-
AA
+
🡀
|
🡂
အာမုတ် အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





အာမုတ် အနာဂတ္တိ
အခန်းကြီး ၄


သင်တို့ကိုငါးမျှား၊ ပိုက်ကွန်နှင့်ဖမ်းဆီးမည်

ဆင်းရဲသောသူတို့ကို ညှဉ်းဆဲလျက်၊ ငတ်မွတ်သောသူတို့ကို နှိပ်စက်လျက်၊ မိမိသခင်တို့အား ငါတို့သောက်ဘို့ ယူခဲ့ကြ၊ ဟုဆိုတတ်လျက်၊ ရှမာရိတောင်ပေါ်မှာ နေသော ဗာရှန်နွားတို့၊ ဤစကားတော်ကို နားထောင်ကြလော့။ အရှင်ထာဝရဘုရားသည် မိမိသန့်ရှင်းခြင်း ပါရမီတော်ကို တိုင်တည်၍ ကျိန်ဆိုတော်မူသည်အတိုင်း၊ သင်တို့ကို ငါးမျှားနှင့်၎င်း၊ သင်တို့သားမြေးတို့ကို ပိုက်ကွန်နှင့်၎င်း၊ ဖမ်းဆီး ယူသွားရသော ကာလ ရောက်လိမ့်မည်။ သင်တို့ အသီးအသီး ကိုယ်စီတွေ့သောအပေါက်ဖြင့် ထွက်၍ ရဲတိုက်ထဲသို့ ချခြင်းကိုခံရမည်၊ ဟုထာဝရဘုရား မိန့်တော်မူ၏။ ဗေသလမြို့သို့သွား၍ ပြစ်မှားကြလော့။ ဂိလဂါလသို့သွား၍ များစွာသော ပြစ်မှားခြင်းကို ပြုကြလော့။ နံနက်တိုင်း ပူဇော်သော ယဇ်ကို၎င်း၊ သုံးနှစ်တခါ ဥစ္စာဆယ်ဘို့တဘို့ကို၎င်း၊ ဆောင်ခဲ့ကြလော့။ လုယူသော ဥစ္စာထဲက ကျေးဇူး ချီးမွမ်းရာ ပူဇော်သက္ကာကို မီးရှို့ကြလော့။ အလိုလိုပြုသော ပူဇော်သက္ကာများကိုလည်း ကြားပြော၍ ကြော်ငြာစေကြလော့။ အိုဣသရေလအမျိုးသားတို့၊ ထိုသို့ပြုရာတွင် သင်တို့သည် မွေ့လျော်တတ်ကြသည်၊ ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။


အစာခေါင်းပါးစေသော်လည်း ငါ့ထံသို့မလာ
CROSS REFERENCES





CROSS REFERENCES






ငါသည်လည်း၊ သင်တို့မြို့ရွာ ရှိသမျှတို့၌ သွားတို့၏ စင်ကြယ်ခြင်းကို၎င်း၊ သင်တို့နေရာရှိသမျှတို့၌ အစာခေါင်းပါးခြင်းကို၎င်း ပေးသော်လည်း၊ သင်တို့သည် ငါ့ထံသို့ပြန်၍ မလာကြ၊ [A] ဟုထာဝရဘုရား မိန့်တော်မူ၏။ စပါးရိတ်ရာ ကာလမရောက်မှီ သုံးလအထက်က၊ မိုးမရွာစေခြင်းငှါ မိုးကို ငါဆီးတားပြီ။ မြို့တမြို့ပေါ်မှာ ရွာစေခြင်းငှါ၎င်း၊ တမြို့ပေါ်မှာ မရွာစေခြင်းငှါ၎င်း ပြုလျက်၊ မြေတကွက်သည် မိုးရေကိုခံ၍ တကွက်သည်မခံရ၊ သွေ့​ခြောက်လျက်နေရ၏။ ထိုသို့ မြို့နှစ်မြို့သုံးမြို့သားတို့သည် ရေသောက်ခြင်းငှါ မြို့တမြို့သို့သွားရ၍ မဝရကြ။ သို့သော်လည်း၊ သင်တို့သည် ငါ့ထံသို့ ပြန်၍မလာကြ၊ ဟုထာဝရဘုရား မိန့်တော်မူ၏။ လေထိ၍ အပင်သေခြင်း၊ အရေယို၍ သေခြင်းဘေးဖြင့် ငါသည် ဒဏ်ခတ်လေပြီ။ သင်တို့၌ များပြားသော လယ်ယာ၊ စပျစ်ဥယျာဉ်၊ သင်္ဘောသဖန်းပင်၊ သံလွင်ပင်တို့ကို ကျိုင်းကောင်တို့သည် ကိုက်စားကြပြီ။ သို့သော်လည်း၊ ငါ့ထံသို့ ပြန်၍မလာကြ၊ ဟုထာဝရဘုရား မိန့်တော်မူ၏။ ၁၀ အဲဂုတ္တုပြည်ခံရသော ကာလနာဘေးကို သင်တို့ရှိရာသို့ ငါစေလွှတ်လေပြီ။ လုလင်တို့ကို ဓါးဖြင့် ကွပ်မျက်စေပြီ။ မြင်းတို့ကို သိမ်းသွားစေပြီ။ သင်တို့တပ်၌ ပုပ်စပ်သော အနံ့ကို သင်တို့နှာခေါင်း၌ လှိုင်စေပြီ။ သို့သော်လည်း၊ ငါ့ထံသို့ပြန်၍ မလာကြ၊ [A] ဟုထာဝရဘုရား မိန့်တော်မူ၏။ ၁၁ ဘုရားသခင်သည် သောဒုံမြို့နှင့် ဂေါမောရမြို့ကို မှောက်လှန်သကဲ့သို့၊ သင်တို့အချို့ကို ငါမှောက်လှန်၍ သင်တို့သည် မီးထဲက နှုတ်သောထင်းစကဲ့သို့ ဖြစ်ကြပြီ။ သို့သော်လည်း၊ ငါ့ထံသို့ပြန်၍ မလာကြ၊ ဟုထာဝရဘုရား မိန့်တော်မူ၏။


သင်၏ဘုရားတွေ့ခြင်းငှါ ပြင်ဆင်လော့

၁၂ သို့ဖြစ်၍၊ အိုဣသရေလအမျိုး၊ အထက်က ပြုသကဲ့သို့ သင်တို့၌ ငါပြုဦးမည်။ ထိုသို့ပြုမည် ဖြစ်သောကြောင့်၊ အိုဣသရေလအမျိုး၊ သင်၏ဘုရားသခင်နှင့် တွေ့ခြင်းငှါ ကိုယ်ကို ပြင်ဆင်လော့။ ၁၃ တောင်တို့ကိုလုပ်၍ လေကို ဖန်ဆင်းထသော၊ လူစိတ်အကြံကို လူအား ဖေါ်ပြထသော၊ နံနက်အလင်းကို အမိုက်ဖြစ်စေထသော၊ မြင့်သောမြေအရပ်တို့ကို နင်းသောသူသည် ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား တည်းဟူသော ဘွဲ့နာမရှိတော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.