-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
၆၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၆၅


ငါ့ကိုမရှာသောသူတို့ ငါ့ကိုတွေ့ကြပြီ

ငါ့ကို မမေးလျှောက်သော သူတို့၏စကားကို ငါနားထောင်ပြီ။ ငါ့ကိုမရှာသောသူတို့သည် ငါ့ကိုတွေ့ရကြပြီ၊ ငါ့ကိုကြည့်လော့။ ကြည့်ကြလော့၊၊ ကြည့်ကြလော့၊ ဟုငါ့နာမကို ပဌနာမပြုသော လူမျိုးအား ငါပြောဆိုပြီ။ မိမိအလိုအတိုင်း မကောင်း သော လမ်းကိုလိုက်၍၊ ငြင်းဆန်တတ်သော လူမျိုးကို မျက်နှာပြုလျက်၊ တနေ့လုံး ငါသည် ကိုယ်လက်ဝါးကို ဖြန့်ရပြီ။ ထိုလူမျိုးသည် ဥယျာဉ်၌ ယဇ်ပူဇော်၍၊ အုတ်ပေါ်မှာ လောဗန်ကို မီးရှို့သဖြင့်၊ ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ၊ ငါ့မျက်မှောက်၌ အစဉ်ပြုတတ်၏။ သင်္ချိုင်းမှာနေ၍၊ သင်္ချိုင်းတွင်း၌ အိပ်တတ်၏၊၊ ဝက်သားကိုစား၍ ရွံရှာဘွယ်သော အမဲသား ပြုတ်ရည်ကို သောက်တတ်၏၊၊ သူတို့ကလည်း၊ သင်သည် အသီးအခြားနေလော့၊၊ ငါ့ထံမချဉ်းနှင့်၊၊ ငါသည် သင့်ထက်သာ၍ သန့်ရှင်းသည်၊ ဟုဆိုတတ်၏၊၊ ထိုသို့သောသူတို့သည် ငါ့နှာခေါင်း၌ မီးခိုးကဲ့သို့၎င်း၊ အစဉ်လောင်သော မီးကဲ့သို့၎င်း ဖြစ်ကြ၏၊၊ ငါ့ရှေ့မှာ စာရင်းမှတ်လျက် ရှိသည်ဖြစ်၍၊ ငါသည် တိတ်ဆိတ်စွာမနေ၊ အကျိုးအပြစ်ကို ဆပ်ပေးမည်။ သင်တို့၏ ဒုစရိုက်အပြစ်ကို၎င်း၊ တောင်ပေါ်မှာ လောဗန်ကိုမီးရှို့၍၊ ကုန်းပေါ်မှာ ငါ့ကို ကဲ့ရဲ့သော သင်တို့ဘိုးဘေး၏ ဒုစရိုက်အပြစ်ကို၎င်း၊ သင်တို့ရင်ခွင်၌ ငါဆပ်ပေးမည်၊ အကယ်စင်စစ် သူတို့ပြုဘူးသော အကျင့်တို့၏ အကျိုးအပြစ်ကို သူတို့ရင်ခွင်၌ ငါခြင်၍ပေးမည်၊ ဟုထာဝရဘုရား မိန့်တော်မူ၏။


ဘုရားသည်သူ့ကျွန်များကိုမဖျက်

တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ စပျစ်သီးပြွတ်၌ စပျစ်ရည်ကို တွေ့သောအခါ မဖျက်နှင့်၊ မင်္ဂလာရှိသည်၊ ဟုဆိုတတ်သကဲ့သို့၊ ထိုအတူ၊ ငါ့​ကျွန်တို့၏ အကျိုးအလိုငှါ ငါပြုမည်၊၊ အကုန်အစင်မဖျက်၊၊ ယာကုပ် အမျိုးထဲက မျိုးစေ့ကို၎င်း၊ ယုဒအမျိုးထဲက ငါ့တောင်ကို အမွေခံရသောသူကို၎င်း၊ ငါထုတ်ဖော်မည်၊၊ ငါရွေးကောက်သော သူတို့သည် ပြည်တော်ကို အမွေခံ၍၊ ငါ၏​ကျွန်တို့သည် နေရကြလိမ့်မည်။ ၁၀ ငါ့ကိုရှာသော ငါ၏လူတို့အဘို့၊ ရှာရုန်အရပ်သည် သိုးခြံဖြစ်လိမ့်မည်၊၊ အာခေါ်ချိုင့်သည်လည်း နွားများ အိပ်ရာအရပ် ဖြစ်လိမ့်မည်၊၊


သင်တို့နှင့်ဘုရား၏ ကျွန်များကွာခြားမည်

၁၁ သင်တို့မူကား၊ ထာဝရဘုရားကို စွန့်ပစ်သောသူ၊ ငါ၏သန့်ရှင်းသော တောင်ကို မေ့လျော့သောသူ၊ ဂါဒဘုရားရှေ့မှာ စားပွဲကိုခင်း၍၊ မေနိဘုရားအား သွန်းလောင်းရာ ပူဇော်သက္ကာကို ပြင်သောသူဖြစ်ကြ၏၊၊ ၁၂ သင်တို့ကို ငါရေတွက်၍၊ ထား၌ အပ်မည်။ ရှိသမျှတို့သည် အသေသတ်ခြင်းကို ခံရအောင် ဦးချရလိမ့်မည်၊၊ အကြောင်းမူကား၊ ငါခေါ်သောအခါ မထူးကြ၊၊ ငါပြောသောအခါ နားမထောင်ကြ၊၊ ငါ့မျက်မှောက်၌ မကောင်းသောအကျင့်ကို ကျင့်ကြ၏။ ငါမနှစ်သက်သော အရာကိုရွေးယူကြ၏၊၊ ၁၃ ထို့ကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏​ကျွန်တို့သည် စားကြလိမ့်မည်။ သင်တို့မူကား၊ မွတ်သိပ်ကြလိမ့်မည်၊၊ ငါ၏​ကျွန်တို့သည် သောက်ကြလိမ့်မည်။ သင်တို့မူကား၊ ရေငတ် ကြလိမ့်မည်။ ငါ၏​ကျွန်တို့သည် ဝမ်းမြောက်ကြလိမ့်မည်၊၊ သင်တို့မူကား ရှက်ကြောက်ကြလိမ့်မည်၊၊ ၁၄ ငါ၏ ကျွန်တို့သည် ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုကြလိမ့်မည်၊၊ သင်တို့မူကား၊ ဝမ်းနည်းသော စိတ်နှင့် ငိုကြွေးကြလိမ့်မည်။ ​ကြေကွဲသောနှလုံးနှင့် ညည်းတွား မြည်တမ်းကြလိမ့်မည်၊၊ ၁၅ သင်တို့သည် ကိုယ်နာမကို၊ ငါရွေးကောက်သောသူတို့၌ ကျိန်ဆဲဘို့ရာ ကျန်ရစ်စေကြလိမ့်မည်၊၊ အရှင်ထာဝရဘုရားသည် သင်တို့ကို ကွပ်မျက်၍၊ ကိုယ်တော်၏ ကျွန်တို့ကို အခြားသော နာမဖြင့် မှည့်တော်မူသည်၊၊ ၁၆ မြေကြီးပေါ်မှာ မိမိကိုယ်မိမိ ကောင်းကြီး ပေးသောသူသည်၊ သစ္စာစောင့်တော်မူသော ဘုရားသခင်ကို အမှီပြု၍ ကောင်းကြီးပေးလိမ့်မည်။ မြေကြီးပေါ်မှာ ကျိန်ဆိုသောသူသည်၊ သစ္စာစောင့်တော်မူသော ဘုရားသခင်ကို တိုင်တည်၍ ကျိန်ဆိုလိမ့်မည်။ အကြောင်းမူကား၊ အရင်အမှုတို့ကို မေ့လျော့ရ၏၊၊ ငါ့မျက်မှောက်၌ ကွယ်ပျောက်လျက် ရှိကြ၏၊၊


မိုးကောင်းကင်နှင့် မြေကြီးသစ် အနှစ်တထောင်ကာလ

၁၇ ကြည့်ရှုလော့။ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်၊၊(a) အရင်မိုးကောင်းကင်နှင့် မြေကြီးကို မအောက်မေ့ရ၊၊ နှလုံးမမှတ်မိရ။ ၁၈ ငါဖန်ဆင်းလာတံ့သော အရာကြောင့်၊ သင်တို့သည် အစဉ်အမြဲ ဝမ်းမြောက် ရွှင်လန်းကြလိမ့်မည်၊၊ ယေရုရှလင်မြို့ကို ဝမ်းမြောက်စရာအကြောင်း၊ မြို့သားတို့ကို ရွှင်လန်းစရာအကြောင်း ဖြစ်စေခြင်းငှါ ငါဖန်ဆင်း၏၊၊ ၁၉ ငါသည်လည်း၊ ယေရုရှလင်မြို့ကြောင့် ဝမ်းမြောက်မည်၊၊ ငါ၏လူတို့ကြောင့် ရွှင်လန်းမည်။ ထိုမြို့၌ ငိုကြွေးသံနှင့် အော်ဟစ်သံကို နောက်တဖန်မကြားရ၊၊ ၂၀ ထိုမြို့၌ အသက်ငယ်သော သူငယ်မရှိရ၊၊ အသက်မပြည့်စုံသော လူအိုလည်းမရှိရ၊၊ အသက်တရာရှိလျက် သေသောသူကို သူငယ်ဟူ၍ မှတ်ရ၏၊၊ အပြစ်ရှိသောသူသည် အသက်တရာ ရှိလျက်သေလျှင်၊ ကျိန်ခြင်းကို ခံရသောသူဟူ၍ မှတ်ရ၏၊၊ ၂၁ ထိုသူတို့သည် ကိုယ်ဆောက်သော အိမ်၌ နေကြလိမ့်မည်၊၊ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်၊၊ ၂၂ သူတို့သည် အိမ်ကိုဆောက်၍ အခြားသောသူ နေရမည်မဟုတ်၊၊ သူတို့သည် စပျစ်ဥယျာဉ်ကို စိုက်၍ အခြားသောသူ စားရမည်မဟုတ်၊၊ ငါ၏ လူတို့အသက်သည် သစ်ပင်၏ အသက်ကဲ့သို့ဖြစ်၍၊ သူတို့သည် ကိုယ်ပြုစုသော အရာကို ကြာမြင့်စွာ သုံးဆောင်ကြလိမ့်မည်။ ၂၃ ငါရွေးကောက်သော သူတို့သည် အချည်းနှီး မလုပ်မဆောင်ရကြ။ အသက်တိုသော သားကို မဖွားမမြင်ရကြ။ ကိုယ်တိုင်မှစ၍ အမျိုးအနွယ်တို့သည် ထာဝရဘုရား ပေးတော်မူသော ကောင်းကြီး မင်္ဂလာကို ခံရသောသူ ဖြစ်ကြလိမ့်မည်။ ၂၄ ငါသည် သူတို့မခေါ်မှီကပင် ထူးမည်။ လျှောက်စဉ်တွင်ပင် ငါနားထောင်မည်။ ၂၅ တောခွေးနှင့်သိုးသငယ်တို့သည် အတူ ကျက်စားကြလိမ့်မည်။ ခြင်္သေ့သည် နွားကဲ့သို့ မြက်ကိုစားလိမ့်မည်။ မြွေမူကား၊ မြေမှုန့်ကိုသာ စားရလိမ့်မည်။ ငါ၏ သန့်ရှင်းသော တောင်တပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ၊ ဟုထာဝရဘုရား မိန့်တော်မူ၏။ [A]

_________________________
Footnotes


(a) ဤကောင်းကင်သစ်နှင့် မြေကြီးသစ်သည်၊ ထာ၀ရကာလအရာ မဟုတ်ဘဲ၊ အနှစ်တထောင်ကာလ ခရစ်တော်က အုပ်စိုး မည့်အချိန်ကိုဆိုလိုသည်။ အကြောင်းမှာ၊ သေခြင်း၊ ကျိန်ခြင်း၊ အိမ်ဆောက်ခြင်း၊ စိုက်ပျိုးခြင်းများ ရှိဦးမည်ဖြစ်သည်။ ထာ၀ရကာလမှာ ထိုအရာများ ရှိတော့မည်မဟုတ်။ သို့သော် ခရစ်တော် ကိုယ်တော်တိုင် အုပ်စိုးသောကြောင့်၊ ယခုကာလနှင့် လုံး၀တူတော့ မည်မဟုတ်။ လူ့သက်တန်းလည်း အနှစ်တထောင်အထိ ပြန်ရှည်မည်။ တိရစ္ဆာန်လောကမှာလည်း သားရဲမရှိတော့ဘဲ၊ အားလုံးငြိမ် ချမ်းသာယာမည်ဖြစ်သည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.