-
AA
+
🡀
|
🡂
၁ ယောဟန် ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





၁ ယောဟန် ဩဝါဒစာ
အခန်းကြီး ၂


ယေရှုခရစ် ငါတို့၏အမှုဆောင်ရှေ့နေ

ချစ်သားတို့၊ သင်တို့သည် ဒုစရိုက်ကိုမပြု စေခြင်းငှါ၊ ဤအရာများကို သင်တို့အား ငါရေး၍ ပေးလိုက်၏။ တစုံတယောက်သောသူသည် ဒုစရိုက်ကိုပြုမိလျှင်၊ ​ဖြောင့်မတ်တော်မူသော အရှင်ယေရှုခရစ် တည်းဟူသော၊ ငါတို့အမှုဆောင် သခင်သည် ခမည်းတော်ထံ၌ ရှိတော်မူ၏။ ထိုသခင်သည် ငါတို့၏အပြစ်မက၊ လောကီသား အပေါင်းတို့၏အပြစ်၊ ဖြေစရာအကြောင်း ဖြစ်တော်မူ၏။ ထိုသခင်ကို ကိုယ်တိုင်သိ​ကျွမ်းသည်ကို၊ အဘယ်သို့ သိရသနည်းဟူမူကား၊ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။ ထိုသခင်ကို ငါသိ၏၊၊ ဟုပညတ်တော်တို့ကို မစောင့်ဘဲလျက် ဆိုသောသူသည်၊ မုသာကို သုံးသောသူဖြစ်၍ ထိုသူ၌ သစ္စာမရှိ။ ထိုသခင်၏ စကားတော်ကို နားထောင်သောသူ မည်သည်ကား၊ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့် အမှန်ပြည့်စုံ၏။ ငါတို့သည် ထိုသခင်၌ ရှိကြောင်းကို ထိုသို့အားဖြင့် သိရကြ၏။ ထိုသခင်၌ ငါတည်၏၊ ဟုဆိုသောသူသည်၊ ထိုသခင် ကျင့်တော်မူသည်နည်းတူ ကျင့်ရမည်။


မိမိညီအကိုချစ်သူသည် အလင်း၌ရှိ

ချစ်သူတို့၊ သင်တို့အား ငါရေးထားသော ပညတ်သည် ပညတ်သစ်မဟုတ်။ ရှေ့ဦးစွာကပင် သင်တို့၌ ရှိသော ပညတ်ဟောင်း ဖြစ်၏။ ပညတ်ဟောင်းကား၊ ရှေ့ဦးစွာကပင် သင်တို့ကြားရသော ဒေသနာတော်ဖြစ်၏။ တဖန်တုံ၊ ပညတ်သစ်ကို သင်တို့အား ငါရေးထား၏။ ထိုသခင်အားဖြင့်၎င်း၊ သင်တို့အားဖြင့်၎င်း၊ အသစ်မှန်ပေ၏။ အကြောင်းမူကား၊ မှောင်မိုက်ပျောက်လွင့်၍ မှန်သောအလင်းသည် ထွန်းတောက်လျက်ရှိ၏။ မိမိညီအစ်ကိုကို မုန်းလျက်ပင်၊ ငါသည်အလင်း၌ ရှိ၏၊ ဟုဆိုသောသူသည် ယခုတိုင်အောင် မှောင်မိုက်၌ ရှိသေး၏။ ၁၀ မိမိညီအစ်ကိုကို ချစ်သောသူသည်၊ အလင်း၌ တည်နေ၏။ ထိမိ၍ လဲစရာအကြောင်းသည် ထိုသူ၌ မရှိ။ ၁၁ မိမိညီအစ်ကိုကို မုန်းသောသူသည် မှောင်မိုက်၌ ရှိ၏။ မှောင်မိုက်၌ လည်းကျင်လည် သွားလာ၏။ မှောင်မိုက်ကြောင့် သူ၏မျက်စိ မမြင်နိုင်သဖြင့်၊ အဘယ်အရပ်သို့ ကိုယ်သွားသည်ကို ကိုယ်မသိ။


အဘတို့လူပျိုတို့ သူငယ်တို့ကိုစာရေး

၁၂ ချစ်သားတို့၊ သင်တို့သည် ထိုသခင်၏ နာမတော်အားဖြင့်၊ အပြစ်များနှင့် ကင်းလွတ်သောကြောင့်၊ သင်တို့အားငါရေး၍ ပေးလိုက်၏။ ၁၃ အဘတို့ သင်တို့သည်၊ ရှေ့ဦးစွာကပင် ရှိတော်မူသော သူကိုသိသောကြောင့်၊ သင်တို့အား ငါရေး၍ပေး လိုက်၏။ လူပျိုတို့၊ သင်တို့သည် မာရ်နတ်ကို အောင်သောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်၏။ သူငယ်တို့၊ သင်တို့သည် ခမည်းတော်ကို သိသောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်၏။ ၁၄ အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသော သူကိုသိသောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။ လူပျိုတို့၊ သင်တို့သည် ခွန်အားနှင့် ပြည့်စုံ၍၊ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ မှီဝဲဆည်းကပ်သဖြင့်၊ မာရ်နတ်ကို အောင်သောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။


လောကကိုမချစ်နှင့်
CROSS REFERENCES






၁၅ လောကကို၎င်း၊ လောက၌ ရှိသောအရာတို့ကို၎င်း၊ မချစ်ကြနှင့်။ [A] လောကကိုချစ်သောသူ မည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။ ၁၆ လောက၌ ရှိသမျှသော အရာတည်းဟူသော၊ ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ ဝါကြွားခြင်းတို့သည်၊ ခမည်းတော်နှင့် မစပ်ဆိုင်၊ လောကနှင့်သာ စပ်ဆိုင်ကြ၏။ ၁၇ လောကနှင့် လောကီ တပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့် အညီကျင့်သောသူမူကား၊ နိစ္စထာဝရတည်၏။


အန္တိခရစ် အများရှိကြ
CROSS REFERENCES






၁၈ ချစ်သားတို့၊ ယခုကာလသည် နောက်ဆုံးသော ကာလဖြစ်၏။ ခရစ်တော်၏ ရန်သူတည်းဟူသော၊ အန္တိခရစ် [B] ပေါ်လာကြောင်းကို သင်တို့ကြားရသည်အတိုင်း၊ ယခုပင် အန္တိခရစ်အများရှိကြ၏။ ထိုကြောင့်၊ ယခုကာလသည် နောက်ဆုံးသော ကာလဖြစ် သည်ကိုသိရ၏။ ၁၉ ထိုသူတို့သည် ငါတို့ထံမှ ထွက်သွားကြ၏။ သို့သော်လည်း အထက်က ငါတို့နှင့် မစပ်ဆိုင်ကြ။ ငါတို့နှင့် စပ်ဆိုင်လျှင် ငါတို့နှင့်အတူ နေကြလိမ့်မည်။ ထိုသူအပေါင်းတို့သည်၊ ငါတို့နှင့် မစပ်ဆိုင်ကြောင်းကို ထင်ရှားစေခြင်းငှါ၊ ငါတို့ထံမှ ထွက်သွားကြ၏။ ၂၀ သင်တို့သည် သန့်ရှင်းတော်မူသော ဘုရား၏လက်မှ၊ ဘိသိက်ကျေးဇူးတော်ကို ခံရ၍၊ ခပ်သိမ်းသော အရာတို့ကိုသိကြ၏။ [C]


ခမည်းတော်နှင့်သားတော်ကို ငြင်းပယ်သောသူသည် အန္တိခရစ်ဖြစ်၏
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






၂၁ သမ္မာတရားကို သင်တို့မသိသောကြောင့်၊ ငါရေး၍ ပေးလိုက်သည်မဟုတ်။ သင်တို့သည် သမ္မာတရားကို၎င်း၊ မုသာရှိသမျှတို့သည် သမ္မာတရားနှင့် မသက်ဆိုင်သည်ကို၎င်း၊ သိသောကြောင့် ငါရေး၍ပေးလိုက်၏။ ၂၂ မုသာကို သုံးသောသူကား အဘယ်သူနည်း။ ယေရှုသည် ခရစ်တော်မဟုတ် [D]၊ ဟုငြင်းပယ်သောသူဖြစ်သတည်း။ ခမည်းတော်နှင့် သားတော်ကို ငြင်းပယ်သောသူသည် အန္တိခရစ်ဖြစ်၏။ ၂၃ သားတော်ကို ငြင်းပယ်သောသူ မည်သည်ကား၊ ခမည်းတော်ကိုမသိ။ [E]သားတော်ကို ဝန်ခံသောသူ မည်သည်ကား၊ ခမည်းတော်ကိုသိ၏။ ၂၄ ထိုကြောင့်၊ သင်တို့သည် ရှေ့ဦးစွာကပင် ကြားရသော ဒေသနာကို သင်တို့တည် စေကြလော့။ ထိုဒေသနာသည် သင်တို့၌ တည်လျှင်၊ သင်တို့သည် သားတော်၌ ၎င်း၊ ခမည်းတော်၌ ၎င်း၊ တည်ရကြလိမ့်မည်။ ၂၅ ငါတို့အား ပေးတော်မူသော ဂတိတော်မူကား၊ ထာဝရအသက်ကို ဝန်ခံတော်မူသော ဂတိတော်ပေတည်း။ ၂၆ သင်တို့ကို လှည့်ဖြားသောသူတို့၏ အကြောင်းကို ဤသို့သင်တို့အား ငါရေး၍ပေးလိုက်၏။ ၂၇ သို့သော်လည်း သန့်ရှင်းတော်မူသော ဘုရား၏လက်မှ သင်တို့ခံရသော ဘိသိက်ကျေးဇူးတော်သည် သင်တို့၌ရှိသည်ဖြစ်၍၊ [F] အဘယ်သူမျှ သင်တို့ကို ဆုံးမဩဝါဒပေးစရာ အကြောင်းမရှိ။ ထိုဘိသိက် ကျေးဇူးတော်သည် ဖြစ်ယောင်ဆောင် သည်မဟုတ်၊ အမှန်ဖြစ်လျက် ခပ်သိမ်းသော အရာတို့ကို သင်တို့အား သွန်သင်တော်မူသည်အတိုင်း၊ သင်တို့သည် သားတော်၌ တည်နေကြလော့။ ၂၈ ချစ်သားတို့၊ သားတော်သည် ထင်ရှား ပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည် အထံတော်သို့ရောက်လျှင် ရဲရင့်သောအခွင့်ရှိ၍၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သားတော်၌ တည်နေကြလော့။ ၂၉ ဘုရားသခင်သည် ဖြောင့်မတ်တော်မူသည်ကို သင်တို့သည်သိလျှင်၊ ​ဖြောင့်မတ်ခြင်းတရားကို ကျင့်သောသူမည်သည်ကား၊ [G] ဘုရားသခင် ဖြစ်ဖွားစေတော်မူသောသူ ဖြစ်သည်ကို သိရကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.