-
AA
+
🡀
|
🡂
ဟောရှေအနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟောရှေအနာဂတ္တိ
အခန်းကြီး ၅



အိုယဇ်ပုရောဟိတ်တို့၊ ကြားကြလော့။ အိုဣသရေလအမျိုးသားတို့၊ နားထောင်ကြလော့။ အိုနန်းတော်သားတို့၊ မှတ်မိကြလော့။ သင်တို့သည်စစ်ကြောစီရင်ခြင်းကိုခံရကြမည်။ အကြောင်းမူကား၊ သင်တို့သည်မိဇပါတောင်ပေါ်မှာကျော့ကွင်း၊ တာဗော်တောင်ပေါ်မှာထောင်သောပိုက်ဖြစ်ပြီ။ ယဇ်ကောင်တို့ကိုသတ်သောအားဖြင့်မိမိတို့အပြစ်ကိုများပြားစေကြ၏။ ထိုကြောင့်၊ ငါသည်ထိုသူအပေါင်းတို့၌ အပြစ်ဒဏ်ပေးမည်။ ဧဖရိမ်ကိုငါသိ၏။ ဣသရေလသည်လည်းငါ့ရှေ့မှပုန်းရှောင်၍မနေနိုင်။ ယခုပင်အိုဧဖရိမ်၊ သင်သည်မှားယွင်း၍ဣသရေလသည်ညစ်ညူးခြင်းရှိ၏။ သူတို့သည်ပြုမြဲပြုသောကြောင့်၊ သူတို့၏ ဘုရားသခင့်ထံတော်သို့ပြန်၍မလာနိုင်ကြ။ မှားယွင်းသောသဘောစွဲလမ်းသည်ဖြစ်၍၊ ထာဝရဘုရားကိုမသိကြ။ ဣသရေလအမျိုး၏မာနသည်သူ့မျက်မှောက်၌ နိမ့်ချခြင်းသို့ရောက်သဖြင့်၊ ဣသရေလနှင့်ဧဖရိမ်သည်မိမိတို့အပြစ်၌ လဲ၍၊ သူတို့နှင့်အတူ ယုဒသည်လည်းလဲလိမ့်မည်။ သိုးစုနွားစုပါလျက်၊ ထာဝရဘုရားကိုရှာခြင်းငှါသွားကြသော်လည်းမတွေ့ရကြ။ သူတို့နှင့် ကွာတော်မူပြီ။ သူတို့သည်ထာဝရဘုရားထံတော်၌ ခံသောသစ္စာကိုဖျက်ကြပြီ။ အကြောင်းမူကား၊ တပါးအမျိုးသားတို့ကို ဖွားမြင်ကြပြီ။ လဆန်းနေ့ရောက်မှသူတို့နှင့်သူတို့ဥစ္စာသည်ပျက်စီးလိမ့်မည်။

ဂိဗာမြို့နှင့်နှဲခရာကို၎င်း၊ ရာမမြို့၌ တံပိုးကို၎င်း၊ မှုတ်ကြလော့။ ဗေသဝင်မြို့၌ ကြွေးကြော်လော့။ အိုဗင်္ယာမိန်အမျိုး၊ နောက်သို့ကြည့်ကြလော့။ ဣသရေလအမျိုးအနွယ်တို့ကိုဆုံးမသတိပေးသောနေ့၌ ဧဖရိမ်သည်ပျက်စီးရလိမ့်မည်။ ဆက်ဆက်ဖြစ်လတံ့သောအမှုကိုငါဖေါ်ပြ၏။ ၁၀ ယုဒမင်းတို့သည်မြေမှတ်တိုင်တို့ကိုရွေ့သောသူကဲ့သို့ဖြစ်ကြ၏။ ငါသည် သူတို့အပေါ်သို့ငါ့အမျက်ကိုရေကဲ့သို့သွန်းလောင်းမည်။ ၁၁ ဧဖရိမ်သည်ညှဉ်းဆဲခြင်းကိုခံရ၏။ တရားစီရင်ခြင်းနှင့်တွေ့၍ ဆုံးရှုံးရ၏။ အကြောင်းမူကား၊ အမိန့်တော်အတိုင်းကျင့်လေပြီ။ ၁၂ ထိုကြောင့်၊ ငါသည်ဧဖရိမ်၌ ကိုက်တတ်သောပိုးကောင်၊ ယုဒအမျိုး၌ စားတတ်သောအနာကဲ့သို့ဖြစ်မည်။ ၁၃ ဧဖရိမ်သည်မိမိအပေါက်တို့ကို၎င်း၊ ယုဒသည်မိမိအနာကို၎င်း၊ မြင်သောအခါ၊ ဧဖရိမ်သည်အာရှုရိမင်းထံသို့သွား၍၊ ယုဒသည်ရှင်ဘုရင်ယာရက်ထံသို့စေလွှတ်သော်လည်း၊ ထိုမင်းတို့သည်သင်တို့ အပေါက်ကိုမဖာနိုင်၊ အနာကိုလည်းမပျောက်စေနိုင်ကြ။ ၁၄ အကြောင်းမူကား၊ ငါသည်ဧဖရိမ်၌ ခြင်္သေ့ကဲ့သို့၎င်း၊ ယုဒအမျိုး၌ ခြင်္သေ့ပျိုကဲ့သို့၎င်းဖြစ်မည်။ ငါသည်ကိုယ်တိုင်ကိုက်ဖြတ်၍သွားမည်။ ချီသွား၍အဘယ်သူမျှမနှုတ်ရ။ ၁၅ သူတို့သည် ကိုယ်အပြစ်ကိုဝန်မချ၊ ငါ့မျက်နှာကိုမရှာမှီတိုင်အောင်၊ ငါသည်ကိုယ်နေရာသို့ပြန်သွား၍နေမည်။ အမှုရောက်သောအခါ၊ သူတို့သည်ငါ့ကိုကြိုးစား၍ရှာကြလိမ့်မည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.