-
AA
+
🡀
|
🡂
ဧသတာ၀တ္ထု
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး
၁၀





ဧသတာ၀တ္ထု
အခန်းကြီး ၉


ယုဒလူတို့က ရန်သူတို့ကို သတ်ကြ

ရှင်ဘုရင် အမိန့်တော်အတိုင်း စီရင်ရသော အချိန်နီး၍၊ ယုဒအမျိုး၏ ရန်သူတို့က ငါတို့နိုင်မည်၊ ဟုမြော်လင့်သောနေ့၊ အမှု ပြောင်းလဲ၍ ယုဒလူတို့သည် မနာလိုသောသူတို့ကို နိုင်သော နေ့ရက်တည်းဟူသော အာဒါမည်သော ဒွါဒသမလ တဆယ်သုံးရက်နေ့တွင်၊ ရှင်ဘုရင် အာရွှေရု၏ နိုင်ငံတော် အပြည်ပြည် အမြို့မြို့၌ နေသောယုဒလူတို့သည်၊ ညှဉ်းဆဲလိုသော သူတို့ကို ဆီးတားခြင်းငှါ စုဝေးကြ၏၊၊ ပြည်သူ ပြည်သား အပေါင်းတို့သည် ကြောက်ရွံ့သောကြောင့် အဘယ်သူမျှ ရန်မပြုဝံ့ဘဲနေကြ၏၊၊ အပြည် ပြည်ကို အုပ်စိုးသောမင်း၊ ကိုယ်စားတော်မင်း၊ မြို့ဝန်မင်း၊ အမှုတော်စောင့် အရာရှိ အပေါင်းတို့သည် မော်ဒကဲကို ကြောက်ရွံ့သောကြောင့်၊ ယုဒလူတို့ကို မစကြ၏၊၊ အကြောင်းမူကား၊ မော်ဒကဲသည် နန်းတော်တွင် ဘုန်းကြီးလျက်၊ အတိုင်းတိုင်း အပြည်ပြည်၌ သိတင်းနှံ့ပြား၍ တနေ့ထက် တနေ့ကြီး မြင့်ရာသို့ ရောက်သတည်း၊၊ ထိုနေ့တွင် ယုဒလူတို့သည်၊ ရန်သူအပေါင်းတို့ကို ထားနှင့် လုပ်ကြံ သတ်ဖြတ်ဖျက်ဆီး၍၊ မနာလိုသော သူတို့၌ ပြုချင်သမျှ ပြုကြ၏၊၊ ရှုရှန်မြို့တော်၌ လူငါးရာတို့ကို လုပ်ကြံ သတ်ဖြတ်ကြ၏၊၊ ယုဒအမျိုး၏ရန်သူ ဟမ္မေဒါသသား ဖြစ်သော ဟာမန်၏သား တကျိပ်တည်းဟူသော ပါရှန္ဒာသ၊ ဒါလဖုန်၊ အာသပါသ၊ ပေါရသ၊ အာဒလိ၊ အာရိဒါသ၊ ပါမရှာတ၊ အရိသဲ၊ အရိဒဲ၊ ဝါဇဇောသတို့ကိုလည်း သတ်ကြ၏၊၊ ၁၀ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်းမယူဘဲ နေကြ၏၊၊


ဟာမန်သားများကို လည်ဆွဲချကြ

၁၁ ထိုနေ့၌ ရှုရှန်မြို့တော်တွင် သေသောသူ စာရင်းကို ရှင်ဘုရင်ရှေ့တော်မှာ ပြကြ၏၊၊ ၁၂ ရှင်ဘုရင်သည် မိဖုရားဧသတာကို ခေါ်၍၊ ယုဒလူတို့သည် ရှုရှန်မြို့တော်၌ ဟာမန်သားတကျိပ်နှင့်တကွ လူငါးရာတို့ကို လုပ်ကြံသတ်ဖြတ်ကြပြီ၊၊ နိုင်ငံတော်တွင် အခြားသော အပြည်ပြည်တို့၌ အဘယ်သို့ ပြုကြပြီနည်း၊၊ သင်သည် အဘယ်အလို ရှိသေးသနည်း၊၊ အလိုရှိသည်အတိုင်း ငါပြုမည်၊၊ အဘယ်ဆုကို တောင်းချင်သေးသနည်း၊၊ တောင်းသမျှကို ငါပေးမည်၊ ဟုမိန့်တော်မူလျှင်၊ ၁၃ ဧသတာက၊ အရှင်မင်းကြီး အလို တော်ရှိလျှင်၊ ရှုရှန်မြို့၌ ရှိသော ယုဒလူတို့သည် ယနေ့အမိန့်တော်အတိုင်း နက်ဖြန်နေ့၌လည်း ပြုရမည်အကြောင်း၊ ဟာမန်သား တကျိပ်ကိုလည်း လည်ဆွဲချတိုင်၌ ဆွဲထားရမည်အကြောင်း အမိန့်ရှိတော်မူပါ၊ ဟုလျှောက်သည်အတိုင်း၊ ၁၄ ရှင်ဘုရင် မိန့်တော်မူ၍ ရှုရှန်နန်းတော်၌ အမိန့်တော်ကို ထုတ်ပြီးမှ ဟာမန်သားတကျိပ်ကို ဆွဲထားကြ၏၊၊ ၁၅ ရှုရှန်မြို့၌ ရှိသော ယုဒလူတို့သည်လည်း၊ အာဒါလ တဆယ်လေးရက်နေ့တွင် စုဝေး၍ ရှုရှန်မြို့သား သုံးရာတို့ကို သတ်ကြ၏၊၊ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်းမယူဘဲ နေကြ၏၊၊


ယုဒလူများ ပျော်မွေ့ရာနေ့ပြုလုပ်ကြ

၁၆ နိုင်ငံတော် အတိုင်းတိုင်း အပြည်ပြည်၌ ရှိသော ယုဒလူအခြားတို့သည်၊ အာဒါလ တဆယ်သုံးရက်နေ့တွင် မိမိတို့အသက်ကို စောင့်လျက်၊ ရန်သူလက်သို့ မရောက်ဘဲ ချမ်းသာရမည်အကြောင်း၊ စုဝေး၍ ရန်သူ ခုနစ်သောင်း ငါးထောင်တို့ကို သတ်ကြ၏၊၊ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်းမယူဘဲ နေကြ၏၊၊ ၁၇ ထိုလ တဆယ်လေးရက်နေ့တွင် ငြိမ်ဝပ်စွာနေ၍ ပွဲခံရာနေ့၊ ပျော်မွေ့ရာနေ့ဖြစ်စေခြင်းငှါ စောင့်ရှောက်ကြ၏၊၊ ၁၈ ရှုရှန်မြို့၌ ရှိသော ယုဒလူများမူကား၊ တဆယ်သုံးရက်နေ့နှင့် တဆယ်လေးရက်နေ့တွင် စုဝေးကြ၏၊၊ တဆယ် ငါးရက်မြောက်သောအခါ ငြိမ်ဝပ်စွာနေ၍ ပွဲခံရာနေ့၊ ပျော်မွေ့ရာနေ့ဖြစ်စေခြင်းငှါ စောင့်ရှောက်ကြ၏၊၊ ၁၉ မြို့ရိုးမရှိသော ရွာတို့၌ နေသော ယုဒလူတို့သည်လည်း၊ အာဒါလ တဆယ်လေးရက်နေ့ကို ပျော်မွေ့စွာ ပွဲခံရာနေ့၊ မင်္ဂလာနေ့၊ တယောက်ကို တယောက် လက်ဆောင် ပေးလိုက်ရာနေ့ ဖြစ်စေကြ၏၊၊


ပုရနေ့ကို နှစ်စဉ်နှစ်တိုင်းပွဲ ခံရာနေ့ဖြစ်စေ

၂၀ တဖန်မော်ဒကဲသည် ဤအမှုအရာတို့ကို ရေးထား၏၊၊ ၂၁ ယုဒလူတို့သည် ရန်သူလက်မှ လွတ်၍ချမ်းသာရသောနေ့၊ ၂၂ သူတို့ဝမ်းနည်းခြင်းနှင့် မြည်တမ်းခြင်း ပျောက်၍၊ ဝမ်းမြောက်ခြင်းနှင့် ပျော်မွေ့ခြင်းသို့ ရောက်သောလတည်းဟူသော အာဒါလ တဆယ်လေးရက်နှင့် တဆယ်ငါးရက်နေ့တို့ကို နှစ်တိုင်းစောင့်၍ပွဲခံရာနေ့၊ ပျော်မွေ့ရာနေ့၊ တယောက်ကို တယောက် လက်ဆောင်ပေးလိုက်၍ ဆင်းရဲသောသူတို့အား စွန့်ကြဲရာနေ့ဖြစ်စေသော ထုံးစံကို စီရင်ခြင်းငှါ၊ ရှင်ဘုရင် အာရွှေရု နိုင်ငံတော် အပြည်ပြည်၌ အနီး အဝေးရှိသော ယုဒလူ အပေါင်းတို့ နေရာသို့မှာ စာကိုပေးလိုက်လေ၏၊၊ ၂၃ ယုဒလူတို့သည်လည်း၊ ပြုစရှိ၍ မော်ဒကဲ မှာလိုက်သည်အတိုင်း အမြဲပြုပါမည်၊ ဟုဝန်ခံကြ၏၊၊ ၂၄ ယုဒလူ အပေါင်းတို့၏ ရန်သူဖြစ်သော အာဂတ်အမျိုး၊ ဟမ္မေဒါသသား ဟာမန်သည် ယုဒအမျိုးကို ဖျက်ဆီးမည်အကြံရှိ၍ ဖျက်ဆီးပယ်ရှင်းခြင်းငှါ ပုရစာရေးတံချသောကြောင့်၎င်း၊ ၂၅ ဧသတာသည် ရှင်ဘုရင်ထံတော်သို့ဝင်၍ ယုဒလူတို့တဘက်၌ ဟာမန်ကြံစည်သော အဓမ္မအကြံကို သူ၏ခေါင်းပေါ်သို့ ပြန်ရောက်စေမည် အကြောင်း၊ သူနှင့်သူ၏ သားတို့ကိုလည်း လည်ဆွဲချတိုင်၌ ဆွဲထားစေမည်အကြောင်း၊ အမိန့်တော်စာကို ပေးတော်မူသည်ဖြစ်၍၎င်း၊ ၂၆ ပုရဟူသော စကားကို အစွဲပြုသဖြင့်၊ ထိုနေ့တို့ကို ပုရနေ့ဟူ၍ ခေါ်ဝေါ်ကြ၏၊၊ ထိုအမိန့်တော်စာချက်နှင့် ကိုယ်တိုင်တွေ့မြင်သော အမှုကို ထောက်လျက်၊ ၂၇ ယုဒလူတို့သည် ကိုယ်တိုင်မှစ၍ သားမြေး၊ ဘာသာဝင်သူ အပေါင်းတို့နှင့် တကွ၊ မော်ဒကဲ မှာစာ၌ စီရင် ထုံးဖွဲ့သည်အတိုင်း၊ ထိုနေ့နှစ်ရက်ကို နှစ်တိုင်း အစဉ်မပြတ် စောင့်မည်အကြောင်း၊ ၂၈ ထိုပုရနေ့တို့သည် ယုဒအမျိုး၌ မပျောက်၊ သားစဉ်မြေးဆက်တို့သည် မမေ့မလျော့၊ အပြည်ပြည် အမြို့မြို့၌ နေသော အဆွေအမျိုး အသီးအသီး အစဉ်အဆက်တို့သည် စီရင်သည်အတိုင်း၊ အောက်မေ့ စောင့်ရှောက်မည်အကြောင်း ဝန်ခံကြ၏၊၊ ၂၉ ထိုအခါ အဘိဟဲလသမီး မိဖုရား ဧသတာနှင့် ယုဒအမျိုး မော်ဒကဲတို့သည် ပုရနေ့တို့ကို မြဲမြံစွာ တည်စေခြင်းငှါ ကျပ်တည်းစွာ အာဏာထား၍ မှာစာကိုတဖန် ရေးထားကြ၏။ ၃၀ ယုဒအမျိုးသား မော်ဒကဲနှင့် မိဖုရား ဧသတာမှာထား၍ ၃၁ ယုဒလူတို့သည် ကိုယ်အဘို့နှင့် သားစဉ်မြေးဆက်အဘို့ စီရင်သည်အတိုင်း၊ ချိန်းချက်သောအချိန်၌ အစာရှောင်ခြင်း၊ ဆုတောင်းခြင်းနှင့်တကွ ပုရနေ့တို့ကို အမြဲစောင့်စေခြင်းငှါ၊ အာရွှေရု နိုင်ငံတော်တွင်၊ တိုင်းပြည်တရာ နှစ်ဆယ်ခုနစ်ပြည်၌ ရှိသော ယုဒလူ အပေါင်းတို့နေရာသို့ ငြိမ်သက်စေသော သစ္စာစကားနှင့် ထိုမှာစာကို မော်ဒကဲ ပေးလိုက်လေ၏၊၊ ၃၂ ဧသတာစီရင်သော အားဖြင့်၊ ပုရနေ့တို့ကို စောင့်ရာ ထုံးစံသည် အမြဲတည်၍ ဤစာ၌ ရေးထားလျက် ရှိသတည်း၊၊



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.