-
AA
+
🡀
|
🡂
မိက္ခာ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





မိက္ခာ အနာဂတ္တိ
အခန်းကြီး ၇


CROSS REFERENCES






ငါသည် အမင်္ဂလာရှိ၏။ နွေကာလ၌ ဆွတ်သော သင်္ဘောသဖန်းသီးကဲ့သို့၎င်း၊ လိုက်၍ကောက်သော စပျစ်သီး အကျန်အကြွင်းကဲ့သို့၎င်း ငါဖြစ်၏။ စားစရာဘို့ စပျစ်သီးပြွတ်မရှိ။ အဦးမှည့်သော သင်္ဘောသဖန်းသီးကို ငါတောင့်တရ၏။ ကောင်းသော ပြည်သားအပေါင်းတို့သည် ကွယ်ပျောက်ကြပြီ။ ​ဖြောင့်မတ်သောသူ တယောက်မျှမရှိ။ ခပ်သိမ်းသောသူတို့သည် လူအသက်ကို သတ်ခြင်းငှါ ချောင်း၍ ကြည့်တတ်ကြ၏။ အချင်းချင်း တယောက်ကို တယောက်ကျော့ကွင်းနှင့် ဖမ်းတတ်ကြ၏။ ဒုစရိုက်ကိုကြိုး စား၍ပြုခြင်းငှါ အသင့်ရှိကြ၏။ မင်းသည် လက်ဆောင်ကို တောင်းတတ်၏။ တရားသူကြီးသည် တံစိုးကို စားတတ်၏။ သူတပါးထက် ကြီးသောသူသည်၊ မတရားသော လောဘကို ထင်ရှားစေတတ်၏။ ထိုသို့အမှုကို ရှုပ်စေခြင်းငှါ ပြုတတ်ကြ၏။ အကောင်းဆုံးသောသူသည် ဆူးပင်ကဲ့သို့ဖြစ်၏။ အ​ဖြောင့်ဆုံးသောသူသည် ဆူးခြံထက်ခက်လှ၏။ သင်၏ ကင်းစောင့်တို့သည် သတိပေးသောနေ့၊ သင်စစ်ကြောခြင်းကို ခံရသောနေ့ရက်သည် ရောက်လာပြီ။ နှိပ်စက်နှောင့်ယှက်ရာ ကာလဖြစ်၏။ အဆွေခင်ပွန်းကို မယုံနှင့်။ လမ်းပြသောသူကို အမှီမပြုနှင့်။ သင့်ရင်ခွင်၌ အိပ်သော မယားကို မယုံမူ၍၊ သင့်နှုတ်တံခါးကို ပိတ်ထားလော့။ အကြောင်းမူကား၊ သားသည် အဘ၏အသရေကို ဖျက်လိမ့်မည်။ သမီးသည် အမိကို၎င်း၊ ချွေးမသည် ယောက္ခမကို၎င်း၊ ရန်ဘက်ပြုလိမ့်မည်။ ကိုယ်အိမ်သူ အိမ်သားတို့သည်လည်း ကိုယ်ရန်သူ ဖြစ်ကြလိမ့်မည်။ ငါမူကား၊ ထာဝရဘုရားကို မြော်လင့်မည်။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို ငါခိုလှုံမည်။ ငါ၏ ဘုရားသခင်သည် ငါ့စကားကို နားထောင်တော်မူမည်။ အချင်းရန်သူ၊ ငါ့အပေါ်မှာ ဝါကြွား ဝမ်းမြောက်ခြင်းမရှိနှင့်။ ငါလဲသော်လည်း ထဦးမည်။ မှောင်မိုက်၌ ထိုင်ရသော်လည်း၊ ထာဝရဘုရားသည် ငါ၏အလင်း ဖြစ်တော်မူလိမ့်မည်။ ငါသည် ထာဝရဘုရားကို ပြစ်မှားသောကြောင့် အမျက်တော်ကို ခံရ၏။ ငါ့အမှုကို စစ်ကြော ၍ တရားဆုံးဖြတ် တော်မမူမှီတိုင်အောင် ငါခံရ၏။ ငါ့ကို အလင်းထဲသို့ထုတ်၍ နေရာပေးတော်မူသော အားဖြင့်၊ ​ဖြောင့်မတ်ခြင်း ပါရမီတော်ကို ငါမြင်ရလိမ့်မည်။ ၁၀ သင်၏ ဘုရားသခင် ထာဝရဘုရားကား၊ အဘယ်မှာရှိသနည်း၊ ဟုမေးသော ငါ့ရန်သူသည်၊ ထိုအမှုကိုမြင်၍ ရှက်ကြောက်လိမ့်မည်။ သူ၌ ငါ့စိတ်ပြေလိမ့်မည်။ သူသည် လမ်းမှာရွှံ့ကဲ့သို့ ကျော်နင်းခြင်းကို ခံရလိမ့်မည်။ ၁၁ သင်၏မြို့ရိုးတည်သော ကာလသည် ရောက်လိမ့်မည်။ အမိန့်တော် အရှိန်ကုန်လိမ့်မည်။ ၁၂ ထိုကာလ၌ အာရှုရိပြည်နှင့် အဲဂုတ္တုမြို့များမှ၎င်း၊ အဲဂုတ္တုပြည်နှင့် မြစ်ကြီးစပ်ကြားအရပ်မှ၎င်း၊ ပင်လယ်ကမ်းနားအရပ်ရပ်၊ တောင်​ခြေရင်း အရပ်ရပ်တို့မှ၎င်း၊ သင့်ထံသို့လာကြလိမ့်မည်။ ၁၃ ထိုသို့မဖြစ်မှီ ပြည်သူပြည်သား ပြုမိသော ဒုစရိုက်အပြစ်ကြောင့်၊ ပြည်တော်သည် လူဆိတ်ညံလျက် ရှိရလိမ့်မည်။ ၁၄ ကိုယ်တော်၏လူ တည်းဟူသော အပေါင်းအဖေါ်မရှိဘဲ၊ တောတွင် ကရမေလတောင်ပေါ်မှာ နေရသော အမွေတော် သိုးစုကို သိုးထိန်းနှင်တံနှင့် ထိန်းတော်မူပါ။ ရှေးကာလ၌ ရှိသကဲ့သို့၊ ဗာရှန်ပြည်နှင့် ဂိလဒ်ပြည်၌ ကျက်စားသောအခွင့်ကို ပေးတော်မူပါ။ ၁၅ သင်သည် အဲဂုတ္တုပြည်မှ ထွက်သောနေ့၌ မြင်သည်အတိုင်း၊ တဖန်အံ့ဩဘွယ်သော အမှုတို့ကို ငါပြမည်။ ၁၆ လူအမျိုးမျိုးတို့သည် ငါ၏လူတို့၌ ရှိသမျှသော တန်ခိုးကိုမြင်၍ မိန်းမောတွေဝေလျက်၊ မိမိတို့ နှုတ်ကိုလက်နှင့်ပိတ်၍ နားပင်းကြလိမ့်မည်။ ၁၇ မြွေကဲ့သို့ မြေမှုန့်ကိုလျက်၍၊ တီကဲ့သို့ တွင်းထဲက တုန်လှုပ်လျက် ထွက်ကြလိမ့်မည်။ ငါတို့ ဘုရားသခင် ထာဝရဘုရားကို၎င်း၊ သင့်ကို၎င်း ကြောက်ရွံ့ကြလိမ့်မည်။ [A] ၁၈ အပြစ်မှ လွှတ်တော်မူထသော၊ ကျန်ကြွင်းသော အမွေတော်လူတို့၏ လွန်ကျူးခြင်းများကို သည်းခံတော်မူထသော၊ ကရုဏာနှင့် မွေ့လျော်သောကြောင့် အစဉ်အမျက်ထွက် တော်မမူသော ကိုယ်တော်ကဲ့သို့ အဘယ်ဘုရားရှိပါသနည်း။ ၁၉ ကိုယ်တော်သည် အ​ကျွန်ုပ်တို့ကို တဖန်သနား၍၊ ​ကျွန်ုပ်တို့၏ ဒုစရိုက်ရှိသမျှတို့ကို ကျော်နင်းတော်မူလိမ့်မည်။ ​ကျွန်ုပ်တို့၏ အပြစ်အလုံးစုံတို့ကို နက်နဲသော ပင်လယ်ထဲသို့ ချပစ်တော်မူလိမ့်မည်။ ၂၀ ရှေးကာလမှစ၍ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသည်အတိုင်း၊ ယာကုပ်၌ သစ္စာစောင့်ခြင်း၊ အာဗြဟံအား ကရုဏာကျေးဇူးပြုခြင်းကို စီရင်တော်မူလိမ့်မည်။

ပရောဖက် မိက္ခာစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.