-
AA
+
🡀
|
🡂
ဧဖက် ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ဧဖက် ဩဝါဒစာ
အခန်းကြီး ၄


ယေရှုခရစ်၌ တလုံးတ၀တည်း
CROSS REFERENCES






ခေါ်တော်မူခြင်း ကျေးဇူးတော်ကို၊ သင်တို့သည် ခံရသည်နှင့် အထိုက်အလျောက်၊ ကျင့်ဆောင်မည်အကြောင်း၊ သခင် ဘုရားအတွက်ကြောင့် အကျဉ်းခံရသော ငါသည်၊ သင်တို့ကို တိုက်တွန်း နှိုးဆော်ပါ၏။ အရာရာ၌ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့် ပြည့်စုံသဖြင့်၊ မေတ္တာစိတ်နှင့် တယောက်ကို တယောက် သည်းခံခြင်းရှိကြ၍၊ အသင့်အတင့် ပေါင်းဖေါ်ခြင်းအဖွဲ့ အစည်းအားဖြင့်၊ သင်တို့သည် အချင်းချင်း စိတ်သဘော မခြားမနား၊ တလုံးတဝတည်း ဖြစ်အံ့သောငှါ ကြိုးစားအား ထုတ်ကြလော့။ သင်တို့ကို ခေါ်တော်မူခြင်းနှင့်၊ စပ်ဆိုင်သော မြော်လင့်ခြင်း [A] တပါးထဲသို့၊ ခေါ်သွင်းတော် မူသည်နှင့်အညီ ကိုယ်တကိုယ်၊ ဝိညာဉ် တဝိညာဉ်တည်း ရှိ၏။ သခင်တပါး၊ ယုံကြည်ခြင်းတပါး၊ ဗတ္တိဇံတပါး၊ ခပ်သိမ်းသော ငါတို့၏အဘဖြစ်သော၊ ဘုရားသခင် တဆူတည်း ရှိတော်မူ၏။ ထိုဘုရားသခင်သည်၊ ခပ်သိမ်းသော ငါတို့၏အပေါ်မှာ ရှိတော်မူ၏။ ခပ်သိမ်းသော ငါတို့ကို နှံ့ပြားစေတော်မူ၏။ ခပ်သိမ်းသော ငါတို့၏အထဲ၌ လည်းရှိတော်မူ၏။ သို့သော်လည်း ခရစ်တော်သည်၊ ဆုပေးတော်မူသည်အတိုင်း၊ ငါတို့သည် ကျေးဇူးတော်ကို၊ အသီးအသီး ကိုယ်စီခံရကြပြီ။


ခရစ်တော်သည် မြေကြီးသို့ ကြွလာ၍ ကောင်းကင်သို့တက်သွား

ထိုသို့နှင့်အညီ ကျမ်းစာ၌ လာသည်ကား၊ မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့်၊ များစွာသောသူတို့ကို ဖမ်းသွားတော်မူ၍၊ လူတို့အား ဆုလပ်များကို ပေးတော်မူသည်၊ ဟုလာသတည်း။ [B] တက်ကြွတော်မူသည်၊ ဟုဆိုသော်၊ အစစွာ မြေကြီးအောက်အရပ်သို့၊ ဆင်းသက်တော်မူကြောင်းကို၊ ရည်မှတ်၍ ဆိုသည်မဟုတ်လော။ ၁၀ ဆင်းသက်တော် မူသောသူသည်၊ အခြားသူမဟုတ်၊ အလုံးစုံတို့ကို ပြည့်စုံစေခြင်းငှါ၊ ခပ်သိမ်းသော ကောင်းကင်တို့၏ အထွဋ်ကိုလွန်၍၊ တက်ကြွတော်မူသောသူ ဖြစ်သတည်း။


ခရစ်တော်၏ ကိုယ်တည်ဆောက်ဘို့
CROSS REFERENCES






၁၁ ခရစ်တော်၏ ကိုယ်တော်ကို တည်ဆောက်၍၊ [C]ဓမ္မဆရာ၏အမှုကို ပြုတတ်မည် အကြောင်း၊ ၁၂ သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလိုငှါ၊ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌၎င်း၊ အချို့တို့ကို ပရောဖက်အရာ၌၎င်း၊ အချို့တို့ကို သာသနာ ပြုအရာ၌၎င်း၊ အချို့တို့ကို သင်းအုပ်အရာ၊ ဆရာအရာ၌၎င်း၊ ခန့်ထားတော်မူ၏။ ၁၃ ငါတို့ရှိသမျှသည် ယုံကြည်ခြင်းသို့၎င်း၊ ဘုရားသခင်၏ သားတော်ကို သိ​ကျွမ်းခြင်းသို့၎င်း၊ တညီတညွတ်တည်း ရောက်၍၊ ခရစ်တော်၏ ပြည့်စုံခြင်းပမာဏ အရပ်တည်းဟူသော၊ ကြီးရင့်သောလူ၏ အဖြစ်သို့ ရောက်ကြသည် တိုင်အောင်ဖြစ်သတည်း။ ၁၄ အကြောင်းမူကား၊ သူတပါးတို့သည် လူပရိယာယ်နှင့်၊ အပြစ်သို့ သွေးဆောင်ခြင်းငှါ လှည့်ဖြား ပြောဆိုသဖြင့်၊ ငါတို့သည် နောက်တဖန် ခပ်သိမ်းသော ဩဝါဒလေတိုက်၍၊ ဖရိုဖရဲလွင့်သွားသော သူငယ် မဖြစ်ဘဲလျက်၊ ၁၅ မေတ္တာစိတ်နှင့် သမ္မာတရားကို ဟောပြောသဖြင့်၊ ဦးခေါင်းတည်းဟူသော ခရစ်တော်မှာ၊ အရာရာတို့၌ ကြီးပွားကြမည် အကြောင်းတည်း။ ၁၆ ထိုဦးခေါင်းမှ၊ အဆစ်အပိုင်း များတို့သည် အားဖြည့်သဖြင့်၊ တကိုယ်လုံးသည် စေ့စပ်ထုံးဖွဲ့လျက်၊ အသီးအသီး အင်္ဂါများ၊ ကိုယ်ငန်းကိုယ်တာ အတိုင်းပြုပြင်သည် နှင့်အညီ၊ မိမိကိုယ်ကို မေတ္တာ၌ တည်ဆောက်ခြင်းငှါ ကြီးပွားစေတတ်၏။


ကြွင်းသော တပါးအမျိုးသားတို့ကဲ့သို့ မကျင့်ဘို့

၁၇ ထိုကြောင့် ကြွင်းသော တပါးအမျိုးသား တို့သည်၊ လျှပ်ပေါ်သောစိတ်နှင့် ကျင့်သည်နည်းတူ၊ သင်တို့သည် နောက်တဖန် မကျင့်မည်အကြောင်း၊ သခင် ဘုရားအခွင့်နှင့် ငါမှာလိုက်၏။ ၁၈ ထိုသူတို့သည် ဥာဏ်အလင်းကွယ်သည် ဖြစ်၍၊ စိတ်နှလုံး မိုက်မဲသောအားဖြင့်၊ အလျှင်းမသိသောကြောင့်၊ ဘုရားသခင်၏ အသက်နှင့် ကွာရှင်းလျက် ရှိကြ၏။ ၁၉ ထိုသူတို့သည် ရှက်ကြောက်ခြင်းမရှိ၊ တပ်မက်ခြင်း အလွန်ပြင်းသည်နှင့်၊ ညစ်ညူးသော အကျင့်အမျိုးမျိုးကို၊ ကြိုးစား၍ ကျင့်လိုသောငှါ၊ မိမိတို့ကို ကိလေသာလက်သို့ အပ်လိုက်ကြ၏။ ၂၀ ထိုသို့ဖြစ်စေခြင်းငှါ သင်တို့သည်၊ ခရစ်တော်တရားကို သင်ကြပြီမဟုတ်ဘဲ၊ ၂၁ အထက်က ကျင်လည်ကြသည် အရာမှာ၊ လှည့်ဖြားတတ်သော လောဘစိတ်တို့ဖြင့် ပုတ်ပျက်သော၊ လူဟောင်းကို ချွတ်ပယ်၍၊ ၂၂ စိတ်နှလုံး သဘောသစ်ကို ရပြီးလျှင်၊ မှန်သော​ဖြောင့်မတ်ခြင်း၊ ၂၃ သန့်ရှင်းခြင်း ပါရမီအားဖြင့် ဘုရားသခင်နှင့် အတူအမျှ၊ ဖန်ဆင်းသော လူသစ်ကို ယူတင်ဝတ်ဆောင်မည် အကြောင်း၊ ခရစ်တော်၏ စကားကို ကြားနာရသည်ဖြစ်၍၊ ၂၄ ယေရှု၌ သမ္မာတရားရှိသည်နှင့် အညီ၊ ထိုသခင်ထံ၌ နည်းခံကြပြီသတည်း။



၂၅ ထိုကြောင့် မုသာစကားကို ပယ်ရှား၍၊ မှန်သော စကားကိုသာ အချင်းချင်း တယောက်နှင့် တယောက် ပြောကြလော့။ အကြောင်းမူကား၊ ငါတို့သည် အချင်းချင်း အင်္ဂါချင်းဖြစ်ကြ၏။ ၂၆ အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။ ၂၇ အမျက်မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။ ၂၈ ခိုးတတ်သောသူသည် နောက်တဖန်မခိုးဘဲ၊ ဆင်းရဲသောသူအား ပေးကမ်းဝေငှ ရန်ရှိစေခြင်းငှါ၊ မိမိလက်နှင့် ကောင်းသော အလုပ်ကို လုပ်ဆောင်အားထုတ်စေ။ ၂၉ ညစ်ညူးသော စကားတခွန်းကိုမျှ သင်တို့နှုတ်မှ မထွက်စေနှင့်။ ကြားနာသောသူတို့၏ အကျိုးကို ပြုစုစေခြင်းငှါ၊ တည်ဆောက်စရာဘို့ ကောင်းသော စကားကိုသာ သုံးဆောင်ကြလော့။ ၃၀ ရွေးနှုတ်ခြင်း နေ့ရက်တိုင်အောင် သင်တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေကြနှင့်။ ၃၁ ခပ်သိမ်းသော စိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်​ငေါက်ငေါ်ခြင်း၊ သူ့အသရေပျက်အောင် ပြောဆိုခြင်းတို့ကို၎င်း၊ ခပ်သိမ်းသော မနာလိုခြင်းကို၎င်း၊ သင်တို့မှ ပယ်ရှားကြလော့။ ၃၂ အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏ အပြစ်ကိုလွှတ် တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.