-
AA
+
🡀
|
🡂
မိက္ခာ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





မိက္ခာ အနာဂတ္တိ
အခန်းကြီး ၄



နောက်ဆုံးသောကာလ၌ ထာဝရဘုရား၏ အိမ်တော်တည်သော တောင်သည် တောင်ကြီးတောင်ငယ်တို့၏ ထိပ်ပေါ်မှာချီး မြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်းသောလူစုတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။ [A] များပြားသော လူမျိုးတို့ကလည်း၊ လာကြလော့။ ထာဝရဘုရား၏ တောင်တော်၊ ယာကုပ်မျိုး၏ ဘုရားသခင့် အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကို ပြသ သွန်သင်တော်မူ၍၊ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်၊ ဟုခရီးသွားလျက် ပြောဆို ကြလိမ့်မည်။ တရားတော်သည် ဇိအုန်တောင်မှ၎င်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ၎င်း၊ ပေါ်ထွက်လိမ့်မည်။ ထာဝရဘုရားသည် များပြားသောလူတို့တွင် တရားစီရင်၍၊ ဝေးစွာနေလျက် အားကြီးသောလူမျိုးတို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ဓါးလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှါ၎င်း၊ လှံများကို တံစဉ်းဖြစ်စေခြင်းငှါ၎င်း၊ ထုလုပ်ကြလိမ့်မည်။ တပြည်ကို တပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောင်တဖန်မသင်ရကြ။ လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သော သင်္ဘောသဖန်းပင် အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တယောက်မျှမရှိရ။ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရ ဘုရား၏ နှုတ်တော်ထွက် အမိန့်တော်ရှိ၏။ လူမျိုးအပေါင်းတို့သည် ကိုယ်ဆိုင်သော ဘုရား၏နာမကို ခိုလှုံလျက် ကျင့်နေတတ်ကြ၏။ ငါတို့မူကား၊ ကိုယ်ဆိုင်သော ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို ကာလအစဉ်အမြဲ ခိုလှုံလျက် ကျင့်နေကြမည်။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ၌ ခြေဆွံ့သောသူကို ငါခေါ်မည်။ နှင်ထုတ်ခြင်းကို ခံရသောသူ၊ ငါညှဉ်းဆဲဘူးသောသူတို့ကို ငါစုဝေးစေမည်။ ​ခြေဆွံ့သောသူကို ငါကျန်ကြွင်းစေမည်။ အဝေးသို့ နှင်ထုတ်ခြင်းကို ခံရသောသူသည် ကြီးမားသော လူမျိုးဖြစ်စေခြင်းငှါ ငါစီရင်မည်။ ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်မှာ သူတို့ကို ယခုမှစ၍ အစဉ်အမြဲ အုပ်ချုပ် စိုးစံတော်မူလိမ့်မည်။ အိုဧဒါလင့်စင်၊ ဇိအုန်သတို့သမီး နေရာကုန်း၊ သင်သည် အစိုးရလိမ့်မည်။ အရင်တည်သော အာဏာတည် ပြန်လိမ့်မည်။ နိုင်ငံတော်သည် ယေရုရှလင် သတို့သမီးလက်သို့ တဖန်ရောက်လိမ့်မည်။

ယခုမှာ သင်သည် အဘယ်ကြောင့် ကျယ်သောအသံနှင့် အော်ဟစ်သနည်း။ သင်၌ ရှင်ဘုရင် တယောက်မျှ မရှိသလော။ အကြံ ပေးသော မှူးမတ်ပျောက်ပျက်သလော။ သားဖွားသော မိန်းမကဲ့သို့ သင်သည် ဝေဒနာကို ခံရပါသည်တကား။ ၁၀ အိုဇိအုန်သတို့ သမီး၊ သားဖွားသော မိန်းမကဲ့သို့ ဝေဒနာကိုခံ၍၊ သားကို ဖွားအံ့သောငှါ အားထုတ်လော့။ ယခုပင် သင်သည် မြို့ထဲကထွက်၍ လယ်ပြင်၌ နေရမည်။ ဗာဗုလုန် မြို့တိုင်အောင် သွားရမည်။ ထိုမြို့၌ လွတ်လိမ့်မည်။ ထိုမြို့၌ ထာဝရဘုရားသည် သင့်ကို ရန်သူတို့လက်မှ ရွေးနှုတ်တော်မူလိမ့်မည်။ ၁၁ ယခုမှာလူမျိုးများတို့က၊ ဇိအုန်မြို့သည် ညစ်ညူးပါစေ။ သူ၌ ငါတို့အလို ပြည့်စုံပါစေ၊ ဟုသင်တဘက်၌ စုဝေးလျက်ဆိုကြ၏။ ၁၂ သို့ရာတွင်၊ ထာဝရဘုရား၏ စိတ်တော်ကိုမသိ၊ အကြံအစည်တော်ကို နားမလည်ကြ။ ကောက်လှိုင်းတို့ကို ကောက်နယ်တလင်း၌ စုထားသကဲ့သို့ ထိုသူတို့ကို စုထားတော်မူ၏။ ၁၃ အိုဇိအုန်သတို့သမီး၊ ထ၍နယ်လော့။ သင့်ဦးချိုကိုသံဖြင့်၎င်း၊ သင့်ခွါတို့ကို ကြေးဝါဖြင့်၎င်း ငါပြီးစေမည်။ သင်သည် လူမျိုးများတို့ကို ညက်ညက်ချေရမည်။ သူတို့တွင် ရသမျှသော စည်းစိမ်ဥစ္စာကို ယူ၍၊ မြေတပြင်လုံးကို အစိုးပိုင်တော်မူသော အရှင်ထာဝရဘုရားအား ပူဇော်ရမည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.