-
AA
+
🡀
|
🡂
ဧသတာ၀တ္ထု
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး
၁၀





ဧသတာ၀တ္ထု
အခန်းကြီး ၈


ဟာမန်လက်စွပ်ကိုမော်ဒကဲပေး

ထိုနေ့ခြင်းတွင် ရှင်ဘုရင် အာရွှေရုသည် ယုဒအမျိုး၏ ရန်သူ ဟာမန်အိမ်ကို မိဖုရား ဧသတာအား ပေးတော်မူ၏၊၊ ဧသတာသည် မော်ဒကဲနှင့် အဘယ်သို့ ပေါက်ဖေါ်တော်သည်ကို ဧသတာလျှောက်သဖြင့် မော်ဒကဲသည် ရှင်ဘုရင်ထံတော်သို့ ဝင်ရ၏၊၊ ရှင်ဘုရင်သည်လည်း၊ ဟာမန်လက်မှ နှုတ်သော လက်စွပ်တော်ကို တဖန်ချွတ်၍ မော်ဒကဲအား ပေးတော်မူ၏၊၊ ဧသတာသည်လည်း ဟာမန်အိမ်ကို မော်ဒကဲ၌ အပ်လေ၏၊၊


ဧသတာက သူ့မအမျိုး ဖျက်ဆီးမည့်အမိန့် ဖျက်ဘို့ပန်ကြား

တဖန် ဧသတာသည် ရှင်ဘုရင် ခြေတော်ရင်း၌ ပြပ်ဝပ်၍၊ အာဂတ်အမျိုး ဟာမန်ပြုသောအပြစ်၊ ယုဒအမျိုးတဘက်၌ ကြံစည်သော အကြံအစည်ကို ပယ်တော်မူမည်အကြောင်း၊ မျက်ရည်ကျလျက် တောင်းပန်လေ၏၊၊ ရှင်ဘုရင်သည် ရွှေရာဇလှံတံကို ဧသတာသို့ ကမ်းတော်မူသဖြင့်၊ ဧသတာသည်ထ၍ ရှင်ဘုရင်ရှေ့တော်၌ ရပ်လျက် အရှင်မင်းကြီး အလိုတော်ရှိ၍ ​ကျွန်တော်မကို စိတ်နှင့်တွေ့တော်မူလျှင်၎င်း၊ ​ကျွန်တော်မအမှုသည် ရှေ့တော်၌ လျောက်ပတ်၍ ကိုယ်တော်သည် ကျွန်တော်မကိုလည်း ချစ်တော်မူလျှင်၎င်း၊ နိုင်ငံတော် အတိုင်းတိုင်း အပြည်ပြည်တို့၌ ရှိသော ယုဒလူတို့ကို ဖျက်ဆီးခြင်းငှါ၊ အာဂတ်အမျိုး ဟမ္မေဒါသသား ဟာမန်စီရင်သော စာကို ပယ်မည်အကြောင်း၊ ထပ်၍ စာရေးစေတော်မူပါ၊၊ ​ကျွန်တော်မ အမျိုးအပေါ်သို့ ရောက်ရသော ဘေးကို၎င်း၊ ​ကျွန်တော်မ အမျိုးသားချင်း ပျက်စီးသောအမှုကို၎င်း၊ ​ကျွန်တော်မသည် ကြည့်ရှုခြင်းငှါ၊ အဘယ်သို့ တတ်နိုင်ပါအံ့နည်း၊ ဟုလျှောက်ဆို၏၊၊ ရှင်ဘုရင် အာရွှေရုကလည်း ဟာမန်သည် ယုဒလူတို့ကို ထိခိုက်သောကြောင့်၊ သူ၏အိမ်ကို မိဖုရားဧသတာအား ငါပေးပြီ၊၊ ထိုသူကိုလည်း လည်ဆွဲချတိုင်၌ ကွပ်မျက်စေပြီ၊၊ သို့ရာတွင် ရှင်ဘုရင် လက်စွပ်နှင့် တံဆိပ်ခတ်သော ရှင်ဘုရင်အမိန့်တော် စာကို အဘယ်သူမျှ မပယ်ရသည်ဖြစ်၍၊ စိတ်ရှိသည်အတိုင်း ယုဒလူတို့အဘို့ အမိန့်တော်စာကို တဖန်ရေး၍၊ လက်စွပ်တော်နှင့် တံဆိပ် ခတ်ရမည်၊ ဟုမိဖုးရာဧသတာနှင့် ယုဒလူမော်ဒကဲတို့အား မိန့်တော်မူ၏၊၊


ယုဒလူတို့ ရန်သူကို ခုခံခွင့်ပေးသော စာဖြန့်ဝေ

ထိုအခါ သိဝန်အမည်ရှိသော တတိယလ နှစ်ဆယ်သုံးရက်နေ့တွင် စာရေးတော်ကြီးတို့ကိုခေါ်၍၊ အိန္ဒိယပြည်မှ ကုရှပြည်တိုင်အောင်၊ တိုင်းပြည်တရာ နှစ်ဆယ်ခုနစ်ပြည်တို့၌ ရှိသောယုဒလူ၊ ကိုယ်စားတော်မင်း၊ အပြည်ပြည်အုပ်သော မြို့ဝန်၊ မြို့သူကြီးတို့ကို မော်ဒကဲမှာ ထားသမျှအတိုင်း၊ ယုဒဘာသာစကားမှစ၍ လူအမျိုးမျိုး ပြောသော စကားအသီးအသီးအားဖြင့် ၁၀ ရှင်ဘုရင် အာရွှေရု၏ အမိန့်တော်စာကို ရေး၍၊ ရှင်ဘုရင် လက်စွပ်တော်နှင့် တံဆိပ်ခတ်ပြီးမှမြင်း၊ လား၊ ကုလားအုပ်၊ မြည်းစီးသော စာပို့လုလင်တို့ဖြင့် ပေးလိုက်လေ၏၊၊ ၁၁ အမိန့်တော်စာချက်ဟူမူကား၊ အာဒါအမည်ရှိသော ဒွါဒသမလ တဆယ်သုံးရက်တနေ့ခြင်းတွင် ၁၂ နိုင်ငံတော် အတိုင်းတိုင်း အပြည်ပြည် အမြို့မြို့၌ ရှိသော ယုဒလူတို့သည် စုဝေး၍၊ မိမိတို့အသက်ကို စောင့်ရသောအခွင့်၊ တိုက်လာသောပြည်သူ၊ စစ်သူရဲအပေါင်းတို့ကို မိန်းမသူငယ်နှင့်တကွ သတ်ဖြတ် သုတ်သင်ပယ်ရှင်း၍၊ သူတို့ဥစ္စာကို လုယူသိမ်းရုံးရသော အခွင့်ကို ရှင်ဘုရင်က ပေးတော်မူ၏။ ၁၃ ဤရွေ့ကား၊ ယုဒလူတို့သည် ထိုနေ့ရက်တွင် ရန်သူတို့ကို ရန်တုံ့ပြုစေခြင်းငှါ၊ အတိုင်းတိုင်း အပြည်ပြည်၌ နေသော လူမျိုးအပေါင်းတို့အား ကြော်ရသော အမိန့်တော် စာချက်ဖြစ်သတည်း၊၊ ၁၄ ထိုအမိန့်တော် စာကို ရှုရှန်နန်းတော်၌ ကြော်ပြီးမှ ရှင်ဘုရင် ကျပ်တည်းစွာ စီရင်သည်အတိုင်း၊ စာပို့လုလင်တို့သည် အလျှင်အမြန် ပြေးသွားကြ၏၊၊


မော်ဒကဲ ကောင်းစား၍ ပြည်သူပြည်သားများ ဝမ်းမြောက်

၁၅ မော်ဒကဲသည်လည်း၊ မင်းမြောက် တန်ဆာတည်းဟူသော အဝတ်အဖြူ အပြာကို ဝတ်ဆင်လျက်၊ ကြီးစွာသော ရွှေသဖူကို ဆောင်းလျက်၊ ပိတ်ချောနှင့် မောင်းသော အထည်ဖြင့် ပြီးသောဝတ်လုံကို ခြုံလျက်၊ ရှင်ဘုရင်ထံတော်မှ ထွက်သွား၍ ၁၆ ရှုရှန်မြို့တော်သည် ဝမ်းမြောက်ရွှင်လန်းခြင်းသို့ ရောက်လေ၏၊၊ ယုဒလူတို့သည်လည်း သက်သာရွှင်လန်း၍ ဝမ်းမြောက်ခြင်း၊ အသရေ ထွန်းလင်းခြင်းသို့ ရောက်ကြ၏၊၊ ၁၇ ရှင်ဘုရင် အမိန့်တော် စာရောက်လေသော အပြည်ပြည်အမြို့မြို့၌၊ ယုဒလူတို့သည် ဝမ်းမြောက်ရွှင်လန်းခြင်း၊ ပွဲခံခြင်း၊ မင်္ဂလာနေ့စောင့်ခြင်းကို ပြု၍၊ ပြည်သူ ပြည်သား အများတို့သည် ယုဒလူတို့ကို ကြောက်ရွံ့သောကြောင့် ယုဒဘာသာကို ဝင်ကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.