-
AA
+
🡀
|
🡂
မိက္ခာ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





မိက္ခာ အနာဂတ္တိ
အခန်းကြီး ၅


CROSS REFERENCES






ယခုမူကား၊ အိုဗိုလ်​ခြေသတို့သမီး၊ စည်းဝေး၍ ခင်းကျင်းလော့။ ငါတို့ကို ဝိုင်းထားကြပြီ။ ဣသရေလမင်း၏သားကို ကျိန်လုံးနှင့် ရိုက်ကြပြီတကား။ အိုဗက်လင်ဧဖရတ်မြို့၊ အစိုးရသော ယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ် ဖြစ်သော်လည်း၊ ဣသရေလအမျိုးကို အုပ်စိုးရသောသခင်သည် ငါ့အဘို့ သင်၏အထဲမှာ ပေါ်ထွန်းလတံ့။ [A] ထိုသခင်သည် ရှေးကပ်ကမ္ဘာမှစ၍ ပေါ်ထွန်းသော သခင်ဖြစ်၏။ သို့ဖြစ်၍၊ သားဖွားခြင်း ဝေဒနာကိုခံရသော မိန်းမသည် မဖွားမှီတိုင်အောင်၎င်း၊ ဣသရေလ အမျိုးသားတို့နှင့်တကွ ကျန်ကြွင်းသော ညီအစ်ကိုတို့သည် မပြောင်းလဲ မှီတိုင်အောင်၎င်း၊ သူတို့ကို စွန့်ပစ်တော်မူလိမ့်မည်။ ထိုသခင်သည်ရပ်၍ ထာဝရဘုရား၏ အစွမ်းသတ္တိနှင့်၎င်း၊ မိမိဘုရားသခင် ထာဝရဘုရား၏ နာမတော် တန်ခိုးအာနုဘော်နှင့်၎င်း၊ မိမိသိုးစုကို ကျွေးမွေးလိမ့်မည်။ သူတို့သည်လည်း တည်ကြလိမ့်မည်။ အကြောင်းမူကား၊ ထိုသခင်သည် မြေကြီးစွန်းတိုင် အောင်အစိုးရ၍၊ ရန်ငြိမ်းခြင်းအကြောင်း [B] ဖြစ်တော်မူလိမ့်မည်။ အာရှုရိလူသည် ငါတို့ပြည်သို့လာ၍၊ ငါတို့ဘုံဗိမာန်များကို နင်းသောအခါ၊ သိုးထိန်းခုနစ်ပါးနှင့် လူကြီးရှစ်ပါးတို့သည် ငါတို့တွင် ပေါ်ထွန်း၍၊ ဓါးလက်နက်ဖြင့် အာရှုရိပြည်ကို၎င်း၊ မြို့တံခါးဝတို့၌ နိမ်ရောဓနိုင်ငံကို၎င်း၊ သုတ်သင် ပယ်ရှင်းသောအားဖြင့် ငါတို့ပြည်သို့လာ၍၊ ငါတို့နယ်အတွင်းတွင် နင်းသောအာရှုရိလူ၏ လက်မှ ငါတို့ကို ကယ်လွှတ်လိမ့်မည်။ ကျန်ကြွင်းသော ယာကုပ် အမျိုးသားတို့သည် တပါးအမျိုးသား အများတို့တွင် နေ၍၊ ထာဝရဘုရား ပေးတော်မူသော နှင်းကဲ့သို့၎င်း၊ လူကိုမငံ့လင့်၊ လူသားတို့၏ အလိုသို့ မလိုက်သော မိုးရေကဲ့သို့၎င်း၊ ဖြစ်ကြလိမ့်မည်။ ကျန်ကြွင်းသော ယာကုပ် အမျိုးသားတို့သည် တပါးအမျိုးသား အများတို့တွင် နေ၍၊ တောသားရဲတို့တွင် ခြင်္သေ့ကဲ့သို့၎င်း၊ သိုးစုတို့တွင် ခြင်္သေ့ကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။ ခြင်္သေ့ဝင်သောအခါ အဘယ်သမျှ မကယ်နှုတ်နိုင်အောင် နင်း၍ ကိုက်စားတတ်၏။ သင်၏ရန်ဘက်၌ နေသောသူတို့ကို သင်တိုက်၍၊ ရန်သူအပေါင်းတို့သည် ဆုံးရှုံးကြလိမ့်မည်။ ၁၀ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ၌ သင်၏ မြင်းတို့ကို သင့်အလယ်က ငါပယ်ရှင်း၍၊ သင်၏ ရထားတို့ကိုလည်း ဖျက်ဆီးမည်။ ၁၁ သင်၏ ပြည်၌ မြို့ရိုးတို့ကို ငါပယ်ရှင်း၍၊ သင်၏ ရဲတိုက်ရှိသမျှတို့ကို ဖြိုဖျက်မည်။ ၁၂ သင်၏ နယ်၌ စုန်းလုပ်သောသူတို့ကို ငါပယ်ရှင်း၍၊ သင်၌ ဗေဒင်ဟောသောသူ မရှိရ။ ၁၃ ထုလုပ်သော ရုပ်တုဆင်းတုတို့ကို သင့်အလယ်က ငါပယ်ရှင်း၍၊ ကိုယ်လက်နှင့် လုပ်သောအရာကို နောက်တဖန် သင်မကိုးကွယ်ရ။ ၁၄ အာရှရပင်တို့ကိုလည်း သင့်အလယ်၌ ငါနှုတ်၍၊ သင်၏မြို့တို့ကိုလည်း ငါဖျက်ဆီးမည်။ ၁၅ ငါ့စကားကို နားမထောင်သော တပါးအမျိုးသားတို့ကို ပြင်းစွာ အမျက်ထွက်၍ အပြစ်ဒဏ်ကို ငါစီရင်မည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.