-
AA
+
🡀
|
🡂
ဧဖက် ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ဧဖက် ဩဝါဒစာ
အခန်းကြီး ၅


ဘုရားသခင် ကျင့်တော်မူသည်နည်းတူ ကျင့်ကြလော့
CROSS REFERENCES





CROSS REFERENCES






ထိုသို့သင်တို့သည် ဘုရားသခင်၏၊ ချစ်သား ဖြစ်ကြသည်နှင့်အညီ၊ ဘုရားသခင် ကျင့်တော်မူသည်နည်းတူ ကျင့်ကြလော့။ [A] ခရစ်တော်သည် ငါတို့ကို ချစ်တော်မူသော အားဖြင့်၊ ဘုရားသခင့် ရှေ့တော်၌ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှါ၊ [B] ကိုယ်ကိုကိုယ် ဆက်ကပ်၍ ယဇ်ပူဇော်လျက်၊ ငါတို့အတွက် စွန့်တော်မူသည်နည်းတူ၊ သင်တို့သည် မေတ္တာတရား၌ ကျင်လည်ကြလော့။


မကောင်းသော အကျင့်တို့ကို ရှောင်ကြလော့
CROSS REFERENCES






မတရားသော မေထုံ၌ မှီဝဲခြင်း၊ အမျိုးမျိုးသော ကိလေသာ ညစ်ညူးခြင်း၊ [C] လောဘ လွန်ကျူးခြင်း အမှုတို့ကို၊ သန့်ရှင်းသူတို့သည် ရှောင်သင့်သည်အတိုင်း၊ စကားမျှဖြင့် မဆက်ဆံကြနှင့်။ မတော်မလျော်သော၊ ညစ်ညူးပြက်ပြယ်ပြက်ယယ်သော စကားများကိုလည်းပယ်၍၊ ကျေးဇူးတော်ချီးမွမ်းခြင်းစကားကို သုံးကြလော့။ [D] မတရားသော မေထုန်၌ မှီဝဲသောသူ၊ ညစ်ညူးစွာ ပြုသောသူ၊ ရုပ်တုကို ကိုးကွယ်သောသူ ဖြစ်သော လောဘလွန်ကျူးသောသူ၊ တစုံတယောက်မျှ ခရစ်တော်နှင့် ဘုရားသခင်၏ နိုင်ငံ၌၊ အမွေမခံရသည်ကို သင်တို့သိကြ၏။ လျှပ်ပေါ်သောစကားဖြင့်၊ အဘယ်သူမျှ သင်တို့ကို မလှည့်ဖြားစေနှင့်။ ထိုအမှုကြောင့် ဘုရားသခင်၏ အမျက်တော်သည်၊ ငြင်းဆန်တတ်သော သူတို့အပေါ်သို့ သင့်ရောက်ပေ၏။ ထိုကြောင့် သူတို့နှင့် ဆက်ဆံ၍ မကျင့်ကြနှင့်။


အလင်းသားကဲ့သို့ကျင့်နေကြလော့
CROSS REFERENCES






အထက်ကာလ၌ သင်တို့သည် မှောင်မိုက်အတိ ဖြစ်ကြ၏။ ယခုမူကား၊ သခင်ဘုရား၌ အလင်းဖြစ်ကြ၏။ [E] သို့ဖြစ်၍ အလင်း၏ သားကဲ့သို့ ကျင့်နေကြလော့။ အလင်းတော်၏ အကျိုးမူကား၊ အလုံးစုံသော ကောင်းမွန်ခြင်း၊ ​ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်ခြင်း ဖြစ်သတည်း။ ၁၀ သခင်ဘုရား နှစ်သက်တော်မူသော အရာသည်၊ အဘယ်အရာ ဖြစ်သည်ကို သင်ကြလော့။၁၁ အကျိုးမဲ့သော မှောင်မိုက်အမှုတို့နှင့် မဆက်ဆံသည်သာမက၊ ထိုအမှုတို့၏ အပြစ်ကိုပြကြလော့။ ၁၂ အကြောင်းမူကား၊ သူတို့သည် ဆိတ်ကွယ်ရာ၌ ပြုသောအမှုအရာတို့ကို၊ စကားပြောကာမျှနှင့် ညစ်ညူးခြင်း ပါသေး၏။ ၁၃ အပြစ်ထင်ရှားသော အရာရှိသမျှတို့သည် အလင်းဖြင့် ထင်ရှားကြ၏။ ထင်ရှားစေတတ်သော အရာရှိသမျှသည်လည်း၊ အလင်းဖြစ်၏။ ၁၄ ထိုကြောင့် အိပ်ပျော်သောသူ နိုးလော့။ [F] သေခြင်းမှ ထမြောက်လော့။ သို့ပြုလျှင် ခရစ်တော်သည်၊ အလင်းကို သင့်အား ပေးတော်မူမည်၊ ဟုဆိုသတည်း။


ကာလအချိန်ကို ရွေးနှုတ်ကြလော့
CROSS REFERENCES





CROSS REFERENCES






၁၅ ထိုကြောင့် ပညာမဲ့ကဲ့သို့ မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ ကျင့်ဆောင်မည်အကြောင်း၊ သတိပြုကြလော့။ ၁၆ ယခုနေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့်၊ ကာလအချိန်ကို ရွေးနှုတ်ကြလော့။ ၁၇ ထိုကြောင့် သတိမရှိသောသူ မဖြစ်၊ သခင်ဘုရား၏ အလိုတော် [G]ရှိရာကို ပိုင်းခြား၍၊ သိသောသူ ဖြစ်ကြလော့။ ၁၈ လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကို ရှောင်၍၊ ဝိညာဉ်တော်နှင့် ပြည့်၀လျက်ရှိကြလော့။ ၁၉ ဆာလံသီချင်းမှစသော ဓမ္မသီချင်း အမျိုးမျိုးတို့ကို၊ အချင်းချင်း ပြောဆိုဖတ်ရွတ်၍၊ နူးညွတ်သော စိတ်နှလုံးနှင့် သခင်ဘုရား ရှေ့တော်၌၊ ကျူးဧ၍ သီဆိုကြလော့။ ၂၀ ခပ်သိမ်း သောအရာတို့၌၊ ကျေးဇူးတော်ကြီး လှပါ၏၊ ဟုငါတို့သခင် ယေရှုခရစ်၏ နာမတော်ကို ထောက်၍၊ ခမည်းတော် ဘုရားသခင့်ရှေ့၊ ကာလအစဉ်မပြတ် ဝန်ခံကြလော့။ [H]


မိန်းမတို့ ခေါင်းဖြစ်သော ယောက်ျားအုပ်စိုးခြင်းဝန်ခံကြလော့

၂၁ ခရစ်တော်ကို ခန့်ညားသောအားဖြင့်၊ အချင်းချင်း တယောက် အောက်တယောက်၊ ကိုယ်ကိုနှိမ့်ချလျက် နေကြလော့။ ၂၂ အချင်းမိန်းမတို့၊ သခင်ဘုရား၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ [I] ၂၃ အကြောင်းမူကား၊ ခရစ်တော်သည် အသင်းတော်၏ အပေါ်မှာ၊ ခေါင်းဖြစ်တော်မူ သကဲ့သို့၊ [J] ယောက်ျားသည် မိမိခင်ပွန်း၏ အပေါ်မှာခေါင်းဖြစ်၏။ ခရစ်တော်သည်လည်း၊ မိမိကိုယ်ကို ကယ်တင်သောသူ ဖြစ်တော်မူ၏။ ၂၄ အသင်းတော်သည် ခရစ်တော်၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ မိန်းမတို့လည်း ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို၊ အရာရာ၌ ဝန်ခံရကြမည်။


ယောက်ျားတို့ ခင်ပွန်းကို ချစ်ကြလော့

၂၅ အချင်း ယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။ [K] ၂၆ ထိုအသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက် ရှိသည်ဖြစ်၍၊ ၂၇ အညစ်အ​ကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ်သဖြင့်၊ အသရေတင့်တယ်လျက်ရှိသော အသင်းတော်ကို၊ ခရစ်တော်သည် မိမိအားဆက်သအံ့သောငှါ၊ နှုတ်ကပတ်တော်ရေ၌ [L] ဆေးကြောခြင်းအားဖြင့်၊ စင်ကြယ်သန့်ရှင်းစေမည် အကြောင်း၊ ထိုအသင်းတော်အဘို့ အလိုငှါ ကိုယ်ကိုကိုယ် စွန့်တော်မူ၏။ ၂၈ ထိုနည်းတူ၊ ယောက်ျားတို့သည် မိမိကိုယ်ကို ချစ်သကဲ့သို့၊ မိမိခင်ပွန်းတို့ကို ချစ်ရကြမည်။ ခင်ပွန်းကို ချစ်သောသူသည်၊ ကိုယ်ကို ချစ်သောသူဖြစ်၏။ ၂၉ ကိုယ်အသားကို မုန်းသောသူ တယောက်မျှမရှိ။ ခရစ်တော်သည် အသင်းတော်ကို​ ကျွေးမွေးပြု စုတော်မူသကဲ့သို့၊ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကို​ ကျွေးမွေးပြုစု တတ်ကြ၏။


အသင်းတော်သည် ကိုယ်တော်မြတ်၏ အင်္ဂါဖြစ်သည်
CROSS REFERENCES





CROSS REFERENCES






၃၀ အကယ်စင်စစ်ငါတို့သည်၊ သခင်ဘုရား၏ အသားတော် အရိုးတော်တို့ အဝင်ဖြစ်၍၊ ကိုယ်တော်မြတ်၏ အင်္ဂါဖြစ်ကြ၏။ [M] ၃၁ ထိုအကြောင်းကြောင့် ယောက်ျားသည်၊ ကိုယ်မိဘကိုစွန့်၍၊ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက်တို့သည်တ၊ သားတကိုယ်တည်း ဖြစ်ရလိမ့်မည်။ [N] ၃၂ ဤအရာသည် အလွန်နက်နဲသောအရာ [O] ဖြစ်ပေ၏။ ထိုသို့ငါဆိုသော်၊ ခရစ်တော်နှင့် အသင်းတော်ကို ရည်မှတ်၍ ဆိုသတည်း။ ၃၃ သို့ရာတွင် သင်တို့သည်၊ အသီးအသီး ကိုယ်ကိုကိုယ် ချစ်သကဲ့သို့၊ ကိုယ်ခင်ပွန်းကို ချစ်ကြလော့။ မိန်းမသည်လည်း ကိုယ်ခင်ပွန်းကို ရိုသေခြင်းရှိစေလော့။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.