-
AA
+
🡀
|
🡂
မိက္ခာ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





မိက္ခာ အနာဂတ္တိ
အခန်းကြီး ၆


CROSS REFERENCES






ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ထ၍တောင်ကြီးတို့ရှေ့မှာ တရားတွေ့သဖြင့်၊ တောင်ငယ်တို့သည် သင့်စကားကို ကြားကြစေ။ အိုတောင်တို့၊ ခိုင်ခံ့သော မြေအမြစ်တို့၊ ထာဝရဘုရား၏ တရားတွေ့မှုကို နားထောင်ကြလော့။ ထာဝရဘုရားသည် မိမိလူမျိုးနှင့် တရားတွေ့စရာရှိ၏။ ဣသရေလ အမျိုးနှင့် ဆွေးနွေးငြင်းခုန်တော်မမူ။ အိုငါ၏လူမျိုး၊ သင့်ကို အဘယ်သို့ ငါပြုဘူးသနည်း။ အဘယ်သို့ ပင်ပန်းစေသနည်း။(a) [A] ငါ့တဘက်၌ သက်သေခံလော့။ သင့်ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့ပြီ။ ​ကျွန်ခံနေရာအရပ်မှ ရွေးနှုတ်ပြီ။ သင့်ရှေ့မှာ မောရှေ၊ အာရုန်၊ မိရိအံတို့ကို ငါစေလွှတ်လေပြီ။ အိုငါ၏လူမျိုး၊ ရှိတ္တိမ်မြို့နှင့် ဂိလဂါလ စပ်ကြားမှာ မောဘမင်းကြီး ဗာလက် ကြံစည်သောအကြံကို၎င်း၊ ဗောရသား ဗာလမ်ပြန်ပြောသော စကားကို၎င်း၊ အောက်မေ့လော့။ ထိုသို့အောက်မေ့မိလျှင်၊ ထာဝရဘုရား၏ ဖြောင့်မတ်တော်မူခြင်းကို နားလည်လိမ့်မည်။ ငါသည် ထာဝရဘုရား ရှေ့တော်သို့ အဘယ် ပူဇော်သက္ကာ ပါလျက်ချဉ်းကပ်၍၊ အမြင့်ဆုံးသော ဘုရားသခင် ရှေ့တော်၌ ကိုးကွယ်ရမည်နည်း။ မီးရှို့ရာယဇ်နှင့် အခါလည်သော နွားသငယ်တို့ကို ဆောင်လျက် ချဉ်းကပ်ရမည်လော။ ထာဝရဘုရားသည် သိုးထီးတထောင်၊ ဆီမြစ်တသောင်းကို အားရ နှစ်သက်တော်မူမည်လော။ ငါ့လွန်ကျူးခြင်းအတွက် ငါ၏သားဦးကို၎င်း၊ ငါ့စိတ်ဝိညာဉ်၏ အပြစ်အတွက် ငါ၏ရင်သွေးကို၎င်း၊ ပူဇော်ရမည်လော၊ [B] အချင်းလူ၊ ကောင်းသောလမ်းကို ပြတော်မူပြီ။ တရားသဖြင့်ပြုခြင်း၊ ကရုဏာကို နှစ်သက်ခြင်း၊ သင်၏ ဘုရားသခင်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့် ကျင့်နေခြင်းမှတပါး အဘယ် ပူဇော်သက္ကာကို ထာဝရဘုရား တောင်းတော်မူသနည်း။

ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် မြို့ကို ဟစ်ခေါ်တော်မူ၏။ ပညာရှိသောသူသည် နာမတော်ကို ကြောက်ရွံ့ရ၏။ ဆုံးမခြင်းကို၎င်း၊ စီရင်သောသူသည် အဘယ်သူ ဖြစ်သည်ကို၎င်း၊ နားထောင်ကြလော့။ ၁၀ မတရားသောသူတို့၏ အိမ်၌ မတရားသဖြင့် ဆည်းဖူးသော ဥစ္စာနှင့် ရွံရှာဘွယ်သော တင်းတောင်းငယ် ရှိသေးသလော။ ၁၁ မတရားသောချိန်ခွင်နှင့် စဉ်းလဲသော အလေးအိတ်ရှိသော မြို့ကို သန့်ရှင်းသောမြို့ဟူ၍ ငါမှတ်ရမည်လော။ ၁၂ မြို့သားသူဌေးတို့သည် အနိုင်အထက်ပြု၍ ရတတ်ကြ၏။ ဆင်းရဲသားတို့သည်လည်း မုသာကို သုံးတတ်ကြ၏။ သူတို့နှုတ်၌ ရှိသောလျှာသည် မုသာဖြစ်၏။ ၁၃ သို့ဖြစ်၍၊ သင်၏အပြစ်ကြောင့် သင့်ကို ငါသုတ်သင် ပယ်ရှင်းခြင်းအလိုငှါ နာကျင်စွာ ဒဏ်ခတ်မည်။ ၁၄ သင်သည် စားသော်လည်းမဝရ။ မွတ်သိပ်ခြင်းကိုခံရမည်။ သင်သည် ချီသော်လည်း ယူ၍မသွားရ။ ယူသွားသော အရာကိုလည်း ဓါးဘေးသို့ ငါအပ်မည်။ ၁၅ မျိုးစေ့ကို ကြဲသော်လည်း၊ စပါးကိုမရိတ်ရ။ သံလွင်သီးကို နယ်သော်လည်း၊ ဆီနှင့်ကိုယ်ကို မလိမ်းရ။ စပျစ်သီးကို နယ်သော်လည်း၊ စပျစ်ရည်ကို မသောက်ရ။ ၁၆ အကြောင်းမူကား၊ သင်သည် ဩမရိမင်း၏ စီရင်ထုံးဖွဲ့ချက်တို့ကို၎င်း၊ အာဟပ်မင်းမျိုးကျင့်သော အကျင့်ရှိသမျှကို၎င်း၊ ကျင့်စောင့်၍ သူတို့၏ တိုက်တွန်းရာသို့ လိုက်တတ်၏။ သို့ဖြစ်၍၊ သင့်ကို ငါသုတ်သင်ပယ်ရှင်း၍ မြို့သားတို့ကို ဆဲရေးရာဖြစ်စေသဖြင့်၊ သင်သည် ငါ၏လူတို့ ကဲ့ရဲ့ခြင်းကို ခံရမည်။

_________________________
Footnotes


(a) မြန်မာကျမ်းစာအုပ်၌ "ညှဉ်းဆဲဘူးသနည်း" ဟုရေးထားသည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.