖုံးလွှမ်းစရာ ငါ့သိုးမွေးနှင့်ပိုက်ဆန်ကို၎င်း၊ ငါသိမ်းယူမည်။ ၁၀ ယခုပင်သူ၏ရည်းစားများရှေ့၌ သူ့အဝတ်ကိုငါလှစ်လှန်၍အရှက်ခွဲမည်။ ငါ့လက်မှအဘယ်သူမျှသူ့ကိုမနှုတ်ရ။ ၁၁ သူရွှင်လန်းစရာအကြောင်းရှိသမျှနှင့်ပွဲခံခြင်း၊ လဆန်းနေ့၊ ဥပုသ်နေ့စောင့်ခြင်း၊ [B] ပရိသတ်စည်းဝေးခြင်းအလုံးစုံတို့ကိုငါပြတ်စေမည်။ ၁၂ ဤသည်ကား၊ ငါ့ရည်းစားပေးသောဆုလက်ဆောင်ဖြစ်သည်၊ ဟုသူဆိုရာစပျစ်ဥယျာဉ်၊ သင်္ဘောသဖန်းဥယျာဉ်တို့ကိုငါသုတ်သင်ပယ်ရှင်း၍၊ လွင်ပြင်ဖြစ်စေသဖြင့်တောသားရဲတို့သည်ကိုက်စားကြလိမ့်မည်။ ၁၃ ဗာလဘုရားတို့အားနံ့သာပေါင်းကိုမီးရှို့၍၊ နှာခေါင်းဆွဲနှင့်လည်ဆွဲတန်ဆာကိုဆင်လျက်၊ ရည်းစားများနောက်သို့ လိုက်သဖြင့်၊ ငါ့ကိုမေ့လျော့၍ဗာလဘုရားတို့လက်ထက်၌ ပြုမိသောအပြစ်နှင့်အလျောက်၊ ငါစီရင်မည်ဟုထာဝရဘုရားမိန့်တော်မူ၏။

၁၄ သို့ရာတွင်၊ သူ့ကိုတဖန်ငါဖြားယောင်းမည်။ တောလမ်းဖြင့်ပို့ဆောင်သော်လည်း၊ နှစ်သိမ့်စေသောစကားကိုပြောမည်။ ၁၅ တောတဘက်၌ စပျစ်ဥယျာဉ်တို့ကို၎င်း၊ အာခေါ်ချိုင့်၌ မြော်လင့်ရာတံခါးကို၎င်းငါပေးမည်။ သူသည်အသက်ငယ်စဉ်ကာလ၊ အဲဂုတ္တုပြည်မှထွက်လာသောအခါ၊ သီချင်းဆိုသကဲ့သို့၊ တောတဘက်သို့ရောက်သောအခါသီချင်းဆိုရလိမ့်မည်။ ၁၆ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ သင်သည်ငါ့ကိုသခင်ဟူ၍မခေါ်ရ၊ ခင်ပွန်းဟူ၍ခေါ်ရမည်။ ၁၇ အခြားတပါးသောသခင်တို့၏ဘွဲ့နာမများကိုသူ၏နှုတ်မှငါပယ်၍၊ ထိုဘွဲ့နာမများကိုနောက်တဖန်မမှတ်မိ၊ မမြွက်ဆိုရ။ ၁၈ ထိုကာလ၌ ငါသည်သူတို့အတွက်၊ တောသားရဲ၊ မိုးကောင်းကင်ငှက်၊ မြေပေါ်မှာတွားတတ်သောတိရစ္ဆာန်များနှင့်မိဿဟာယဖွဲ့၍၊ လေး၊ ဓါး၊ စစ်တိုက်လက်နက်တို့ကိုမြေပေါ်ကပယ်ရှားသဖြင့်၊ သူတို့သည်စိုးရိမ်ခြင်းမရှိဘဲအိပ်ရကြလိမ့်မည်။ ၁၉ ငါသည်ကိုယ်အဖို့သင့်ကိုအစဉ်အမြဲစေ့စပ်မည်။(a) ​ဖြောင့်မတ်ခြင်း၊ တရားသဖြင့်စီရင်ခြင်း၊ ချစ်သနားစုံမက်ခြင်းနှင့်အညီကိုယ်အဖို့သင့်ကိုစေ့စပ်မည်။(a) ၂၀ သစ္စာစောင့်ခြင်းနှင့်အညီစေ့စပ်၍၊ [C](a) သင်သည်ထာဝရဘုရားကိုသိရလိမ့်မည်။ ၂၁ ထာဝရဘုရားမိန့်တော်မူသည် ကား၊ ထိုကာလ၌ ငါသည်နားထောင်မည်။ မိုးကောင်းကင်စကားကိုနားထောင်၍၊ သူသည်မြေကြီးစကားကိုနားထောင်မည်။ ၂၂ မြေကြီးသည်လည်းဆန်စပါး၊ စပျစ်ရည်၊ ဆီတို့၏စကားကိုနားထောင်၍၊ သူတို့သည်လည်းယေဇရေလစကားကိုနား ထောင်ကြလိမ့်မည်။ ၂၃ ထိုသတို့သမီးကိုမျိုးစေ့ကဲ့သို့မြေ၌ ကိုယ်အဘို့ငါကြဲမည်။ မသနားမစုံမက်အပ်သောသတို့သမီးကိုငါသနားစုံမက်မည်။ ငါ၏လူမဟုတ်သောသူကိုလည်း၊ သင်သည်ငါ၏လူဖြစ်သည်ဟုငါဆိုမည်။ သူကလည်း၊ ကိုယ်တော်သည်အ​ကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူသည်၊ ဟုလျှောက်လိမ့်မည်ဟုမိန့်တော်မူ၏။

_________________________
Footnotes


၁၉ ၂၀ (a) וְאֵרַשְׂתִּ֥יךְ အသံထွက် wə·’ê·raś·tîḵ သည် "စေ့စပ်ခြင်း" ဟုအဓိပ္ပါယ်ရှိသည်။ ထိုအရာကိုမြန်မာကျမ်းစာအုပ်၌ "သိမ်းယူ" ဟုဘာသာပြန်ထားသည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.