-
AA
+
🡀
|
🡂
ဧသတာ၀တ္ထု
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး
၁၀





ဧသတာ၀တ္ထု
အခန်းကြီး ၃


မော်ဒကဲကဟာမန်ကိုရှိမခိုး

ထိုနောက်မှ ရှင်ဘုရင် အာရွှေရုသည် အာဂတ်အမျိုး၊ ဟမ္မေဒါသသား ဟာမန်ကို ချီးမြှောက်၍ အထံတော်၌ ရှိသော မှူးမတ် အပေါင်းတို့ထက်သာ၍ မြင့်မြတ်သောနေရာကို ပေးတော်မူ၏၊၊ နန်းတော်တံခါးသို့ ရောက်သော ရှင်ဘုရင်၏ ကျွန်အပေါင်းတို့သည် အမိန့်တော် ရှိသည်အတိုင်း ဟာမန်ကို ဦးချရှိခိုးကြ၏၊၊ မော်ဒကဲမူကား ဦးမချ၊ ရှိမခိုး။ နန်းတော်တံခါးသို့ ရောက်သော ရှင်ဘုရင်၏ကျွန်တို့က၊ သင်သည် ရှင်ဘုရင်အမိန့်တော်ကို အဘယ်ကြောင့် ငြင်းဆန်သနည်း၊ ဟုနေ့တိုင်း မော်ဒကဲအား မေးမြန်း သတိပေးသော်လည်း၊ မော်ဒကဲက ငါသည် ယုဒလူဖြစ်သည်၊ ဟုပြန်ပြော၍ သူတို့စကားကို နားမထောင်သောကြောင့် သူတို့ သည် မော်ဒကဲစကား တည်မည်မတည်မည်ကို သိလိုသောငှါ၊ ဟာမန်အား ကြားပြောကြ၏၊၊ ထိုသို့ မော်ဒကဲသည် ဦးမချ၊ ရှိမခိုးဘဲ နေကြောင်းကို ဟာမန်သိမြင်သောအခါ အလွန်အမျက်ထွက်၍၊ သူတို့သည် မော်ဒကဲအမျိုးကို ဖေါ်ပြသောကြောင့်၊ မော်ဒကဲ တယောက်တည်း ကိုကွပ်မျက်လျှင်၊ စိတ်မပြေလောက်၊ ဟုဟာမန်သည် အောက်မေ့လျက်၊ မော်ဒကဲ အမျိုးသားချင်း တည်းဟူသော အာရွှေရုနိုင်ငံ အရပ်ရပ်၌ ရှိသော ယုဒလူအပေါင်းတို့ကို ဖျက်ဆီးခြင်းငှါ ရှာကြံလေ၏၊၊


ယုဒအမျိုးကို သတ်ဘို့ ဟာမန်ရှင် ဘုရင်ထံခွင့်တောင်း

ထိုကြောင့် အာရွှေနန်းစံ ဆယ်နှစ်နှစ်၊ နိသန်အမည်ရှိသော ပဌမလတွင်၊ နေ့ရက်အစဉ်၊ လအစဉ်အတိုင်းလိုက်၍ အာဒါအမည်ရှိသော ဒွါဒသမလတိုင်အောင်၊ ဟာမန်ရှေ့မှာ ပုရစာရေးတံချကြ၏၊၊ တဖန်ဟာမန်သည် ရှင်ဘုရင် အာရွှေရုထံတော်သို့ဝင်၍ အခြားတပါးသော လူမျိုးအပေါင်းတို့နှင့် ကျင့်ရာထုံးတမ်းမတူ၊ အရှင်မင်းကြီး စီရင်တော်မူချက်တို့ ကိုနားမထောင်၊ နိုင်ငံတော်အတွင်း၊ တိုင်းသူ ပြည်သား အမျိုးမျိုးတို့တွင် အရပ်ရပ် ကွဲပြားလျက်နေသော လူမျိုးတမျိုးရှိပါ၏၊၊ ထိုအမျိုးကို အခွင့်ပေးတော်မူရာ၌ ကျေးဇူးတော် မရှိပါ၊၊ ကိုယ်တော် သဘောတူလျှင် ထိုအမျိုးကို ဖျက်ဆီးစေ၊ ဟုအမိန့်ရှိတော်မူပါ၊၊ ထိုအမှုကို ဆောင်ရွက်သောသူတို့ သည် ဘဏ္ဍာတော် တိုက်ထဲသို့ ငွေအခွက်တသိန်းကို သွင်းစေခြင်းငှါ၊ ​ကျွန်တော် အပ်ပေးပါမည်၊ ဟုလျှောက်လေ၏၊၊ ၁၀ ရှင်ဘုရင်ကလည်း၊ ထိုငွေကိုသင့်အား ငါပေး၏၊၊ ၁၁ ထိုလူမျိုးကိုလည်း သင်သည် ပြုချင်သမျှ ပြုရသောအခွင့် ရှိစေခြင်းငှါ၊ သင်၌ ငါအပ်သည်၊ ဟုလက်စွပ်တော်ကိုချွတ်၍ ယုဒအမျိုး၏ ရန်သူဖြစ်သော အာဂတ်အမျိုး ဟမ္မေဒါသသား ဟာမန်အား ပေးတော်မူ၏၊၊


ယုဒအမျိုးကိုသတ်ရန် အမိန့်တော်စာဖြန့်

၁၂ ထိုအခါ ပဌမလ တဆယ်သုံးရက်နေ့တွင် စာရေးတော်ကြီးတို့ကိုခေါ်၍ ကိုယ်စားတော်မင်း၊ အပြည်ပြည်အုပ်သော မြို့ဝန်၊ အရပ်ရပ် စီရင်သော သူကြီးတို့ကို ဟာမန်မှာ ထားသမျှအတိုင်း၊ လူအမျိုးမျိုး ပြောသော စကားအသီးသီးအားဖြင့် ရှင်ဘုရင် အာရွှေရု၏ အမိန့်တော်စာကို ရေး၍ ရှင်ဘုရင်၏ လက်စွပ်တော်နှင့် တံဆိတ်ခတ်လေ၏၊၊ ၁၃ အာဒါအမည်ရှိသော ဒွါဒသမလ တဆယ်သုံးရက် တနေ့ခြင်းတွင် ယုဒလူ အကြီးအငယ် မိန်းမကလေးရှိရှိသမျှတို့ကို သတ်ဖြတ်သုတ်သင်ပယ်ရှင်း၍ သူတို့ဥစ္စာကို လုယူ သိမ်းရုံးစေခြင်းငှါ၊ အမိန့်တော်စာကို စာပို့လုလင်တို့ဖြင့် နိုင်ငံတော် အပြည်ပြည်သို့ ပေးလိုက်လေ၏၊၊ ၁၄ ဤရွေ့ကား၊ လူအမျိုးမျိုးတို့သည် ထိုနေ့ရက်တွင် အသင့်ရှိစေခြင်းငှါ၊ အတိုင်းတိုင်း အပြည်ပြည်၌ ကြော်ငြာရသော အမိန့်တော် စာချက်ဖြစ်သတည်း၊၊ ၁၅ ရှုရှန်နန်းတော်၌ ထိုအမိန့်တော်စာကို ကြော်ငြာပြီးမှ ရှင်ဘုရင် စီရင်သည်အတိုင်း၊ စာပို့လုလင်တို့သည် အလျှင်အမြန် ပြေးသွားကြ၏၊၊ ရှင်ဘုရင်နှင့် ဟာမန်သည် စပျစ်ရည်သောက်ပွဲ၌ ထိုင်၍ ရှုရှန်မြို့တော်သည် ဆင်းရဲခြင်းသို့ ရောက်သတည်း၊၊



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.