-
AA
+
🡀
|
🡂
ဟောရှေအနာဂတ္တိ
၁၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟောရှေအနာဂတ္တိ
အခန်းကြီး ၁၃



ဧဖရိမ်သည်နှုတ်မြွက်သောအခါ သူတပါးကြောက်လန့်တတ်၏။ သူသည်ဣသရေလအမျိုး၌ မြင့်မြတ်၏။ နောက်တဖန် ဗာလဘုရားအားဖြင့်ပြစ်မှားသောကြောင့်သေ၏။ ယခုမှာအထပ်ထပ်ပြစ်မှား၍ကိုယ်ဥာဏ်ပညာအားဖြင့်အရည်သွန်းသော ငွေရုပ်တု၊ ဆရာသမားလုပ်တတ်သောရုပ်တုဆင်းတုများကိုကိုယ်အဘို့လုပ်ကြ၏။ လုပ်ပြီးမှယဇ်ပူဇော်သောသူသည်နွားသငယ်ကို နမ်းစေ၊ ဟုဆိုတတ်ကြ၏။ ထိုကြောင့်၊ သူတို့သည်နံနက်မိုးတိမ်ကဲ့သို့၎င်း၊ စောစောကွယ်ပျောက်တတ်သောနှင်းကဲ့သို့၎င်း၊ ကောက်နယ်တလင်းမှလေဘွေတိုက်သွားသောဖွဲကဲ့သို့၎င်း၊ မီးဖိုထဲကထွက်သောမီးခိုးကဲ့သို့၎င်း၊ ဖြစ်ရကြလိမ့်မည်။ သို့ရာတွင်ငါထာဝရဘုရားသည် သင့်ကိုအဲဂုတ္တုပြည်မှကယ်နှုတ်သော သင်၏ဘုရားသခင်ဖြစ်၏။ ငါမှတပါးအခြားသောဘုရားသခင်ကိုသင်မသိပြီ။ ငါမှတပါးကယ်တင်နိုင်သောသခင်မရှိ။ အလွန်သွေ့​ခြောက်သောအရပ်တည်းဟူသောတော၌ ပင်သင့်ကိုငါသိပြီ။ ကျက်စားရာအရပ်၌ ဝပြောစွာစားရကြ၏။ ဝသောအခါဝါကြွားသောစိတ်ရှိ၍၊ ငါ့ကိုမေ့လျော့ကြ၏။ ထိုကြောင့်၊ သူတို့၌ ငါသည်ခြင်္သေ့ကဲ့သို့ဖြစ်မည်။ လမ်းနားမှာချောင်းသောကျားသစ်ကဲ့သို့သူတို့ကိုချောင်းမြောင်းမည်။ သား ပျောက်သောဝံမကဲ့သို့သူတို့ကိုငါဆီးကြို၍၊ သူတို့နှလုံး၌ ဖုံးသောအမြှေးကိုဆုတ်ဖဲ့မည်။ ခြင်္သေ့မကဲ့သို့တွေ့သောအရပ်၌ ပင်ငါကိုက်စားမည်။ တောသားရဲဖြစ်၍အပိုင်းပိုင်းဆွဲဖြတ်မည်။

အိုဣသရေလ၊ သင့်ကိုကယ်တင်နိုင်သောအရှင်ငါ့ကိုသင်သည်ဆန့်ကျင်ဘက်ပြုသောကြောင့်အကျိုးနည်းရှိ၏။ ၁၀ သင်၏ရှင်ဘုရင်သည်အဘယ်မှာရှိသနည်း။ သင်နေရာမြို့ရှိသမျှတို့၌ ကယ်တင်ပါစေသော်။ သင်၏တရားသူကြီးတို့သည်အဘယ်မှာ ရှိကြသနည်း။ ၁၁ ရှင်ဘုရင်နှင့်မင်းများကိုပေးပါဟုသင်တောင်းသောကြောင့်၊ ငါ့အမျက်ထွက်၍ရှင်ဘုရင်ကိုပေးပြီ။ တဖန် ပြင်းစွာအမျက်ထွက်၍ရှင်ဘုရင်ကိုပယ်ရှားမည်။

၁၂ ဧဖရိမ်ပြုသောဒုစရိုက်ကိုငါထုတ်ထား၍သူ၏အပြစ်ကိုသိုမှီးပြီ။ ၁၃ သူသည်သားဖွားသောမိန်းမကဲ့သို့ဝေဒနာကိုခံရချိန်နီးပြီ။ မိုက်သောအမျိုးသားဖြစ်၏။ သားဖွားရာဝမ်းဝ၌ ကြာမြင့်စွာနေပါသည်တကား။
CROSS REFERENCES






၁၄ သူတို့ကိုမရဏာနိုင်ငံမှတပါးငါကယ်လွှတ်မည်။ သေမင်းလက်မှရွေးမည်။ အိုသေမင်း၊ သင့်ကိုကာလနာစွဲစေမည်။ အိုမရဏာနိုင်ငံသင်၌ ဖျက်ဆီးသောဘေးကိုရောက်စေမည်။ [A] နောင်တရမည် အကြောင်းကိုပမာဏမပြု၊

၁၅ မိမိညီအစ်ကိုတို့တွင်အသီးများစွာသီးတတ်သော်လည်း၊ အရှေ့လေလာလိမ့်မည်။ ထာဝရဘုရား၏လေသည်တောမှလာ၍ သူ၏စမ်းရေတွင်းကိုခန်း​ခြောက်စေသဖြင့်ရေပြတ်လိမ့်မည်။ ဘဏ္ဍာတိုက်၌ ရှိသမျှသောတန်ဆာအကောင်းအမြတ်တို့ကိုရန်သူလုယူလိမ့်မည်။ ၁၆ ရှမာရိမြို့သည်မိမိဘုရားသခင်ကိုပုန်ကန်သောကြောင့်ပျက်စီးလိမ့်မည်။ မြို့သားတို့သည်ဓါးဖြင့်လဲ၍သေကြလိမ့်မည်။ သူငယ်တို့သည်မြေပေါ်မှာဆောင့်ဖွပ်ခြင်းကို၎င်း၊ ကိုယ်ဝန်ဆောင်သောမိန်းမတို့သည်ဝမ်းခွဲခြင်းကို၎င်းခံရကြလိမ့်မည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.