-
AA
+
🡀
|
🡂
ဧဖက် ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ဧဖက် ဩဝါဒစာ
အခန်းကြီး ၂


စာတန်အောက်၌ ကိုယ်ကာယနှင့် စိတ်အလိုလိုက်၍ အမျက်တော်ခံကြ
CROSS REFERENCES






သင်တို့သည် အထက်က လောကီတရားသို့ [A]လိုက်၍၊ အာကာသ ကောင်းကင်၏ တန်ခိုးကို အစိုးရသောမင်း၊ တည်းဟူသော ငြင်း ဆန်သော သူတို့၌ ချယ်လှယ်သော ဝိညာဉ်၏ အလိုနှင့်အညီ၊ ဒုစရိုက် အပြစ်တို့၌ ကျင်လည်ကြ၍၊ ထိုဒုစရိုက်အပြစ်၌ သေလျက်ရှိနေသော သင်တို့ကိုပင်၊ ဘုရားသခင်သည် အသက်ရှင် စေတော်မူပြီ။ ထိုငြင်းဆန်သော သူတို့နှင့်တကွ၊ ငါတို့ ရှိသမျှသည် အထက်က၊ ကိုယ်ကာယ၏ အလိုသို့၎င်း၊ စိတ်၏အလိုသို့၎င်း၊ လိုက်သဖြင့်၊ ကာမဂုဏ်တို့၌ ကျင်လည်သည် ဖြစ်၍၊ ကြွင်းသော သူတို့ကဲ့သို့ပင်၊ ပကတိအတိုင်း အမျက်တော်ကို၊ ခံရသောသူ ဖြစ်ကြ၏။


ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ကြ
CROSS REFERENCES






သို့သော်လည်း ကရုဏာတော်နှင့် ကြွယ်ဝတော်မူသော ဘုရားသခင်သည်၊ ငါတို့ကို ချစ်တော်မူသော မဟာမေတ္တာတော် အားဖြင့်၊ [B] ဒုစရိုက်အပြစ်၌ သေလျက် ရှိနေသော ငါတို့ကို၊ ခရစ်တော်နှင့်အတူ၊ အသက်ရှင် စေတော်မူပြီ။ ကျေးဇူးတော်ကြောင့်သာ ကယ်တင်ခြင်းသို့ ရောက်ရ၏။ ယေရှုခရစ်အားဖြင့်၊ ငါတို့ကို ထမြောက်စေ၍၊ ကောင်းကင်အရပ်၌၊ နေရာပေးတော်မူပြီ။ အကြောင်းမူကား၊ ထိုသခင်အားဖြင့် ငါတို့၌ ကျေးဇူးပြု၍၊ ကျေးဇူးတော်၏ အလွန်ကြွယ်ဝခြင်းကို၊ နောင်ကပ် ကာလတို့၌ ထင်ရှားစေမည် အကြောင်း ဖြစ်သတည်း။ ယုံကြည်သောအားဖြင့်၊ ကျေးဇူးတော်ကြောင့်၊ ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည် မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။ ၁၀ အဘယ်ကြောင့် နည်းဟူမူကား၊ ငါတို့သည် ကောင်းသော အကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာ ဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။


အရေဖျားမလှီး၊ ပဋိညာဉ်နှင့်မဆိုင်၊ ဘုရားမဲ့နေကြ
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






၁၁ ထိုကြောင့်၊ လက်ဖြင့် ကိုယ်ကာယ၌ ပြုသော ဝေါဟာရ အရေဖျားလှီးခြင်း [C]ကို၊ ခံရသောသူတို့ ခေါ်ဝေါ်သောအားဖြင့်၊ အရေဖျားလှီးခြင်းကို မခံသောလူဟူ၍၊ ခေါ်ဝေါ်ကြသော သာသနာပလူတို့ အထဲ၌၊ သင်တို့သည် အထက်က ပကတိအတိုင်း ဖြစ်ကြသည်ကို၎င်း၊ ၁၂ ထိုအခါ သင်တို့သည် ခရစ်တော်ကိုမသိ၊ ဣသရေလ အပေါင်းအသင်း၌မဝင်၊ ဂတိတော်ပါသော ပဋိညာဉ်တရားတို့နှင့်မဆိုင်၊(a) [D] မျှော်လင့်ခြင်းမရှိ၊ လောက၌ ဘုရားမဲ့ [E]နေကြသည်ကို၎င်း၊ အောက်မေ့ကြလော့။


လူမျိုးနှစ်မျိုးကို ရန်ငြိမ်းစေ၍ တလုံးတ၀တည်းဖြစ်စေ
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






၁၃ သင်တို့သည် အထက်က ဝေးလျက် ရှိသော်လည်း၊ ယခုမှာ ယေရှုခရစ်၌ ဖြစ်၍၊ အသွေးတော်အားဖြင့် အနီးသို့ ရောက်ကြပြီ။ [F] ၁၄ အဘယ်သို့နည်းဟူမူကား၊ ထိုသခင်သည် ငါတို့၏ ရန်ငြိမ်းခြင်း [G]အကြောင်း ဖြစ်တော်မူ၏။ ၁၅ ဝိနည်း အထုံးအဖွဲ့နှင့် စပ်ဆိုင်သော ပညတ်တရား တည်းဟူသော၊ ရန်ငြိုးဖွဲ့ခြင်း၏ အကြောင်းကို၊ ကိုယ်ခန္ဓာတော်တွင် ပယ်ရှင်းတော်မူသဖြင့်၊ ပိုင်းခြားလျက် ရှိသော၊ စပ်ကြား အုတ်တံတိုင်း နံရံကို ဖြိုဖျက်၍၊ လူမျိုး နှစ်စုတို့ကို တစ်စုတည်း ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ရန်ကို ငြိမ်းစေပြီးလျှင်၊ ၁၆ ကိုယ်တော်၌ ထိုလူစု နှစ်စုတို့ကို၊ လူသစ်တစ်ဦး တစ်ကိုယ်တည်း ဖြစ်စေခြင်းငှာ ပြင်ဆင်၍၊ တလုံးတဝတည်း ဖြစ်ပြီးသော ထိုလူနှစ်စုတို့ကို၊ လက်ဝါး ကပ်တိုင်တော်အားဖြင့် ရန်ကို သတ်ဖြတ်လျက်၊ ဘုရားသခင်နှင့် မိဿဟာယဖွဲ့ စေမည် အကြောင်းတည်း။ ၁၇ ထိုခရစ်တော်သည်လည်း ကြွလာ၍၊ ဝေးလျက်ရှိသော သင်တို့အား၎င်း၊ နီးလျက်ရှိသော ငါတို့အား၎င်း၊ ရန်ငြိမ်းခြင်းတရား [H]တည်းဟူသော၊ ဧဝံဂေလိတရားကို ဟောတော်မူ၏။ ၁၈ ထိုသို့ ခရစ်တော်အားဖြင့် ငါတို့နှစ်ဦးသည် စိတ်ဝိညာဉ် တလုံးတစ်ဝတည်း ဖြစ်၍၊ ခမည်းတော်ထံသို့ တိုးဝင်ရမည့် အခွင့်ကို ရကြပြီ။


အသင်းတော်သည် ဘုရား၏ အိမ်တော်သားနှင့် ဗိမာန်တော်ဖြစ်
CROSS REFERENCES






၁၉ ထိုကြောင့်၊ သင်တို့သည် တစ်​ကျွန်း တနိုင်ငံသား မဟုတ်၊ ဧည့်သည်လည်း မဟုတ်၊ သန့်ရှင်းသူတို့၏ အမျိုးသားခြင်း ဖြစ်ကြ၏။ ဘုရားသခင်၏ အိမ်တော်သားလည်း ဖြစ်ကြ၏။ ၂၀ အဘယ်သို့ နည်းဟူမူကား၊ တမန်တော်မှစ၍ ပရောဖက်များ တည်းဟူသော၊ တိုက်မြစ်အပေါ်၌ သင်တို့သည်၊ ထပ်ဆင့်၍ တည်ဆောက်လျက် ရှိကြ၏။ ၂၁ ထိုတိုက်ထောင့် အမြစ်ကျောက်ကား၊ ယေရှုခရစ် ဖြစ်သတည်း။ [I] ထိုကျောက်နှင့် တစ်တိုက်လုံးသည် စေ့စပ်၍ ကြီးပွားသဖြင့်၊ သခင်ဘုရားအဖို့ အလိုငှာ သန့်ရှင်းသော ဗိမာန်တော်ဖြစ်၏။ ၂၂ ထိုဗိမာန်တော်၌လည်း၊ ဘုရားသခင်သည် ဝိညာဉ်တော်အားဖြင့်၊ ကျိန်းဝပ်တော်မူခြင်း အလိုငှာ၊ သင်တို့သည် ငါတို့နှင့်အတူ တည်ဆောက်လျက် ရှိကြ၏။

_________________________
Footnotes


၁၂ (a) အဘယ်ကြောင့် ဧဖက်အသင်းသားများသည် ပဋိညာဉ်တရားတို့နှင့် မဆိုင်သနည်း။ ပဋိညာဉ်တရားသည် ဘုရားနှင့်ဣသရေလ လင်မယားအကြား(ဟေရှာယ ၅၄း၅၊ ယေရမိ ၃း၁၄။ ယေရမိ ၃၁း၃၂။ ယေဇ ၁၆း၈။ ယေဇ ၂၃း၁-၄) ပြုသောဂတိသစ္စာဖြစ်သည်။ ဧဖက်အသင်းသားများသည်၊ တပါးအမျိုးသားများဖြစ် ကြသောကြောင့်၊ ဘုရားနှင့်ပဋိညာဉ်မပြုရခြင်းဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.