-
AA
+
🡀
|
🡂
၁ ယောဟန် ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





၁ ယောဟန် ဩဝါဒစာ
အခန်းကြီး ၄


စိတ်ဝိညာဉ်တိုင်းလက်မခံနှင့်စစ်ဆေးပါ

ချစ်သူတို့၊ ခပ်သိမ်းသော စိတ်ဝိညာဉ်တို့ကို မယုံကြနှင့်။ စိတ်ဝိညာဉ်တို့သည်၊ ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကို၊ စုံစမ်းကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက်အများတို့သည် ဤလောကသို့ သွားကြပြီ။ ဘုရားသခင်၏ ဝိညာဉ်တော်ကို အဘယ်သို့သိနိုင်သနည်းဟူမူကား၊ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို၊ ဝန်ခံသော ဝိညာဉ်မည် သည်ကား၊ ဘုရားသခင်နှင့် စပ်ဆိုင်၏။ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို၊ ဝန်မခံသော ဝိညာဉ်မည် သည်ကား၊ ဘုရားသခင်နှင့် မစပ်ဆိုင်။ ထိုသို့သောဝိညာဉ်ကား၊ သင်တို့သည် ကြားခဲ့ပြီးသည်အတိုင်း၊ ဤလောကသို့ လာမည်ဖြစ်၍၊ ယခုပင်လာလျက်ရှိသော အန္တိခရစ်၏ဝိညာဉ်ဖြစ်၏။


သင်တို့သည်ဘုရားနှင့်စပ်ဆိုင်

ချစ်သားတို့၊ သင်တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်ကြ၏။ ထိုသူတို့ကိုလည်း အောင်ကြပြီ။ အကြောင်မူကား၊ သင်တို့ဘက်၌ ရှိသောသူသည်၊ လောကဘက်၌ ရှိသောသူထက် သာ၍ကြီးတော်မူ၏။ ထိုသူတို့သည် လောကနှင့် စပ်ဆိုင်သောကြောင့်၊ လောကီအကြောင်းအရာကို ပြောတတ်ကြ၏။ လောကီသားတို့သည်လည်း၊ သူတို့စကားကို နားထောင်တတ်ကြ၏။ ငါတို့မူကား၊ ဘုရားသခင်နှင့် စပ်ဆိုင်ကြ၏။ ဘုရားသခင်ကို သိသောသူသည်၊ ငါတို့စကားကို နားထောင်တတ်၏။ ဘုရားသခင်နှင့် မစပ်ဆိုင်သောသူသည်၊ ငါတို့စကားကို နားမထောင်တတ်။ ထိုအရာကို ငါတို့သည် ထောက်၍၊ သမ္မာဝိညာဉ်ကို၎င်း၊ မိစ္ဆာဝိညာဉ်ကို၎င်း သိရကြ၏။


အချင်းချင်းချစ်ကြကုန်အံ့

ချစ်သူတို့၊ ငါတို့သည် အချင်းချင်း ချစ်ကြကုန်အံ့။ အကြောင်းမူကား၊ ချစ်ချင်းမေတ္တာသည် ဘုရားသခင်နှင့် စပ်ဆိုင် ၏။ ချစ်တတ်သောသူ မည်သည်ကား၊ ဘုရားသခင်ဖြစ်ဖွား စေတော်မူသောသူဖြစ်၏။ ဘုရားသခင်ကို သိသောသူလည်းဖြစ်၏။ ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ [A] သားတော်အားဖြင့် ငါတို့သည် အသက်ရှင်စေခြင်းငှါ၊ ဘုရားသခင်သည် တပါးတည်း သောသားတော်ကို၊ ဤလောကသို့ စေလွှတ်တော်မူသောအရာ၌၊ ငါတို့ကိုချစ်တော်မူသော မေတ္တာတော်သည် ထင်ရှားလျက်ရှိ၏။ [B]


အချင်းချင်းချစ်လျှင်ဘုရား၌တည်

၁၀ ငါတို့သည် ဘုရားသခင်ကို ချစ်ကြသည်ဟုမဆို။ ဘုရားသခင်သည် ငါတို့ကိုချစ်၍၊ ငါတို့၏အပြစ် ဖြေစရာအကြောင်း ဖြစ်စေခြင်းငှါ၊ သားတော်ကို စေလွှတ်တော်မူသောအရာ၌၊ ချစ်ခြင်းမေတ္တာရှိ၏။ ၁၁ ချစ်သူတို့၊ ဘုရားသခင်သည် ငါတို့ကို ဤမျှလောက် ချစ်တော်မူသည်မှန်လျှင်၊ ငါတို့သည်လည်း အချင်းချင်းချစ်ရကြမည်။ ၁၂ ဘုရားသခင်ကို အဘယ်သူမျှမမြင်စဖူး။ သို့သော်လည်း၊ အချင်းချင်းချစ်ကြလျှင်၊ ဘုရားသခင်သည် ငါတို့၌တည်တော်မူ၍၊ ငါတို့သည် ချစ်ခြင်းမေတ္တာတော်နှင့် ပြည့်စုံလျက်ရှိကြ၏။ ၁၃ ဘုရားသခင်သည် ဝိညာဉ်တော်၏ကျေးဇူးကို၊ ငါတို့အား ပေးတော်မူသောကြောင့်၊ ငါတို့သည် ဘုရားသခင်၌ တည်သည်ကို၎င်း၊ ဘုရားသခင်သည် ငါတို့၌တည်တော်မူသည်ကို၎င်း၊ သိရကြ၏။


ဘုရားသခင်သည်ချစ်ခြင်းမေတ္တာ

၁၄ လောကီသားတို့ကို ကယ်တင်သော သခင်ဖြစ်စေခြင်းငှါ၊ ခမည်းတော်သည် သားတော်ကို စေလွှတ်တော်မူသည်ကို၊ ငါတို့သည်သိမြင်၍ သက်သေခံကြ၏။ ၁၅ ယေရှုသည် ဘုရားသခင်၏ သားတော် ဖြစ်တော်မူသည်ကို၊ ဝန်ခံသောသူမည်သည်ကား၊ ဘုရားသခင်၌တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌တည်တော်မူ၏။ ၁၆ ဘုရားသခင်သည် ငါတို့ကိုချစ်တော်မူခြင်း မေတ္တာတော်ကို၊ ငါတို့သည်သိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။ [C] ချစ်ခြင်းမေတ္တာ၌ တည်သောသူသည်၊ ဘုရားသခင်၌တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌တည်တော်မူ၏။ ၁၇ ထိုသို့ငါတို့သည် ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံသောအားဖြင့်၊ တရားဆုံးဖြတ်တော်မူသောနေ့၌ ၊ ရဲရင့်ရသောအခွင့်ရှိကြလိမ့်မည်။ အကြောင်းမူကား၊ ငါတို့သည်ကိုယ်တော်၏နည်းတူ၊ ဤလောက၌ဖြစ်ကြ၏။ ၁၈ ချစ်ခြင်းမေတ္တာ၌ ကြောက်ခြင်းမရှိ၊ သို့သော် စစ်မှန်သောမေတ္တာက ကြောက်ခြင်းကိုဖယ်ရှားသည်။ အကြောင်းမှာ ကြောက်ခြင်း၌ ပြစ်ဒဏ်ပါ၍၊ ကြောက်တတ်သောသူသည် ချစ်ခြင်းမေတ္တာ၌မရှိ။


မိမိညီအစ်ကိုကိုချစ်ရမည်

၁၉ ဘုရားသခင်သည် ငါတို့ကိုရှေ့ဦးစွာ ချစ်တော်မူသောကြောင့်၊ ငါတို့သည် ဘုရားသခင်ကို ချစ်ကြ၏။ ၂၀ တစုံတယောက်သောသူက၊ ငါသည်ဘုရားသခင်ကို ချစ်၏ဟုဆိုလျက်ပင်၊ မိမိညီအစ်ကိုကိုမုန်းလျှင်၊ ထိုသူသည်မုသာကို သုံးသောသူဖြစ်၏။ မိမိမြင်ရသော မိမိညီအစ်ကိုကို မချစ်လျှင်၊ မမြင်သေးသော ဘုရားသခင်ကို အဘယ်သို့ချစ်နိုင်မည်နည်း။ ၂၁ ဘုရားသခင်ကို ချစ်သောသူသည်၊ မိမိညီအစ်ကိုကို ချစ်ရမည် ဟူသောပညတ်တော်ကို၊ ငါတို့သည်ခရစ်တော်ထံ၌ ခံရကြပြီ။ [D]



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.