-
AA
+
🡀
|
🡂
ဧဖက် ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ဧဖက် ဩဝါဒစာ
အခန်းကြီး ၃


ပေါလုယေရှုခရစ်ကြောင့်အကျဉ်းခံ
CROSS REFERENCES






ထိုအကြောင်းကြောင့် ငါပေါလုသည်၊ ယေရှုခရစ်နှင့် စပ်ဆိုင်သောအားဖြင့်၊ အကျဉ်းခံရ၏။ သင်တို့အကျိုးကို ထောက်၍၊ ငါ့အား အပ်ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော် သာသနာကို၊ သင်တို့ ကြားသိရသည်နှင့် အညီ၊ တပါးအမျိုးဖြစ်သော သင်တို့အတွက် ကြောင့်ငါခံရ၏။ ကျေးဇူးတော် သာသနာကို အပ်ပေးသည် အကြောင်းဟူမူကား၊ ငါသည် အထက်က အနည်းငယ် ရေးထားသည်အတိုင်း၊ ဘုရားသခင်သည် ဗျာဒိတ်တော်အားဖြင့်၊ နက်နဲသောအရာ [A] ကို ငါ့အားပြတော်မူ၏။ ထိုစကားကို ဖတ်ရွတ်လျှင်၊ ခရစ်တော်၏ နက်နဲသောအရာ၌၊ ငါလေ့ကျက်သည်ကို၊ သင်တို့သည် သိရကြမည်။ ထိုနက်နဲ သောအရာကို၊ သန့်ရှင်းသော တမန်တော်တို့နှင့် ပရောဖက်တို့အား၊ ယခုကာလ၌ ဝိညာဉ်တော်အားဖြင့်၊ ဖွင့်လှစ်တော် မူသည်နည်းတူ၊ အခြားသောကာလတို့၌၊ လူမျိုးတို့အား ပြတော်မမူ။


တပါးအမျိုးသားတို့ ယုဒအမျိုးနှင့် တလုံးတ၀တည်းဖြစ်
CROSS REFERENCES






ထိုနက်နဲသော အရာဟူမူကား၊ တပါးအမျိုးသားတို့သည်၊ ဧဝံဂေလိတရားအားဖြင့်၊ ယုဒအမျိုးသားတို့နှင့် အမွေခံ၍၊ [B] တလုံးတဝ တကိုယ်တည်း ဖြစ်လျက်၊ ခရစ်တော်နှင့် ဆိုင်သော ဂတိတော်ကို ဆက်ဆံရကြသတည်း။ တန်ခိုးတော်ပြု ပြင်သောအားဖြင့်၊ ငါ့အား ပေးသနားတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ခံရသည်နှင့်အညီ၊ ထိုတရားကို ဟောပြောသော ဆရာ၏အဖြစ်သို့ ငါရောက်ရပြီ။ စစ်၍မကုန်နိုင်သော ခရစ်တော်၏ ကြွယ်ဝပြည့်စုံခြင်း၏၊ ဧဝံဂေလိတရားကို တပါးအမျိုးသားတို့အား၊ ဟောပြောခြင်းငှါ၎င်း၊ အလုံးစုံတို့ကို ယေရှုခရစ်အားဖြင့်၊ ဖန်ဆင်းတော်မူသော ဘုရားသခင်၌၊ ရှေးကပ်ကာလပတ်လုံး ဝှက်ထားလျက်ရှိသော၊ ထိုနက်နဲသောအရာနှင့် စပ်ဆိုင်သော သာသနာသည်၊ အဘယ်သို့ ဖြစ်သည်ကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှါ၎င်း၊ သန့်ရှင်းသူ အပေါင်းတို့တွင်၊ အငယ်ဆုံးသောသူ ထက်သာ၍ ငယ်သောငါအား၊ ထိုကျေးဇူးတော်ကို ပေးတော်မူသည်။


ဘုရားသခင်၏ အကြံတော်ကို အသင်းတော်အားဖြင့်သိဘို့

၁၀ အဘယ်ကြောင့် နည်းဟူမူကား၊ ငါတို့ သခင်ယေရှုခရစ်ကို အကြောင်းပြု၍၊ ထာဝရ အကြံတော်ရှိသည် နှင့်အညီ၊ ၁၁ ကောင်းကင်အရပ်တို့၌ အထွဋ်အမြတ် အာဏာစက်တို့သည်၊ ဘုရားသခင်၏ ထူးဆန်းသော ပညာတော်ကို၊ အသင်းတော်အားဖြင့် ယခုသိရကြမည် အကြောင်းတည်း။ ၁၂ ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့်၊ ငါတို့သည် ရဲရင့်သော စိတ်နှင့်တိုးဝင်၍၊ အသနားတော် ခံရသောအခွင့်ကို ရကြပြီ။ ၁၃ ထိုကြောင့် သင်တို့၏ အသရေကို ပြုစု၍၊ သင်တို့အတွက်ကြောင့် ငါခံရသော ဆင်းရဲခြင်းကို မြင်လျှင်၊ ရွေ့လျော့သော စိတ်မရှိကြပါစေနှင့်။


ပေါလုဆုတောင်းသော အချက်များ

၁၄ အထက်ဆိုခဲ့ပြီးသော အကြောင်းကြောင့်၊ ကောင်းကင် ပေါ်မြေကြီး ပေါ်မှာရှိသော၊ တအိမ်ထောင် လုံးတည်းဟူသော၊ သားတော် အပေါင်းတို့၏ အချုပ်အခြာ ဖြစ်တော်မူသော၊ ၁၅ ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော်ရှေ့မှာ၊ ငါသည် ဒူးထောက်၍ ဆုတောင်းလေ့ရှိ၏။ ၁၆ ဆုတောင်းသော အချက်ဟူမူကား၊ ဝိညာဉ်တော်အားဖြင့် သင်တို့၏ အတွင်းလူကို၊ ခွန်အားနှင့် မြဲမြံခိုင်ခံစေ၍၊ ၁၇ ယုံကြည်ခြင်းအားဖြင့်၊ ခရစ်တော်သည် သင်တို့၏ စိတ်နှလုံးထဲ၌၊ ကျိန်းဝပ်တော် မူမည်အကြောင်း၊ ဘုန်းတော် ကြွယ်ဝပြည့်စုံခြင်းနှင့် ညီလျော်စွာ၊ သင်တို့အား ပေးသနားတော်မူ၍၊ မေတ္တာ၌ စိုက်ခြင်း၊ တိုက်မြစ်လည်း ကျတည်ခြင်း ရှိသဖြင့်၊ ၁၈ သင်တို့သည် သန့်ရှင်းသူ အပေါင်းတို့၏ နည်းတူ၊ အနံအလျား အနက်အမြင့်တို့ကို ပိုင်းခြား၍ သိခြင်းငှါ၎င်း၊ ၁၉ ကိုယ်ဥာဏ်နှင့် မသိနိုင်သော၊ ခရစ်တော်၏ မေတ္တာတော်ကို၊ သိနားလည်ခြင်းငှါ၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သဖြင့်၊ ဘုရားသခင်၏ ပြည့်စုံတော်မူခြင်း ရှိသမျှနှင့်အညီ၊ ပြည့်စုံကြပါမည် အကြောင်း၊ ငါသည် ဆုတောင်းလေ့ရှိ၏။ ၂၀ ငါတို့၌ ပြုပြင်သော တန်ခိုးတော်အတိုင်း၊ ငါတို့ တောင်းပန် ကြံစည်သမျှထက်၊ အလွန်ထူးခြားစွာ ပြုခြင်းငှါတတ် နိုင်တော်မူသော ဘုရားသခင်သည်၊ ၂၁ ယေရှုခရစ်အားဖြင့်၊ အသင်းတော်၌ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော် မူစေသတည်း။ အာမင်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.