-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၇


ရှုရိနှင့် ဣသရေလ ရှင်ဘုရင်တို့က ယုဒပြည်တိုက်မည်ကြံ

ယုဒရှင်ဘုရင် ဩဇိသားဖြစ်သော၊ ယောသံ၏သား အာခတ်မင်း လက်ထက်၌၊ ရှုရိရှင်ဘုရင် ရေဇိန်မင်းနှင့် ဣသရေလရှင် ဘုရင် ရေမလိမင်း၏သား ပေကာမင်းတို့သည်၊ ယေရုရှလင်မြို့ကို တိုက်ခြင်းငှါ ချီလာကြ၏၊၊ သို့သော်လည်း အကြံမမြောက်နိုင်ကြ၊၊ ရှုရိပြည်သည် ဧဖရိမ်ပြည်ကို အမှီပြုသည်၊ ဟုဒါဝိဒ်မင်းမျိုးကြားသောအခါ၊ တော၌ သစ်ပင်တို့သည် လေကြောင့် လှုပ်ရှားသကဲ့သို့၊ မင်းကြီး၏နှလုံးနှင့် ပြည်သားတို့၏နှလုံးသည် တုန်လှုပ်လျက်ရှိကြ၏။


ဘုရားက ဟေရှာယအားဖြင့် မစိုးရိမ်ဘို့ပြော
CROSS REFERENCES






ထိုအခါ ထာဝရဘုရားသည် ဟေရှာယကို မိန့်တော်မူသည်ကား၊ သင်သည် သင်၏သား ရှာယာရှုပ်နှင့်အတူသွား၍၊ ခဝါသည်၏ လယ်နားမှာ ရှောက်သောလမ်း၊ အထက်ရေကန်ပြွန်ဝ၌ အာခတ်မင်းကိုကြိုဆို၍ တွေ့လျှင် ဆင့်ဆိုရမည်မှာ၊ သတိပြု၍ ငြိမ်သက်စွာနေလော့၊၊ မီးခိုးထွက်သော ဤထင်းစနှစ်ခုတည်းဟူသော ရှုရိမင်းရေဇိန်နှင့် ရေမလိ၏သားတို့သည် ပြင်းစွာ အမျက်ထွက်သော်လည်း၊ မစိုးရိမ်နှင့်၊ [A] စိတ်မပျက်နှင့်၊၊ ရှုရိပြည်၊ ဧဖရိမ်ပြည်၊ ရေမလိသားတို့က၊ ငါတို့သည် ယုဒပြည်သို့သွား၍ နှောင့်ရှက်ကြကုန်အံ့၊၊ တိုက်ယူ၍ ပြည်အလယ်မှာ တဗာလ၏သားကို မင်းအရာ၌ ခန့်ထားကြကုန်အံ့၊ ဟုသင့်တဘက်၌ မကောင်းသောအကြံကို ကြံကြသော်လည်း၊ ဘုရားရှင် ထာဝရဘုရားက ထိုအကြံမတည်ရ၊၊ ထိုသို့မဖြစ်ရ၊၊ ရှုရိပြည်၏ခေါင်းကား၊ ဒမာသက်မြို့၊၊ ဒမာသက်မြို့၏ ခေါင်းကား၊ ရေဇိန်မင်းဖြစ်၏၊၊ ဧဖရိမ်ပြည်၏ ခေါင်းကား၊ ရှမာရိမြို့၊ ရှမာရိမြို့၏ ခေါင်းကား၊ ရေမလိသားဖြစ်ရ၏၊၊ သို့သော်လည်း၊ ​ခြောက်ဆယ် ငါးနှစ်အတွင်းတွင်၊ ဧဖရိမ်ပြည်ကို ပြည်မဖြစ်စေခြင်းငှါ၊ ချိုးဖဲ့လိမ့်မည်၊၊ သင်တို့သည်မယုံလျှင် မတည်ရကြ၊ ဟုမိန့်တော်မူ၏၊၊


CROSS REFERENCES






၁၀ တဖန်ထာဝရဘုရားက၊ သင်၏ ဘုရားသခင် ထာဝရဘုရားထံမှာ နိမိတ်လက္ခဏာကို တောင်းပန်လော့၊၊ ၁၁ နက်သောအရပ်၌ ဖြစ်စေ၊ မြင့်သောအထက်အရပ်၌ ဖြစ်စေ၊ တောင်းပန်လော့၊ ဟုအာခတ်မင်းကို မိန့်တော်မူလျှင်၊ ၁၂ အာခတ်မင်းက ကျွန်ုပ်မတောင်းပန်ပါ၊၊ ထာဝရဘုရားကို မစုံစမ်းပါ၊ ဟုပြန်ပြော၏၊၊ ၁၃ ထိုအခါ ဟေရှာယက၊ အိုဒါဝိဒ်အမျိုးသားတို့၊ နားထောင်ကြလော့၊၊ သင်တို့သည် လူကို ငြီးငွေ့စေသည်သာမက၊ ငါကိုးကွယ်သော ဘုရားသခင်ကို ငြီးငွေ့စေကြမည်လော့၊၊၁၄ ထိုကြောင့်၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အား ပေးတော်မူမည်၊၊ ကြည့်ရှုလော့၊၊ သတို့သမီးကညာသည်၊ ပဋိသန္ဓေယူ၍၊ သားယောကျ်ားကို ဖွားမြင်လတံ့၊၊ ထိုသားကို ဧမာနွေလ [B]အမည်ဖြင့် မှည့်ရလတံ့၊၊ ၁၅ ထိုသူသည် မကောင်းသောအရာကိုပယ်၍၊ ကောင်းသောအရာကို ရွေးယူတတ်သည် တိုင်အောင်၊ နို့ဓမ်းနှင့် ပျားရည်ကို စားရလိမ့်မည်၊၊ ၁၆ ထိုသူငယ် မကောင်းသောအရာကို မပယ်၊ ကောင်းသောအရာကို မရွေးမယူတတ်မှီ၊ သင်ကြောက်သော ရှင်ဘုရင်နှစ်ဦး အစိုးရသော ပြည်သည် စွန့်ပစ်သောအရပ်ဖြစ်လိမ့်မည်၊၊ ၁၇ ဧဖရိမ်အမျိုးသည် ယုဒအမျိုးနှင့် ကွာသွားသောနေ့မှစ၍၊ မဖြစ်ဘူးသော နေ့ရက်ကာလကို ထာဝရဘုရားသည် သင်၏အပေါ်၌၎င်း၊ သင်၏လူများအပေါ်၌ ၎င်း၊ သင်၏အမျိုးရင်းအပေါ်၌ ၎င်း၊ ရောက်စေတော်မူမည်၊၊ ၁၈ ထိုကာလ၌ အဲဂုတ္တုမြစ်လက်ကြားတို့အနားမှာရှိသောယင်ကောင်ကို၎င်း၊ အာရှုရိပြည်၌ ရှိသောပျားကောင်ကို၎င်း၊ နှိုးဆော်တော်မူသဖြင့်၊ ၁၉ သူတို့သည်လာ၍ လူဆိတ်ညံသောချိုင့်များ၊ ချောက်ကြား၊ တောအုံ၊ ကျက်စားရာများအပေါ်မှာ အကုန်အစင် နားကြလိမ့်မည်၊၊ ၂၀ ထိုကာလတွင် မြစ်ကြီးတဘက်၌ နေသောသူ၊ အာရှုရိရှင်ဘုရင် တည်းဟူသော ငှါးသောသင်တန်းဖြင့် ထာဝရဘုရားသည် ဆံပင်နှင့် ခြေမွေးကို ရိတ်တော်မူမည်၊၊ မုတ်ဆိတ်ကိုလည်း ပယ်ရှင်းတော်မူမည်၊၊ ၂၁ ထိုကာလ၌ လူသည် နွားမကလေးတကောင်၊ သိုးဆိတ်နှစ်ကောင်ကို မွေးစားလျှင်၊ ၂၂ သူတို့၌ များစွာသော နို့ကိုရသဖြင့် နို့ဓမ်းကိုစားရ၏၊၊ ပြည်၌ ကျန်ကြွင်းသမျှသော သူတို့သည် ထောပတ်နှင့် ပျားရည်ကိုသာ စားရကြလိမ့်မည်၊၊ ၂၃ ထိုအခါ စပျစ်နွယ်ပင် တထောင်ရှိ၍၊ ငွေတထောင်အဘိုး ထိုက်သော စပျစ်ဥယျာဉ်တိုင်း၊ ဆူးပင်မျိုးသက်သက် ဖြစ်ရလိမ့်မည်၊၊ ၂၄ လေးနှင့်မြှားကို ဆောင်လျက် ထိုအရပ်သို့ သွားကြလိမ့်မည်၊၊ မြေတပြင်လုံး၌ ဆူးပင်မျိုး သက်သက်ဖြစ်ရလိမ့်မည်၊၊ ၂၅ ပေါက်တူးနှင့် တူးဆွရာ တောင်ယာရှိသမျှတို့သည် ဆူးပင်မျိုးကြောင့် အဘယ်သူမျှ မချည်းဝံ့သဖြင့်၊ နွားလွတ်၍ ကျက်စားရာ၊ သိုးဆိတ်တို့ ကျော်နင်းရာ ဖြစ်ရကြလိမ့်မည်၊ ဟုဟောလေ၏၊၊



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.