-
AA
+
🡀
|
🡂
ဧဖက် ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ဧဖက် ဩဝါဒစာ
အခန်းကြီး ၆


သားသမီးတို့ မိဘစကားကို နားထောင်ကြလော့

သားသမီးတို့၊ သခင်ဘုရား၏ အလိုတော်နှင့်အညီ၊ မိဘစကားကို နားထောင်ကြလော့။ မိဘစကားကို နားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်၏။ မိဘကို ရိုသေစွာပြုလော့။ [A] ဤပညတ်တော်ကား၊ သင်သည် ပြည်တော်၌ ကောင်းစား၍ အသက်တာ ရှည်မည်အကြောင်းဟူ၍၊ ဂတိတော်နှင့်ဆိုင်သော ပဌမပညတ်ဖြစ်၏။ အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှါ မပြုကြနှင့်၊ သခင်ဘုရား၏ အလိုတော်နှင့် ညီသော၊ ဆုံးမသွန်သင်ခြင်းကို ပြုလျက်ကျွေး မွေးကြလော့။


ကျွန်တို့သခင်စကား နားထောင်လော့

အစေခံ​ကျွန်တို့၊ ခရစ်တော်၏ စကားကို နားထောင်သကဲ့သို့၊ ကြောက်ရွံ့တုန်လှုပ်လျက်၊ စိတ်နှစ်ခွမရှိဘဲ လောကီသခင်၏ စကားကို နားထောင်ကြလော့။ လူတို့၏ စိတ်ကို နူးညွတ်စေသော သူကဲ့သို့၊ မျက်မှောက်၌ သာနားထောင် သည် မဟုတ်၊ ခရစ်တော်၏ ကျွန်ကဲ့သို့၊ စေတနာစိတ်နှင့် ဘုရားသခင်၏ အလိုတော်ကိုစောင့်၍၊ လူ၏အစေကိုသာ ခံသကဲ့သို့မဟုတ်၊ သခင်ဘုရား၏ အစေကိုခံသကဲ့သို့၊ ကြည်ညိုသော သဘောနှင့် အစေကိုခံကြလော့။ ကောင်းသော အကျင့်ကို ကျင့်သောသူမည်သည်ကား၊ ​ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ သခင်ဘုရား၏ လက်တော်မှ၊ အကျိုးကို ခံရလိမ့်မည်၊ ဟုသိမှတ်ကြလော့။


သခင်တို့ကောင်းကင်ဘုံ၌ သင်တို့သခင်ရှိသည်ကို သိမှတ်ကြလော့

သခင်တို့၊ ချိမ်းချောက်ခြင်းကို ချုပ်တည်း၍၊ ကိုယ်​ကျွန်တို့ကို ထိုနည်းတူ ပြုကြလော့။ သင်တို့၏ သခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူသည်ကို၎င်း၊ ထိုသခင်သည် အဘယ်သူ၏ မျက်နှာကို မှတ်တော်မမူသည်ကို၎င်း၊ သိမှတ်ကြလော့။


ဘုရားပြင်ဆင်ပေးသော လက်နက်များကို ဝတ်ဆောင်ကြလော့

၁၀ ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သခင်ဘုရားအားဖြင့်၎င်း၊ တန်ခိုးတော် အရှိန်အားဖြင့်၎င်း၊ ခိုင်ခန့်ခြင်းရှိကြလော့။ ၁၁ မာရ်နတ်၏ ပရိယာယ်တို့ကို ဆီးတားနိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။ ၁၂ အကြောင်းမူကား၊ ငါတို့သည် အသွေးအသား ရှိသောရန်သူတို့နှင့်၊ ဆိုင်ပြိုင် တိုက်လှန်ရ ကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သော မင်းတို့နှင့်၎င်း၊ မိုးကောင်းကင်၌ နေသောနတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ပြိုင် တိုက်လှန်ရကြ၏။ ၁၃ ထိုကြောင့်၊ ခဲယဉ်းဆိုးယုတ်သော နေ့ရက်ကာလ၌ ဆီးတားနိုင်သဖြင့်၊ ကိစ္စအလုံးစုံတို့ကို ပြီးစီး၍ ခံရပ်နိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ယူဆောင်ကြလော့။ ၁၄ သစ္စာတည်းဟူသော ခါးပန်းကို စည်းလျက်၊ ​ဖြောင့်မတ်ခြင်း ပါရမီတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်လျက်၊ ၁၅ ငြိမ်သက်ခြင်းနှင့် ယှဉ်သော ဧဝံဂေလိတရားကို၊ ဟောပြောအံ့သောငှါ ပြင်ဆင်သော အဖြစ်တည်းဟူသော၊ ​ခြေစွပ်ကိုစွပ်လျက် ခံရပ်ကြလော့။ ၁၆ မာရ်နတ်ပစ်ခတ်သော မီးစက်လက်နက်ကို၊ ကာသတ်နိုင်သော ယုံကြည်ခြင်းတည်း ဟူသော၊လွှားကိုလည်း ခပ်သိမ်းသော လက်နက်တို့အပေါ်မှာ၊ ထပ်ဆင့်၍ ယူဆောင်ကြလော့။ ၁၇ ကယ်တင်ခြင်း တည်းဟူသော သံခမောက်လုံးကို၎င်း၊ ဘုရားသခင်၏ နှုတ်ကပတ်တည်းဟူသော၊ ဝိညာဉ်တော်၏ ဓါးကို၎င်း ယူကြလော့။


ကာလအစဉ် ဆုတောင်းကြလော့
CROSS REFERENCES






၁၈ ကာလအစဉ် စိတ်နှလုံးပါလျက်၊ ဆုတောင်း ပဌနာပြုခြင်း အမျိုးမျိုးတို့ဖြင့် ဆုတောင်းကြလော့။ ထိုသို့ဆုတောင်းခြင်းငှါ အားမလျော့ဘဲလျက်၊ ငါမှစ၍ သန့်ရှင်းသူ အပေါင်းတို့အဘို့၊ ဆုတောင်းလျက် စောင့်ရှောက်ကြလော့။ ၁၉ ငါသည် ဧဝံဂေလိတရားကြောင့်၊ သံကြိုးနှင့် ချည်နှောင်ခြင်းကို ခံလျက်၊ ၂၀ သံတမန်အမှုကို ပြုရသည်ဖြစ်၍၊ ထိုတရား၏ နက်နဲသောအရာ [B] ကို ဖေါ်ပြခြင်းငှါ၊ ငါသည် နှုတ်ကို ရဲရင့်စွာ ဖွင့်လှစ်ခြင်း အခွင့်ရှိမည် အကြောင်းကို၎င်း၊ ထိုတရားကို ဟောပြောအပ်သည်နှင့် အညီ၊ ရဲရင့်စွာ ဟောပြောမည်အကြောင်းကို၎င်း၊ ငါ့အဘို့လည်း ဆုတောင်းကြလော့။


ပေါလု၏ အခြေအနေသိနိုင်ရန် တုခိတ်ကိုစေလွှတ်

၂၁ သင်တို့သည်ငါ၌ ဖြစ်သော၊ အကြောင်းအရာများကို သိစေခြင်းငှါ၊ သခင်ဘုရားထံ၌ သစ္စာရှိသော ဆရာတည်းဟူသော၊ ငါချစ်သောညီ တုခိတ် (Tychicus)သည်၊ အလုံးစုံတို့ကို သင်တို့အား ဖေါ်ပြလိမ့်မည်။ ၂၂ သင်တို့သည် ငါတို့၏ အကြောင်း အရာများကို၊ သိမည်အကြောင်းနှင့်၊ ထိုသူသည် သင်တို့ စိတ်နှလုံးကို သက်သာစေမည် အကြောင်း၊ ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်၏။ ၂၃ ညီအစ်ကိုတို့၌ ငြိမ်သက်ခြင်း ရှိပါစေသော်။ ခမည်းတော် ဘုရားနှင့်သခင် ယေရှုခရစ် ပေးတော်မူသော၊ ယုံကြည်ခြင်းနှင့် ချစ်ခြင်း မေတ္တာရှိပါစေသော်။ ၂၄ ငါတို့သခင် ယေရှုခရစ်ကို အမှန်ချစ်သော သူအပေါင်းတို့၌၊ ကျေးဇူးတော် ရှိစေသတည်း။ အာမင်။

ဧဖက်ဩဝါဒစာပြီး၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.