-
AA
+
🡀
|
🡂
အာမုတ် အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





အာမုတ် အနာဂတ္တိ
အခန်းကြီး ၇


ကျိုင်းကောင်တို့က တပြည်လုံးမြက်စား

တဖန် အရှင်ထာဝရဘုရားသည် ငါ့အားပြတော်မူသော ရူပါရုံဟူမူကား၊ ရှင်ဘုရင် ဆိုင်သော မြက်ပင်ကို ရိတ်ပြီးမှ၊ နောက်မြက်ပင် ပေါက်စကာလ၌ ကျိုင်းကောင်တို့ကို ဖန်ဆင်းတော်မူ၏။ ထိုကျိုင်းကောင်တို့သည် တပြည်လုံး၌ ရှိသော မြက်ပင်ကို စား၍ ကုန်ပြီးမှ ငါက၊ အိုအရှင်ထာဝရဘုရား၊ အပြစ်လွှတ်တော်မူပါ။ ယာကုပ်သည် ငယ်သောကြောင့်၊ အဘယ်သို့ ထရပါလိမ့်မည်နည်း၊ ဟုလျှောက်သော်၊ ထာဝရဘုရားသည် နောင်တရ၍၊ ဤသို့မဖြစ်ရ၊ ဟုမိန့်တော်မူ၏။


မီးဖြင့် သမုဒ္ဒရာနှင့်ကုန်းလောင်

တဖန် အရှင်ထာဝရဘုရားသည် ငါ့အား ပြတော်မူသော ရူပါရုံဟူမူကား၊ မီးဖြင့်ဒဏ်ပေးခြင်းငှာ မီးကိုခေါ်တော်မူ၍၊ မဟာသမုဒ္ဒ​ရာကို မီးလောင်လေ၏။ ကုန်းကိုလည်း လောင်လေ၏။ ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ ဆိုင်းတော်မူပါ။ ယာကုပ်သည် ငယ်သောကြောင့် အဘယ်သို့ ထရပါလိမ့်မည်နည်း၊ ဟုလျှောက်သော်၊ အရှင်ထာဝရဘုရားသည် နောင်တရ၍၊ ဤသို့မဖြစ်ရ၊ ဟုမိန့်တော်မူ၏။


CROSS REFERENCES






တဖန် ပြတော်မူသော ရူပါရုံဟူမူကား၊ ချိန်ကြိုးချ၍ လုပ်သော ကျောက်ရိုးပေါ်မှာ ထာဝရဘုရားသည် ရပ်လျက်၊ လက်တော်၌ ချိန်ကြိုးကိုကိုင်လျက်၊ အာမုတ်၊ သင်သည် အဘယ်အရာကို မြင်သနည်း [A]၊ ဟုမေးတော်မူလျှင်၊ ချိန်ကြိုးကိုမြင်ပါသည်၊ ဟုလျှောက်သော်၊ ဘုရားရှင်က၊ ငါ၏လူ ဣသရေလ အမျိုးအလယ်၌ ချိန်ကြိုးကို ငါချမည်။ နောင်တဖန် သူတို့ကို သည်းမခံ။ ဣဇာက်၏ မြင့်ရာအရပ်တို့သည် လူဆိတ်ညံလျက်၊ ဣသရေလ၏ သန့်ရှင်းရာအရပ်တို့သည် သုတ်သင် ပယ်ရှင်းလျက် ရှိကြလိမ့်မည်။ ယေရောဗောင် မင်းမျိုးကိုလည်း ဓားနှင့်ငါတိုက်မည်၊ ဟုမိန့်တော်မူ၏။

၁၀ ထိုအခါ ဗေသလယဇ်ပုရောဟိတ် အာမဇိသည် ဣသရေလရှင်ဘုရင် ယေရောဗောင်ထံသို့ စေလွှတ်၍၊ အာမုတ်သည် ဣသရေလအမျိုး အလယ်တွင် ကိုယ်တော်တဖက်၌ မကောင်းသောအကြံကို ကြံစည်ပါပြီ။ သူ၏စကား အလုံးစုံတို့ကို ပြည်တော်သည် မခံနိုင်ပါ။ ၁၁ ယေရောဗောင်သည် ဓားဖြင့်သေရလိမ့်မည်။ ဣသရေလအမျိုးသားတို့သည် နေရင်းပြည်မှ ဆက်ဆက်နှင်သွားခြင်းကို ခံရကြလိမ့်မည်၊ ဟုအာမုတ်ဆိုတတ်ပါသည်၊ ဟုလျှောက်လေ၏။ ၁၂ အာမုတ်ကိုလည်းခေါ်၍၊ အိုပရောဖက်၊ ယုဒပြည်သို့ ပြေးသွားလော့။ ထိုပြည်မှာ ပရောဖက်ပြု၍ အသက်မွေးလော့။ ၁၃ နောက်တဖန် ဗေသလမြို့တဘက်၌ ပရောဖက်မပြုနှင့်။ ရှင်ဘုရင်၏ သန့်ရှင်းရာ ဌာနတော်ဖြစ်၏။ နန်းတော် တည်ရာမြို့လည်း ဖြစ်၏ဟုဆိုလျှင်၊ ၁၄ အာမုတ်က၊ ငါသည် ပရောဖက်မဟုတ်၊ ပရောဖက်၏သားလည်း မဟုတ်ဘဲ၊ နွားကျောင်းသောသူ၊ သဖန်းသီးကို ဆွတ်သောသူ ဖြစ်စဉ်အခါ၊ ၁၅ ထာဝရဘုရားသည် နွားကျောင်းရာမှ ငါ့ကိုနှုတ်ယူ၍၊ သင်သွားလော့။ ငါ၏လူ ဣသရေလအမျိုးတွင် ပရောဖက်ပြုလော့ ဟုမိန့်တော်မူ၏။ ၁၆ သို့ဖြစ်၍၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်လော့။ ဣသရေလအမျိုး တဖက်၌ ပရောဖက် မပြုနှင့်။ ဣဇာက်အမျိုး တဖက်၌ မမြွက်နှင့်၊ ဟုသင်ဆိုသော်၊ ၁၇ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၏မယားသည် ပြည်တန်ဆာ ဖြစ်လိမ့်မည်။ သင်၏ သားသမီးတို့သည် ဓားဖြင့် သေကြလိမ့်မည်။ သူတပါးတို့သည် သင်၏မြေကို ကြိုးတန်းချ၍ ဝေဖန်ကြလိမ့်မည်။ သင်သည် ညစ်ညူးသောပြည်၌ သေရလိမ့်မည်။ ဣသရေလအမျိုးသည် နေရင်းပြည်မှ ဆက်ဆက် နှင်သွားခြင်းကို ခံရကြလိမ့်မည်၊ ဟုအာမဇိအား ဆင့်ဆိုလေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.