-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၃


နို့စို့သူငယ်တို့သည် အုပ်စိုးလိမ့်မည်

အကြောင်းမူကား၊ ကောင်းကင်ဗိုလ်​ခြေသခင်၊ အရှင် ထာဝရဘုရားသည် မုန့်အထောက်အပင့်နှင့် ရေအထောက်အပင့် ရှိသမျှမှစ၍၊ ခပ်သိမ်းသော အထောက်အပင့်တို့ကို ယေရုရှင်လင်မြို့နှင့် ယုဒပြည်မှ ပယ်ရှားတော်မူ၏၊၊ တန်ခိုးကြီးသောသူ၊ စစ်တိုက်သောသူ၊ တရားသူကြီး၊ ပရောဖက်၊ ဗေဒင်တတ်၊ အသက်ကြီးသူ၊ သွေးသောက်ကြီး၊ အရာရှိ၊ တိုင်ပင်မှူးမတ်၊ လက်သတ္တိရှိသောသူ၊ နှုတ်သတ္တိရှိသောသူတို့ကို ပယ်ရှားတော်မူ၏။ ထိုပြည်တွင် သူငယ်တို့ကို မင်းအရာ၌ ငါခန့်ထား၍ နို့စို့သူငယ်တို့သည် အုပ်စိုးကြလိမ့်မည်၊၊ ပြည်သားတို့သည် တယောက်ကို တယောက်၊ အိမ်နီးချင်း တယောက်ကို တယောက် ညှဉ်းဆဲကြလိမ့်မည်၊၊ သူငယ်သည် အသက်ကြီးသူကို၎င်း၊ လူယုတ်သည် လူမြတ်ကို၎င်း၊ စော်ကားလိမ့်မည်၊၊ ထိုကြောင့်၊ လူသည် ပေါက်ဖေါ်ချင်း ညီအစ်ကိုကို ကိုင်ဆွဲ၍၊ သင်၌ အဝတ်ရှိသေး၏၊၊ လာပါ၊၊ အ​ကျွန်ုပ်တို့အပေါ်၌ မင်းပြုပါ၊၊ အ​ကျွန်ုပ်တို့ ပြိုပျက်ရာကိုလည်း ပြုပြင်ပါ၊ ဟုဆိုလျှင်၊ သူကလည်း၊ ငါသည် ပြုပြင်နိုင်သော သူမဟုတ်၊၊ ငါ့အိမ်၌ မုန့်လည်းမရှိ၊၊ အဝတ်လည်းမရှိ၊၊ ငါ့ကို ပြည်သားတို့အပေါ်မှာ မင်းမပြုပါစေနှင့်၊ ဟုအတည့်အလင်း ပြောဆိုလိမ့်မည်၊၊ [​A]


ဘုရားအလိုတော်နှင့် ဆန့်ကျင်၍ ယေရုရှလင်မြို့ပြိုလဲ

ယေရုရှလင်မြို့ ပြိုလဲလျက်၊ ယုဒပြည်ဆုံးရှုံးလျက်ရှိ၏၊၊ အကြောင်းမူကား၊ သူတို့စကားနှင့် သူတို့အကျင့်တို့သည် ထာဝရဘုရား၏ အလိုတော်နှင့်မညီ၊ ဘုန်းကြီးသော မျက်စိတော်တို့ကို ဆန့်ကျင်ဘက်ပြုကြ၏၊၊ သူတို့ မျက်နှာအနေအထားသည် သူတို့တဘက်၌ သက်သေခံ၏။ မိမိတို့ ဒုစရိုက်ကိုမဝှက်၊ သောဒုံမြို့သားကဲ့သို့ ထင်ရှားစွာပြုကြ၏၊၊ သူတို့ဝိညာဉ်၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မကောင်းကျိုးကို မိမိတို့၌ ဆပ်ပေးကြပြီ။ ၁၀ ​ဖြောင့်မတ်သောသူသည် မင်္ဂလာရှိ၏၊ ဟုထိုသူအားပြောလော့၊၊ အကြောင်းမူကား၊ သူသည် မိမိအကျင့်တို့၏ အကျိုးကို ခံစားရလိမ့်မည်၊၊ ၁၁ မတရားသောသူသည် အမင်္ဂလာရှိ၏။ မကောင်းသောအမှုနှင့် တွေ့လိမ့်မည်။ အကြောင်းမူကား၊ သူကျင့်သော အကျင့်တို့၏ အပြစ်ကို သူ၌ ဆပ်ပေးရလိမ့်မည်။ ၁၂ ငါ၏လူများကိုကား၊ သူငယ်တို့သည် ညှဉ်းဆဲကြ၏။ မိန်းမတို့သည်လည်း အုပ်စိုးကြ၏။ ငါ၏လူများတို့ သင်တို့အား လမ်းပြသောသူတို့သည် လမ်းလွဲစေကြ၏။ သင်တို့သွားသော လမ်းခရီးကိုလည်း ဖျက်ကြ၏။


ထာ၀ရဘုရားသည် စီရင်တော်မူမည်

၁၃ ထာဝရဘုရားသည် မိမိအမှုကို စောင့်အံ့သောငှါ ထတော်မူ၏၊၊ မိမိလူတို့ကို တရားစီရင်မည်၊ ဟုအားထုတ်တော်မူ၏၊၊ ၁၄ ထာဝရဘုရားသည် မိမိလူတို့တွင်၊ အသက်ကြီးသူတို့ကို၎င်း၊ မင်းတို့ကို၎င်း၊ တရားစီရင်ရာ၌ ဆီးကြိုတော်မူ၏၊၊ သင်တို့သည် ငါဥယျာဉ်တော်ကို စားကြပြီ၊၊ ဆင်းရဲသောသူတို့၏ ဥစ္စာကိုလုယူ၍၊ မိမိတို့အိမ်၌ သိုထားကြပြီ၊၊ ၁၅ ငါ၏လူတို့ကို အဘယ်ကြောင့် နှိပ်စက်ကြသနည်း၊၊ ဆင်းရဲသားတို့၏ မျက်နှာကို အဘယ်ကြောင့် ကြိတ်ကြသနည်း၊ ဟုကောင်းကင် ဗိုလ်​ခြေ သခင်အရှင်ထာဝရဘုရား မိန့်တော်မူ၏၊၊


ထာ၀ရဘုရားသည် ဇိအုန်သတို့သမီးတို့ကို အရှက်ခွဲမည်

၁၆ တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်သတို့သမီးတို့သည် စိတ်မြင့်၍၊ မိမိလည်ပင်းကို ပြလျက်၊ မျက်စိလော်လည်လျက်၊ ​ခြေချင်းတန်ဆာမြည်လျက်၊ စိတ်စိတ် လှမ်းသွားတတ်သောကြောင့်၊ ၁၇ ဘုရားရှင်သည် ဇိအုန် သတို့သမီးတို့ကို ခေါင်းတုံး ဖြစ်စေတော်မူမည်၊၊ ထာဝရဘုရားသည် သူတို့မှ အဝတ်ကိုပယ်၍ အရှက်ခွဲတော်မူမည်။ ၁၈ ထိုကာလ၌ ဘုရားရှင်သည် သူတို့ခြေချင်း၊ စျာဦးထုပ်၊ လဆန်းရုပ်လည်ဆွဲ၊ ၁၉ နားသန်သီး၊ လက်ကောက်၊ မျက်နှာဖုံး၊ ၂၀ ပေါင်းသရဖူ၊ ရွှေ​ခြေကြိုး၊ ခါးပန်း၊ နှာခေါင်းဘူး၊ ၂၁ လက်ဖွဲ့၊ လက်စွပ်၊ နှာဆွဲ၊ ၂၂ ရွှေဈာအင်္ကျီ၊ တပက်၊ ခေါင်းခြုံ၊ လွယ်အိတ်၊ ၂၃ လွယ်မှန်(mirror)၊ အတွင်းအင်္ကျီ၊ ဦးရစ်၊ တင်းတိမ်တို့ကို ပယ်ရှင်းတော်မူမည်၊၊ ၂၄ မွှေးသောအနံ့အရာ၌ ပုပ်စပ်သောအနံ့၊ ခါးစည်းအရာ၌ ခါးကြိုး၊ ကျစ်သောဆံပင်အရာ၌ ခေါင်းတုံးခြင်း၊ ရင်စည်းတန်ဆာအရာ၌ လျှော်တေကြိုး၊ လှသောအဆင်းအရာ၌ သံပူထိုးချက်ရာ ဖြစ်ရလိမ့်မည်၊၊ ၂၅ သင်၏ လူတို့သည် ဓါးလက်နက်ဖြင့်၎င်း၊ သင်၏ သူရဲတို့သည် စစ်တိုက်သဖြင့်၎င်း၊ လဲ၍ ဆုံးရှုံးကြလိမ့်မည်။ ၂၆ သူ၏တံခါးတို့သည် ငိုကြွေး မြည်တမ်း၍၊ သူသည် လူဆိတ်ညံရာ မြေပေါ်မှာ ထိုင်ရလိမ့်မည်၊၊






S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.