-
AA
+
🡀
|
🡂
အာမုတ် အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





အာမုတ် အနာဂတ္တိ
အခန်းကြီး ၂


မောဘပြည်ကို ဒဏ်ခတ်မည်

တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ မောဘပြည်သည် ဧဒုံရှင်ဘုရင်၏ အရိုးတို့ကို ထုံးဖြစ်စေခြင်းငှါ မီးနှင့်ဖုတ်သော အပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။ မောဘပြည်အပေါ်သို့ မီးကိုလွှတ်၍၊ ကေရုတ်မြို့၏ ဘုံဗိမာန်တို့ကို လောင်စေမည်။ ကြီးသောအသံဗလံပြုခြင်း၊ အော်ဟစ်ခြင်း၊ တံပိုးမှုတ်ခြင်းနှင့်တကွ မောဘပြည်သည် ဆုံးရှုံးရလိမ့်မည်။ မောဘပြည် အလယ်၌ တရားသူကြီးကို ငါပယ်ဖြတ်၍၊ သူနှင့်တကွ မှူးမတ်အပေါင်းတို့ကို ကွပ်မျက်မည်၊ ဟုထာဝရဘုရား မိန့်တော်မူ၏။


ယုဒကို ဒဏ်ခတ်မည်

တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယုဒအမျိုးသည် ထာဝရဘုရား စီရင်တော်မူချက်တို့ကို မစောင့်၊ ပညတ်တရားတော်ကို စွန့်ပစ်၍၊ ဘိုးဘေးတို့လိုက်ဘူးသော မိစ္ဆာဒိဌိအားဖြင့် မှားယွင်းသော အပြစ်သုံးပါမက အပြစ်လေးပါးကြောင့်၊ ငါသည် ဒဏ်မပေးဘဲ မနေ။ ယုဒပြည်အပေါ်သို့ မီးကိုလွှတ်၍၊ ယေရုရှလင်မြို့၏ ဘုံဗိမာန်တို့ကို လောင်စေမည်။


ဣသရေလကို ဒဏ်ခတ်မည်

တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသည်​ ဖြောင့်မတ်သောသူကို ငွေနှင့်၎င်း၊ ဆင်းရဲသောသူကို ​ခြေနင်းတရံနှင့်၎င်း ရောင်းသောအပြစ်၊ ဆင်းရဲသောသူတို့၏ ခေါင်းကို မြေမှုန့်နှင့် ဖုံးလွှမ်းစေခြင်းငှါ အလွန်အလိုကြီး၍၊ နှိမ့်ချသောသူကို မတရားသဖြင့် စီရင်သောအပြစ်၊ ငါ၏ နာမမြတ်ကို ရှုတ်ချခြင်းငှါ အဘနှင့်သားသည် တဦးတည်းသော မိန်းမကို ပေါင်းဖေါ်သောအပြစ်၊ ပေါင်ထားသော အဝတ်ကို ခပ်သိမ်းသော ယဇ်ပလ္လင်တို့အနား၌ ခင်း၍ အိပ်သောအပြစ်၊ လျော်ပြစ်ငွေနှင့် ဝယ်သော စပျစ်ရည်ကို သူတို့ဘုရား၏အိမ်၌ သောက်သောအပြစ် သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။ အာရဇ်ပင်အရပ်နှင့် အမျှမြင့်၍၊ သပိတ်ပင်ကဲ့သို့ ခိုင်မာသော အာမောရိအမျိုးကို သင်တို့ရှေ့မှာ ငါပယ်ရှား၍၊ အထက်၌ သူ၏အသီးကို၎င်း၊ အောက်၌ သူ၏အမြစ်ကို၎င်း ငါဖျက်ဆီးပြီ။ ၁၀ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ယူ၍ အာမောရိပြည်ကို ဝင်စားစေခြင်းငှါ၊ အနှစ် လေးဆယ်ပတ်လုံး တော၌ ပို့ဆောင်ပြီ။ ၁၁ သင်တို့ သားအချို့ကို ပရောဖက်အရာ၊ လုလင်အချို့ကို နာဇရိလူအရာ၌ ငါခန့်ထားပြီ။ အိုဣသရေလ အမျိုးသားတို့၊ ဤစကားမှန်သည် မဟုတ်လော၊ ဟုထာဝရဘုရား မေးတော်မူ၏။ ၁၂ သင်တို့မူကား၊ နာဇရိလူသောက်ဘို့ စပျစ်ရည်ကို ပေးကြပြီ။ ပရောဖက်တို့ကိုလည်း ပရောဖက်ပြု၍ မဟောကြနှင့်၊ ဟုမြစ်တားကြပြီ။ ၁၃ ထိုကြောင့်၊ လှည်းသည် အပြည့်တင်သော ကောက်လှိုင်း၏ ဖိစီးခြင်းကို ခံရသကဲ့သို့၊ သင်တို့၏ နေရာအရပ်ကို ငါဖိစီးမည်။ ၁၄ အပြေးကောင်းသောသူသည် ပြေးသောအခွင့်ကိုမရ။ ခွန်အားကြီးသောသူသည် မိမိခွန်အားကို ထုတ်ရသောအခွင့်မရှိရ။ သူရဲသည် ကိုယ်ကိုမကယ်လွှတ်ရ။ ၁၅ လေးကို ကိုင်သောသူသည် မရပ်ရ။ လျှင်မြန်သောခြေသည် သူရဲသည် ကိုယ်ကိုမကယ်လွှတ်ရ။ မြင်းစီးသူရဲသည်လည်း ကိုယ်ကို မကယ်လွှတ်ရ။ ၁၆ ရဲရင့်သောသူရဲသည် ထိုနေ့၌ အဝတ်မပါဘဲ ပြေးသွားရလိမ့်မည်၊ ဟုထာဝရဘုရား မိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.