-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
၄၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၄၄


ဝိညာဉ်နှင့် ကောင်းကြီး သွန်းလောင်းမည်
CROSS REFERENCES





CROSS REFERENCES






ယခုမူကား၊ ငါ့​ကျွန်ယာကုပ်၊ ငါရွေးကောက်သောသူ ဣသရေလ၊ နားထောင်လော့။ သင့်ကို ဖန်ဆင်းတော်မူသော ဘုရား၊ ဖွားစကပင် သင့်ကို ပြုပြင်၍၊ နောင်၌လည်း မစလတံ့သော ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ့​ကျွန်ယာကုပ်၊ ငါရွေးကောက်သောသူယေရှုရုန်၊(a) [A] မစိုးရိမ်နှင့်။ [B] အကြောင်းမူကား၊ ရေငတ်သောသူအပေါ်မှာ ရေကို ငါသွန်းလောင်း၍၊ သွေ့​ခြောက်သော မြေကို ရေလွှမ်းမိုးစေမည်။ သင်၏ အမျိုးအပေါ်မှာ ငါ့ဝိညာဉ်ကို၎င်း၊ သင်၏အနွယ်ပေါ်မှာ ငါ့ကောင်း ကြီးမင်္ဂလာကို၎င်း ငါသွန်းလောင်းမည်။ သူတို့သည်လည်း ရေမြောင်းအနားမှာ မိုးမခပင်ကဲ့သို့၊ မြက်ပင်ထဲတွင် ပေါက်ကြလိမ့်မည်။ တယောက်က၊ ငါသည် ထာဝရဘုရား၏လူ ဖြစ်သည်ဟု ဆိုလိမ့်မည်။ တယောက်သည်လည်း၊ ယာကုပ်အမည်ဖြင့် ကိုယ်ကိုကိုယ် မှည့်လိမ့်မည်။ တယောက်သည်လည်း၊ ထာဝရဘုရား၏လူ ဟူ၍ မိမိလက်တွင် စာထိုးလျက်၊ ဣသရေလ အမည်သစ်ဖြင့် ကိုယ်ကိုကိုယ် မှည့်လိမ့်မည်။


ငါမှတပါးအခြားသော ဘုရားမရှိ
CROSS REFERENCES






ဣသရေလအမျိုး၏ ရှင်ဘုရင် ထာဝရဘုရား၊ ဣသရေလ အမျိုးကို ရွေးနှုတ်သော၊ ကောင်းကင် ဗိုလ်​ခြေ အရှင် ထာဝရ ဘုရား မိန့်တော်မူသည်ကား၊ ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏၊၊ [C] ငါမှတပါး အခြားသော ဘုရားသခင်မရှိ၊၊ ရှေးလူမျိုးကို ငါခန့်ထားသည်မှစ၍ ငါကဲ့သို့ အဘယ်သူသည် အမှုတို့ကို ငါ့အဘို့ခေါ်၍ ထုတ်ဖော် စီရင်နိုင်မည်နည်း၊၊ ဖြစ်ဆဲသောအမှုနှင့် ဖြစ်လတံ့သော အမှုတို့ကိုသူတို့အား ဖေါ်ပြကြစေ၊၊ မစိုးရိမ်ကြနှင့်၊၊ မကြောက်ကြနှင့်၊၊ အထက်က ငါဟောပြော ပြသသည်မဟုတ်လော၊၊ သင်တို့သည် ငါ၏သက်သေ ဖြစ်ကြ၏၊၊ ငါမှတပါး အခြားသော ဘုရားသခင်ရှိသလော၊၊ ငါမှတပါးအခြားသော မူလအမြစ်မရှိ၊၊ တစုံတဦးကိုမျှ ငါမသိ၊၊


ဘုရားကို လုပ်သောသူတို့

ရုပ်တုဆင်းတုကို လုပ်သောသူ အပေါင်းတို့သည် အချည်းနှီး သက်သက်ဖြစ်ကြ၏၊၊ သူတို့နှမြောသော အရာတို့သည် အကျိုးကို မပေးနိုင်ကြ၊၊ ငါတို့သည် မမြင်တတ်၊ နားမလည်တတ်၊ ဟုရှက်စရာအကြောင်းကို ကိုယ်တိုင် သက်သေခံကြ၏၊၊ ၁၀ ဘုရားကို လုပ်သောသူ၊ အကျိုးမပေးနိုင်သော ရုပ်တုဆင်းတုကို သွန်းသောသူကား အဘယ်သူနည်း၊၊ ၁၁ ထိုသူ၏ အပေါင်းအဖေါ်ရှိသမျှတို့သည် ရှက်ကြလိမ့်မည်၊၊ လုပ်သောသူတို့သည် လူသက်သက် ဖြစ်ကြ၏။ ရှိသမျှတို့သည် စုဝေး၍ ထကြစေ၊၊ တပြိုင်နက် ထိတ်လန့် ရှက်ကြောက်ကြလိမ့်မည်၊၊



၁၂ ပန်းပဲသမားသည် ပုဆိန်ကိုလုပ်ခြင်းငှါ မီးခဲ၌ ဖုတ်၍ လက်ရုံးအား ထုတ်လျက် သံတူနှင့် ထုတတ်၏၊၊ အကယ်၍ မွတ်သိပ်သောအခါ အားလျော့တတ်၏၊၊ ရေမသောက်ရ သောအခါ မောတတ်၏၊၊ ၁၃ လက်သမားသည် မျဉ်းချလျက်စူးနှင့် မှတ်သား၍၊ လက်သမား တန်ဆာနှင့် လုပ်ပြီးလျှင် အိမ်၌ နေစေခြင်းငှါ ကွန်ပါနှင့် ရေးသား၍၊ လူအသရေပါအောင် လူပုံသဏ္ဍာန်နှင့်အညီ ထုလုပ်တတ်၏၊၊ ၁၄ ကိုယ်အဘို့ အလိုငှါ အာရဇ်ပင်တို့ကို ခုတ်၍ ကုပရုပင်၊ သပိတ်ပင်တို့ကို ရွေးယူသဖြင့် တောပင် အမျိုးမျိုးတို့ကို ဆည်းဖူးတတ်၏၊၊ အာရဇ်ပင်ကို စိုက်၍ မိုးရေလည်း မွေးတတ်၏၊၊ ၁၅ လူသုံးရန် ထင်းဖြစ်၏။ လူလည်းယူ၍ မီးလှုံတတ်၏၊၊ တဖန်မီးမွှေး၍ မုန့်ကို ပေါင်းတတ်၏၊၊ တဖန်ဘုရားကိုလုပ်၍ ကိုးကွယ်တတ်၏၊၊ ရုပ်တုကို ထုလုပ်၍ ရုပ်တုရှေ့မှာ ပြပ်ဝပ်တတ်၏၊၊ ၁၆ ထိုသစ်သားတပိုင်းနှင့် မီးမွေးတတ်၏။ တပိုင်းနှင့် အမဲသားကိုချက်၍ စားတတ်၏၊၊ ဖုတ်ကင်ပြီးမှ ဝစွာစားတတ်၏၊၊ တဖန်မီးလှုံ၍အယ်၊ ငါနွေးပြီ။ မီးကိုတွေ့ပြီ၊ ဟုဆိုတတ်၏၊၊ ၁၇ ကျန်သော အပိုင်းကိုလည်း ယူ၍ ရုပ်တုတည်းဟူသော ဘုရားကို လုပ်တတ်၏၊၊ ထိုရုပ်တုရှေ့မှာ ပြပ်ဝပ်၍ ကိုးကွယ်တော်မူ၏၊၊ ကိုယ်တော်သည် အ​ကျွန်ုပ်၏ ဘုရား ဖြစ်တော်မူ၏၊၊ အ​ကျွန်ုပ်ကို ကယ်တင်တော်မူပါဟူ၍ ဆုတောင်းတတ်၏၊၊ ၁၈ ထိုသို့သောသူသည် ပညာမရှိ၊၊ ဥာဏ်မရှိ၊၊ မမြင်နိုင်အောင် မျက်စိကို၎င်း၊ နားမလည်နိုင်အောင် စိတ်နလုံးကို၎င်း ပိတ်၏၊၊ ၁၉ ငါသည် တပိုင်းနှင့် မီးမွေးပြီ၊၊ မုန့်ကိုလည်း၊ ထိုမီးခဲပေါ်မှာ ဖုတ်လေပြီ၊၊ အမဲသားကိုလည်း ကင်၍ စားလေပြီ၊၊ ကြွင်းသော အပိုင်းကို စက်ဆုပ် ရွံ့ရှာဘွယ် ဖြစ်စေရမည်လော၊၊ သစ်သားရှေ့မှာ ငါပြပ်ဝပ်ရမည်လော၊ ဟုစိတ်နလုံးထဲမှာ အောက်မေ့ဆင်ခြင်နိုင်သော ဥာဏ်ပညာအလျှင်း မရှိပါတကား၊၊ ၂၀ သူသည် မီးဖိုပြာကို ကျက်စားတတ်၏၊၊ မိုက်သောစိတ်နှင့် လမ်းလွှဲပြီ၊၊ ထို့ကြောင့် ကိုယ်ဝိညာဉ်ကို ကိုယ်မချွတ်နိုင်၊၊ မိမိလက်ျာလက်၌ မိစ္ဆာဒိဌိပါသလော၊ ဟုမအောက်မေ့ နိုင်ပါတကား၊၊

CROSS REFERENCES






၂၁ အိုယာကုပ်အမျိုး၊ ဤအရာတို့ကို ဆင်ခြင်လော့၊၊ အိုဣသရေလအမျိုး၊ သင်သည် ငါ့​ကျွန်ဖြစ်၏၊၊ သင့်ကို ငါဖန်ဆင်းသည် ဖြစ်၍၊ သင်သည် ငါ့​ကျွန်ဖြစ်၏၊၊ အိုဣသရေလအမျိုး၊ သင့်ကို ငါမမေ့မလျော့၊၊ ၂၂ သင်၏ ဒုစရိုက်တို့ကို တိမ်တိုက်ကဲ့သို့၎င်း၊ သင်၏အပြစ်တို့ကို တိမ်လွှာကဲ့သို့၎င်း ငါချေပြီ။ ငါ့ထံသို့ ပြန်လာလော့။၊ [D] သင့်ကို ငါရွေးနှုတ်ပြီ။ ၂၃ အိုမိုးကောင်းကင်တို့၊ သီချင်းဆိုကြလော့၊၊ ထာဝရဘုရား ပြုတော်မူပြီ။ မြေကြီးအောက် အရပ်တို့၊ ကြွေးကြော်ကြလော့။ တောင်များ၊ တောနှင့်တကွ သစ်ပင်များတို့၊ ကျူးဧသော အသံကို ပေးကြလော့။ ထာဝရဘုရားသည် ယာကုပ်ကို ရွေးနှုတ်တော်မူပြီ၊၊ ဣသရေလ အားဖြင့် ဘုန်းထင်ရှားတော်မူပြီ၊၊

CROSS REFERENCES






၂၄ သင်ကို ရွေးနှုတ်တော်မူ၍၊ ဖွားစကပင် သင့်ကို ပြုပြင်တော်မူသော ထာဝရဘုရား မိန့်တော်မူသည်ကား၊ မိုးကောင်းကင်ကို ငါတပါးတည်း ကြက်လျက်၊ မြေကြီးကို အဖေါ်မရှိဘဲ ခင်းလျက်၊ ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းသော ထာဝရဘုရား ဖြစ်၏။ ၂၅ ငါသည် မိစ္ဆာဆရာတို့၏ ပုပ္ပနိမိတ်များကို ပယ်ဖျောက်တတ်၏။ ဗေဒင်သမားတို့ကို ရှုးသွပ်စေ၏။ ပညာရှိတို့ကို လှန်၍ သူတို့၏ ပညာကို မိုက်စေတတ်၏။ ၂၆ ငါသည် ငါ့​ကျွန်၏ စကားကို တည်စေ၍၊ ငါ့တမန်တို့ ဟောပြောသည်အတိုင်း ပြုတတ်၏။ ယေရုရှလင်မြို့ကို သင်သည် လူနေရာ ဖြစ်လိမ့်မည်ဟူ၍၎င်း၊ ယုဒမြို့တို့ကို သင်တို့သည် တည်ဆောက်လျက် ရှိကြလိမ့်မည်။ ပြိုပျက်ရာများကို ငါပြုပြင်မည်ဟူ၍၎င်း ဆို၏။ ၂၇ ပင်လယ်ကိုလည်း ရေကုန်စေ။ သင်၏မြစ်အပေါင်းကို ငါခန်း​ခြောက် စေမည်ဟူ၍၎င်း၊ ၂၈ ကုရုမင်းကိုလည်း၊ သင်သည် ငါ့သိုးထိန်း ဖြစ်၏။ ငါ့အလိုရှိသမျှကို ပြည့်စုံစေလျက်၊ ယေရုရှလင်မြို့ တည်ဆောက်စေ၊ ဗိမာန်တော် တိုက်မြစ်ကျစေ၊ ဟုစီရင်လိမ့်မည်ဟူ၍၎င်း ငါဆို၏။ [E]

_________________________
Footnotes


(a) יְשֻׁרוּן֙ Yeshurun "upright one" "ယေရှုရုန်" သည် "ဖြောင့်မတ်သောသူ" ဟုအဓိပ္ပါယ်ရှိသည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.