-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
၄၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၄၃


ဣသရေလမစိုးရိမ်နှင့်
CROSS REFERENCES






အိုယာကုပ်အမျိုး ဣသရေလ အနွယ်၊ သင့်ကို ဖန်ဆင်း ပြုပြင်တော်မူသော ထာဝရဘုရား မိန့်တော်မူသည်ကား၊ မစိုးရိမ်နှင့်။ [A] သင့်ကို ငါရွေးနှုတ်ပြီ။ ငါ့နာမဖြင့် မှည့်ပြီ။ သင့်ကို ငါဆိုင်၏။ သင်သည် ရေကို လျှောက်သွားသောအခါ၊ သင်နှင့်အတူ ငါရှိ၏။ မြစ်တို့ကို လျှောက်သွားသောအခါ၊ မနစ်မမွန်းရ။ မီးကို ချင်းနင်းသောအခါလည်း မလောင်ရ။ မီးလျှံလည်း မညိရ။ အကြောင်းမူကား၊ ငါသည် သင်၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ သင့်ကို ရွေးသောသခင်၊ ဣသရေလ အမျိုး၏ သန့်ရှင်းသော ဘုရားဖြစ်၏။ သင့်ကိုရွေးဘို့၊ အဲဂုတ္တုပြည်ကို၎င်း၊ သင့်အတွက် ကုရှပြည်နှင့် သေဘပြည်ကို၎င်း ငါပေး၏။ သင်သည် ငါမြတ်နိုးရာ ဖြစ်သောကြောင့် အသရေရှိပြီ။ ငါလည်းချစ်၏။ ထို့ကြောင့်၊ သင့်အတွက် လူတို့ကို၎င်း၊ သင်၏ အသက်အတွက် လူမျိုးတို့ကို၎င်း ငါပေးမည်။


အရပ်လေးမျက်နှာမှ ဆောင်ခဲ့မည်
CROSS REFERENCES






မစိုးရိမ်နှင့်။ [A]ငါသည် သင်နှင့်အတူရှိ၏။ အရှေ့မျက်နှာမှ သင်၏ အမျိုးအနွယ်ကို ငါဆောင်ခဲ့မည်။ အနောက်မျက်နှာမှ သင့်ကိုစုသိမ်းမည်။ အပ်လော့ဟု မြောက်မျက်နှာကို၎င်း၊ မထိမ်နှင့်၊ ဟုတောင်မျက်နှာကို၎င်း ငါပြောမည်။ ဝေးသောအရပ်၊ မြေကြီးစွန်းမှ ငါ့သားသမီး တည်းဟူသော၊ ငါ့နာမဖြင့် သမုတ်သောသူ၊ ငါ၏ဘုန်းအသရေဘို့ ငါဖန်ဆင်းပြုပြင်၍၊ ဧကန်စင်စစ် လုပ်ပြီးသော သူအပေါင်းတို့ကို ဆောင်ခဲ့လော့၊ ဟုငါပြောမည်။ မျက်စိရှိလျက်ပင် မျက်စိကန်းသောသူနှင့်၊ နားရှိလျက်ပင် နားပင်းသောသူတို့ကို ဆောင်ခဲ့လော့။ လူအမျိုးမျိုး အစုစုတို့သည် စုရုံးစည်းဝေးကြစေ။ သူတို့တွင် အဘယ်သူသည် ဤအမှုကို ဖေါ်ပြမည်နည်း။ အရင်ဖြစ်လတံ့သော အရာကို အဘယ်သူ ဟောပြောမည်နည်း။ သူတို့သည် အပြစ်တင်ခွင့်နှင့် လွတ်မည့်အကြောင်း၊ သက်သေတို့ကို ပြကြစေ။ သို့မဟုတ် နားထောင်၍၊ ဤသို့မှန်သည်၊ ဟုဝန်ခံကြစေ။


ငါသည် ဘုရားဖြစ်ကြောင်း သင်သည် သက်သေဖြစ်

၁၀ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့ကို သိမှတ်ယုံကြည်၍၊ ငါသည် မှန်ပြီ၊ ဟုနားလည်မည်အကြောင်း၊ ငါ၏သက်သေ၊ ငါရွေးကောက်သော ​ကျွန်ဖြစ်ကြ၏။ ငါ့ရှေ့မှာ ဖန်ဆင်းရာထဲက အဘယ် ဘုရားသခင်မျှမဖြစ်၊ င့ါနောက်မှာလည်း၊ အဘယ်ဘုရားသခင်မျှ မရှိရာ။ ၁၁ ငါတပါးသည် ထာဝရဘုရား ဖြစ်၍၊ ငါမှတပါး ကယ်တင်သော သခင်မရှိ။ ၁၂ ငါသည် ဗျာဒိတ် ထားနှင့်သည်အတိုင်း ကယ်တင်ပြီ။ ငါဖေါ်ပြနှင့်ပြီ။ သင်တို့တွင် အခြားတပါးသော ဘုရားသည် ဖေါ်ပြနှင့်သည်မဟုတ်၊၊ ငါသည် ဘုရားသခင် မှန်ပြီ၊ ဟုသင်တို့သည် ငါ၏သက်သေဖြစ်ကြ၏၊၊ ၁၃ နေ့ရက်ကာလမဖြစ်မှီ ငါသည် ဘုရားဖြစ်၏။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနှုတ်နိုင်။ ငါပြုသောအမှုကိုလည်း အဘယ်သူ ဆီးတားမည်နည်း၊ ဟုထာဝရဘုရား မိန့်တော်မူ၏။


ငါသည် သင်တို့၏ဘုရား ရှင်ဘုရင်

၁၄ သင်တို့ကို ရွေးနှုတ်သောသခင်၊ ဣသရေလ အမျိုး၏ သန့်ရှင်းသော ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင်တို့အတွက်၊ ဗာဗုလုန်မြို့သို့ စေလွှတ်၍၊ ပြေးသော မြို့သားတို့နှင့် ခါလဒဲလူများကို သူတို့ပျော်မွေ့ရာ သင်္ဘောသို့ ဆင်းစေမည်။ ၁၅ ငါသည် သင်တို့၏ သန့်ရှင်းသော ထာဝရဘုရား၊ ဣသရေလ အမျိုးကို ဖန်ဆင်းသောဘုရား၊ သင်တို့၏ ရှင်ဘုရင်ဖြစ်၏။


ရှေးကာလ မအောက်မေ့နှင့် အသစ်ပြုမည်

၁၆ ပြင်းထန်သော ပင်လယ်ရေ၌ လမ်းခရီးကို ဖန်ဆင်းတော်မူထသော၊ ၁၇ ရထားများ၊ မြင်းများနှင့်တကွ၊ စစ်သူရဲ အလုံးအရင်းတို့ကို ဆောင်ခဲ့တော်မူထသော၊ သူတို့ကို မထနိုင်အောင် တပြိုင်နက်တည်း အိပ်စေ၍၊ မီးစာသေသကဲ့သို့ ငြိမ်းစေတော်မူသော ထာဝရဘုရား မိန့်တော်မူသည်ကား၊ ၁၈ ဖြစ်ဘူးသောအမှုတို့ကို မအောက်မေ့ကြနှင့်။ ရှေးကာလ၏ အရာတို့ကို ပမာဏမပြုကြနှင့်။ ၁၉ ကြည့်ရှုလော့။ အမှုသစ်ကို ငါပြုမည်။ ယခု ပေါ်လာလိမ့်မည်။ သင်တို့သည် အမှန် သိမြင်ရကြလိမ့်မည်။ အကယ်စင်စစ် တော၌ လမ်းကို၎င်း၊ လွင်ပြင်၌ စီးသောရေကို၎င်း ငါဖန်ဆင်းမည်။ ၂၀ မြေခွေးနှင့် ကုလားအုတ် ငှက်မှစ၍၊ တောသားရဲတို့သည် ငါ၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းကြလိမ့်မည်။ အကြောင်းမူကား၊ ငါရွေးကောက်သောသူ၊ ငါ၏လူတို့ သောက်စရာဘို့ တော၌ ရေများကို၎င်း၊ လွင်ပြင်၌ မြစ်တို့ကို၎င်း ပေးမည်။ ၂၁ ကိုယ်အဘို့ ငါဖန်ဆင်းသော ထိုလူမျိုးသည် ငါ၏ ဂုဏ်ကျေးဇူးကို ပြရလိမ့်မည်။


သင်သည် ငါ့ကိုပဌနာမပြု

၂၂ သို့သော်လည်း၊ အိုယာကုပ်အမျိုး၊ သင်သည် ငါ့ကို ပဌနာမပြု၊ အိုဣသရေလအမျိုး၊ သင်သည် ငါ့ကို ငြီးငွေ့သည်တကား။ ၂၃ မီးရှို့ရာ သိုးသငယ်ကို ငါထံသို့မဆောင်ခဲ့။ ယဇ်ပူဇော်ခြင်းအားဖြင့် ငါ့ကို မချီးမြှောက်။ ငါသည် သင့်ကို အလှူဒါနနှင့် အမှုမထမ်းစေ။ လောဗန်ကိုတောင်း၍ သင့်ကို မပင်ပန်းစေ။ [B] ၂၄ သင်သည် မွှေးသောကြံကို ငါ့ဘို့ငွေနှင့်မဝယ်။ ပူဇော်သော ယဇ်ကောင်ဆီဥနှင့် ငါ့ကိုဝစွာမကျွေး။ သင်သည် ဒုစရိုက်အပြစ်နှင့် ငါ့ကိုအမှုထမ်းစေပြီတကား။ အဓမ္မအမှုကိုပြု၍ ငါ့ကို ပင်ပန်းစေပြီတကား။ ၂၅ ငါတစ်ပါးတည်းသာလျှင် ကိုယ်အတွက်ကြောင့်၊ သင်၏အပြစ်တို့ကို ​ဖြေမည်။ သင်၏ ဒုစရိုက်အမှုတို့ကို မအောက်မေ့။ ၂၆ ငါ့ကို သတိပေးလော့၊ တရားတွေ့ကြကုန်အံ့။ သင်သည် အပြစ် လွတ်မည်အကြောင်း ပြောလော့။ ၂၇ သင်၏ ပဌမအဘသည် ဒုစရိုက်ကိုပြုပြီ။ သင်၏ဆရာတို့သည် ငါ့ကို ပြစ်မှားကြပြီ။ ၂၈ ထို့ကြောင့် သန့်ရှင်းရာဌာန၏ မင်းတို့ကို ငါရှုတ်ချပြီ။ ယာကုပ်အမျိုးသည် ကျိန်ဆဲခြင်းကို၎င်း၊ ဣသရေလ အမျိုးသည် ကဲ့ရဲ့ခြင်းကို၎င်း ခံစေခြင်းငှါ ငါစွန့်ပြီ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.