-
AA
+
🡀
|
🡂
အာမုတ် အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





အာမုတ် အနာဂတ္တိ
အခန်းကြီး ၅


ထာဝရဘုရားကို ရှာကြလော့

အိုဣသရေလအမျိုး၊ ယခုသင်တို့၌ ငါမြွက်ဆို၍ မြည်တမ်းသော စကားကို နားထောင်ကြလော့။ ဣသရေလ သတို့သမီးကညာသည် လဲပြီ။ နောက်တဖန်မထရ။ မိမိမြေပေါ်မှာ တုံးလုံးနေ၏။ ချီကြွသောသူမရှိ။ အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလ အမျိုး၏အမှုကို ထမ်းစေဘို့ လူတထောင်ကို ပေးနိုင်သောမြို့သည် လူတရာ၊ တရာကို ပေးနိုင်သော မြို့သည် တကျိပ်ကိုသာ ပေးနိုင်လိမ့်မည်။ ထာဝရဘုရားသည် ဣသရေလ အမျိုးအား မိန့်တော်မူသည်ကား၊ ငါ့ကိုရှာကြလော့။ ရှာလျှင် အသက်ချမ်းသာ ရကြလိမ့်မည်။ ဗေသလမြို့ကို မရှာကြနှင့်။ ဂိလဂါလသို့ မဝင်ကြနှင့်။ ဗေရရှေဘမြို့သို့ မသွားကြနှင့်။ အကြောင်းမူကား၊ ဂိလဂါလသည် ဆက်ဆက် သိမ်းသွားခြင်းကို ခံရလိမ့်မည်။ ဗေသလမြို့သည်လည်း၊ အကျိုးနည်းရှိလိမ့်မည်။ ထာဝရဘုရားကို ရှာကြလော့။ ရှာလျှင် အသက်ချမ်းသာ ရကြလိမ့်မည်။ သို့မဟုတ်လျှင်၊ ယောသပ်အမျိုးအပေါ်မှာ မီးကဲ့သို့တက်၍၊ အဘယ်သူမျှ မငြိမ်းနိုင်အောင် ဣသရေလ အမျိုးကို လောင်စေတော်မူမည်။ တရားသဖြင့် စီရင်ခြင်းကို ဒေါနဖြစ်စေ၍၊ ​ဖြောင့်မတ်ခြင်း တရားကို မြေသို့ချကြပြီးသောသူတို့၊ ခိမကြယ်စုနှင့် ခသိလကြယ်ကို ဖန်ဆင်းထသော၊ သေမင်းအရိပ်ကို နံနက်အလင်း ဖြစ်စေခြင်းငှါ၎င်း၊ နေ့အလင်းကို ညအမိုက်ဖြစ်စေခြင်းငှါ၎င်း စီရင်ထသော၊ ပင်လယ်ရေကိုခေါ်၍ မြေပေါ်မှာ သွန်းလောင်းထသော၊ ထာဝရဘုရား တည်းဟူသော ဘွဲ့နာမရှိထသော၊ ခွန်အားကြီးသော သူတို့ကို၎င်း၊ ရဲတိုက်ကို၎င်း ဖျက်ဆီးတော်မူသော ဘုရားကို ရှာကြလော့။ ၁၀ မြို့တံခါးဝတွင် ဆုံးမတတ်သောသူကို မုန်း၍ ​ဖြောင့်မတ်စွာ ပြောတတ်သောသူကို ရွံရှာကြပြီတကား။


ဒုစရိုက်ကိုမုန်း၍ သုစရိုက်ကို ချစ်ကြလော့

၁၁ သင်တို့သည် ဆင်းရဲသားကို နှိပ်စက်၍ ဂျုံစပါးကို တောင်းခံတတ်သောကြောင့်၊ ဆစ်သောကျောက်နှင့် တိုက်ကို တည်သော်လည်း ထိုတိုက်၌ မနေရကြ။ နှစ်သက်ဘွယ်သော စပျစ်ဥယျာဉ်ကို စိုက်သော်လည်း စပျစ်ရည်ကို မသောက်ရကြ။ ၁၂ သင်တို့ အထပ်ထပ် လွန်ကျူးသော ဒုစရိုက်၊ အလွန်လေးသော အပြစ်တို့ကို ငါသိ၏။ ​ဖြောင့်မတ်သောသူကို နှောင့်ယှက်တတ်ကြ၏။ တံစိုးစားတတ်ကြ၏။ ဆင်းရဲသားကို တံခါးဝတွင် မတရားသဖြင့် စီရင်တတ်ကြ၏။ ၁၃ ထိုသို့သောကာလသည် ဆိုးယုတ်သော ကာလဖြစ်သောကြောင့်၊ ပညာရှိသောသူသည် တိတ်ဆိတ်စွာ နေလိမ့်မည်။ ၁၄ အသက်ချမ်းသာစေခြင်းငှါ ဒုစရိုက်ကို ရှောင်၍ သုစရိုက်ကို ရှာကြလော့။ ထိုသို့ပြုလျှင်၊ သင်တို့ ဆိုတတ်သည်အတိုင်း၊ ကောင်းကင် ဗိုလ်​ခြေ အရှင်ဘုရားသခင် ထာဝရ ဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။ ၁၅ ဒုစရိုက်ကိုမုန်း၍ သုစရိုက်ကို ချစ်ကြလော့။ မြို့တံခါးဝတွင် တရားကို တည်စေကြလော့။ ကောင်းကင်ဗိုလ်​ခြေ အရှင်ဘုရားသခင် ထာဝရဘုရားသည် ကျန်ကြွင်းသော ယောသပ်အမျိုးကို သနားကောင်း သနားတော်မူလိမ့်မည်။


ထာ၀ရဘုရား၏နေ့ရက် အမင်္ဂလာ

၁၆ ကောင်းကင်ဗိုလ်​ခြေ အရှင်ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ခပ်သိမ်းသောလမ်းတို့၌ မြည်တမ်းခြင်းရှိ၍ သွားလာသောသူတို့က၊ အလိုလေး၊ အလိုလေး၊ ဟုဆိုကြလိမ့်မည်။ လယ်လုပ်သောသူသည် ညည်းတွားစေခြင်းငှါ၎င်း၊ မြည်တမ်းတတ်သောသူသည် ငိုကြွေး မြည်တမ်းစေခြင်းငှါ၎င်း ခေါ်ကြလိမ့်မည်။ ၁၇ ခပ်သိမ်းသော စပျစ်ဥယျာဉ်တို့၌လည်း မြည်တမ်းခြင်းရှိလိမ့်မည်။ အကြောင်းမူကား၊ ငါသည် သင်တို့အလယ်၌ လျှောက်သွားမည်၊ ဟုထာဝရဘုရား မိန့်တော်မူ၏။ ၁၈ ထာဝရဘုရား၏ နေ့ရက်ကို တောင့်တသောသူတို့သည် အမင်္ဂလာရှိကြ၏။ သင်တို့သည် အဘယ်အကျိုး ရှိကြလိမ့်မည်နည်း။ ထာဝရဘုရား ၏နေ့ရက်သည် သင်တို့၌ လင်းသည်မဟုတ်၊ အမိုက်ဖြစ်လိမ့်မည်။ ၁၉ လူသည် ခြင်္သေ့ရှိရာမှပြေး၍ ဝံကိုတွေ့သကဲ့သို့၎င်း၊ အိမ်ထဲသို့ဝင်၍ ထရံကို မှီစဉ်မြွေကိုက်သကဲ့သို့၎င်း ဖြစ်လိမ့်မည်။ ၂၀ ထာဝရဘုရား၏ နေ့ရက်သည် မလင်းဘဲ မိုက်လိမ့်မည်။ ထွန်းလင်းခြင်းအလျှင်းမရှိ၊ အမိုက်သက်သက် ဖြစ်လိမ့်မည်။


သင်တို့၏သီချင်းဆိုသံ ပယ်ရှားကြလော့
CROSS REFERENCES






၂၁ သင်တို့ စောင့်သောပွဲနေ့တို့ကို ငါမုန်း၏။ စက်ဆုပ်ရွံရှာ၏။ ချိုးခြံစွာကျင့်သော နေ့ရက်တို့၌ ငါမမွေ့လျော်၊ ၂၂ မီးရှို့ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာတို့ကို ဆက်ကပ်သော်လည်း ငါလက်မခံ။ ဆူဝသော တိရစ္ဆာန်တို့ကို မိဿဟာယ ယဇ်ပူဇော်သော် လည်းငါသည်ပမာဏမပြု။ [A] ၂၃ သင်တို့သီချင်းဆိုသံကို ပယ်ရှားကြလော့။ တယောထိုးသံကို ငါနားငြီးလှ၏။ ၂၄ တရားသဖြင့် စီရင်ခြင်းကို ရေကဲ့သို့၎င်း၊ ​ဖြောင့်မတ်ခြင်းကို မပြတ်စီးသော မြစ်ရေကဲ့သို့၎င်း၊ စီးစေကြလော့။ ၂၅ အိုဣသရေလအမျိုး၊ သင်တို့သည် ယဇ်နှင့် ပူဇော်သက္ကာများကိုတော၌ အနှစ်လေးဆယ်ပတ်လုံး ငါ့အားပူဇော်ကြသလော။ ၂၆ သင်တို့ဘုရား မောလုပ်၏တဲနှင့် သင်တို့ ဘုရားခိအုန်၏ ကြယ်တည်းဟူသော၊ ကိုယ်အဘို့ လုပ်သောပုံတို့ကို ဆောင်ရွက်ကြပြီတကား။ ၂၇ ထိုကြောင့်၊ သင်တို့ကို ဒမာသက်မြို့တဘက်သို့ သိမ်းသွားစေခြင်းငှါ ငါစီရင်မည်၊ ဟုကောင်းကင် ဗိုလ်​ခြေ အရှင်ဘုရားသခင်ဟူ၍ ဘွဲ့နာမရှိသော ထာဝရဘုရား မိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.