-
AA
+
🡀
|
🡂
၁ ယောဟန် ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





၁ ယောဟန် ဩဝါဒစာ
အခန်းကြီး ၃


ငါတို့သည်ဘုရားသခင်၏သားများဖြစ်
CROSS REFERENCES






ဘုရားသခင်၏ သားတော်၊ ဟုခေါ်ဝေါ်ခြင်းအခွင့်ကို ငါတို့သည်ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ လောကီသားတို့သည် ဘုရားသခင်ကို မသိသောကြောင့်၊ [A] ငါတို့ကိုလည်း မသိကြ။ ချစ်သူတို့၊ ယခုတွင် ငါတို့သည် ဘုရားသခင်၏ သားဖြစ်ကြ၏။ နောက်မှ အဘယ်သို့သောသူ ဖြစ်မည်၊ ဟုမထင်ရှားသေး။ သို့သော်လည်း၊ ကိုယ်တော်သည် ထင်ရှား ပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည် ကိုယ်တော်နှင့် တူကြလတံ့၊ ဟုငါတို့သိကြ၏။ အကြောင်းမူကား၊ ကိုယ်တော် ဖြစ်တော်မူသည်အတိုင်းကို ငါတို့သည် မြင်ရကြလတံ့။ ထိုသို့ မြော်လင့်သောသူ မည်သည်ကား၊ ကိုယ်တော် သန့်ရှင်းတော်မူသည် နည်းတူ၊ ကိုယ်ကိုကိုယ် သန့်ရှင်းစေတတ်၏။


ကိုယ်တော်၌ တည်နေသောသူဒုစရိုက်ကိုမပြုတတ်
CROSS REFERENCES






ဒုစရိုက်ကို ပြုသောသူမည်သည်ကား၊ ပညတ်တော်ကို လွန်ကျူး၏။ ဒုစရိုက်သည်ကား ပညတ်တော်ကို လွန်ကျူးခြင်းဖြစ်သတည်း။ ကိုယ်တော်သည် ငါတို့၏အပြစ်များကို ဆောင်သွားခြင်းငှါ၊ ထင်ရှားပေါ်ထွန်းတော်မူသည်ကို၊ သင်တို့သိကြ၏။ ကိုယ်တော်၌ လည်းအပြစ်မရှိ။ ကိုယ်တော်၌ တည်နေသောသူမည်သည်ကား၊ ဒုစရိုက်ကို မပြုတတ်။ ဒုစရိုက်ကို ပြုတတ်သောသူမည်သည်ကား၊ ကိုယ်တော်ကို မသိမမြင်ရသေး။ ချစ်သားတို့၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေနှင့်။ အကြင်သူသည် ဖြောင့်မတ်ခြင်းတရားကိုကျင့်၏။ ကိုယ်တော်​ ဖြောင့်မတ်တော်မူသည်နည်းတူ၊ ထိုသူသည် ဖြောင့်မတ်ခြင်းရှိ၏။ [B]


ဘုရားသားနှင့်မာရ်နတ်၏သားလက္ခဏာ

မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ ဒုစရိုက်ကို ပြုသောသူ ဖြစ်သောကြောင့်၊ အကြင်သူသည် ဒုစရိုက်ကိုပြု၏။ ထိုသူသည် မာရ်နတ်နှင့်ဆိုင်၏။ မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းငှါ၊ ဘုရားသခင်၏ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူ၏။ ဘုရားသခင် ဖြစ်ဖွားစေတော်မူသောသူ မည်သည်ကား၊ ဒုစရိုက်ကို မပြုတတ်။ အကြောင်းမူကား၊ ထိုသူ၌ မျိုးစေ့တော် တည်လျက်ရှိ၏။ ထိုသူသည် ဘုရားသခင် ဖြစ်ဖွားစေတော်မူသောသူ ဖြစ်သောကြောင့် ဒုစရိုက်ကိုမပြုနိုင်။ ၁၀ ထိုသို့သော လက္ခဏာအားဖြင့်၊ ဘုရားသခင်၏ သားတို့နှင့် မာရ်နတ်၏ သားတို့သည် ထင်ရှားကြ၏။ ​ဖြောင့်မတ်ခြင်းတရားကို မကျင့်သောသူ၊ မိမိညီအစ်ကိုကို မချစ်သောသူမည်သည်ကား၊ ဘုရားသခင်နှင့်မဆိုင်။ ၁၁ သင်တို့သည် ရှေ့ဦးစွာကပင် ကြားရသော တရားစကားဟူမူကား၊ မာရ်နတ်နှင့်ဆိုင်၍ မိမိညီကိုသတ်သော ကာဣနကဲ့သို့မဟုတ်၊ ငါတို့သည် အချင်းချင်းချစ်ရကြမည်၊ ဟုလာသတည်း။ ၁၂ ကာဣနသည် မိမိညီကို အဘယ်ကြောင့် သတ်သနည်းဟူမူကား၊ မိမိအကျင့်သည် ဆိုးယုတ်၍၊ ညီ၏အကျင့်သည် ဖြောင့်မတ်သတည်း။


ညီအစ်ကိုချင်းတို့ကိုချစ်ရမည်

၁၃ ညီအစ်ကိုတို့၊ လောကီသားတို့သည်၊ သင်တို့ကိုမုန်းသော်လည်းအံ့ဩခြင်းမရှိကြနှင့်။ ၁၄ ငါတို့သည်ညီအစ်ကို ချင်းတို့ကိုချစ်သောကြောင့်၊ သေခြင်းမှအသက်ရှင်ခြင်းသို့ကူးမြောက်သည်ကိုကိုယ်သိရကြ၏။ မိမိညီအစ်ကိုကိုမချစ်သောသူသည်သေခြင်း၌ တည်၏။ ၁၅ မိမိညီအစ်ကိုကိုမုန်းသောသူမည်သည်ကား၊ လူအသက်ကိုသတ်သောသူဖြစ်၏။ [C]လူအသက်ကိုသတ်သောသူတစုံတယောက်၌ မျှ၊ ထာဝရအသက်မတည်သည်ကိုသင်တို့သိကြ၏။ ၁၆ ခရစ်တော်သည်ငါတို့အဘို့အလိုငှါ၊ အသက်တော်ကို စွန့်တော်မူသည်အရာကို ငါတို့သည်ထောက်၍၊ မေတ္တာတော်ကိုသိရကြပြီ။ [D] ငါတို့သည်လည်း ညီအစ်ကိုချင်းတို့အဘို့အလိုငှါ အသက်ကိုစွန့်ရကြ၏။ ၁၇ အကြင်သူသည် လောကီစည်းစိမ်ဥစ္စာရှိလျက်ပင်၊ မိမိညီအစ်ကိုဆင်းရဲခြင်းကိုမြင်၍၊ သနားခြင်းကရုဏာစိတ်ကိုချုပ်တည်း၏၊ ထိုသူ၌ ဘုရားသခင်၏မေတ္တာတော်သည်၊ အဘယ်သို့တည်မည်နည်း။ [E]


စကားအားဖြင့်သာမချစ်ဘဲစိတ်ရောကိုယ်ပါချစ်ကြကုန်အံ့

၁၈ ချစ်သားတို့၊ ငါတို့သည်စကားပြောကာမျှအားဖြင့်သာမချစ်ဘဲ၊ စိတ်ပါကိုယ်ရောက်ဧကန်အမှန်ချစ်ကြကုန်အံ့။ ၁၉ ထိုသို့ချစ်လျှင်၊ ကိုယ်တိုင်သမ္မာတရားနှင့်ဆိုင်သည်ကိုကိုယ်သိရ၍၊ ဘုရားသခင့်ရှေ့တော်၌ ကိုယ်စိတ်နှလုံးကိုသက်သာစေကြလိမ့်မည်။ ၂၀ အကြောင်းမူကား၊ ကိုယ်စိတ်နှလုံးသည်ကိုယ်ကိုအပြစ်တင်လျှင်၊ ဘုရားသခင်သည်ငါတို့၏စိတ်နှလုံးထက်သာ၍ ကြီးမြတ်သည်ဖြစ်၍၊ အလုံးစုံတို့ကိုသိတော်မူသည်ကိုငါတို့သိကြ၏။ ၂၁ ချစ်သူတို့၊ ကိုယ်စိတ်နှလုံးသည်ကိုယ်ကိုအပြစ်မတင်လျှင်၊ ဘုရားသခင့်ရှေ့တော်၌ ရဲရင့်ရသောအခွင့်ရှိကြ၏။


ပညတ်တော်စောင့်ရှောက်လျှင်ဆုတောင်းသမျှရမည်

၂၂ ငါတို့သည်ပညတ်တော်တို့ကိုစောင့်ရှောက်၍၊ နှစ်သက်တော်မူသောအကျင့်တို့ကိုကျင့်သောကြောင့်၊ ဆုတောင်းသမျှတို့ကိုဘုရားသခင့်ထံတော်မှရကြ၏။ ၂၃ ဘုရားသခင်၏ပညတ်တော်ဟူမူကား၊ သားတော်ယေရှုခရစ်ကိုယုံကြည်ရမည်။ သားတော်ပညတ်တော်မူသည်အတိုင်း၊ အချင်းချင်းချစ်ရမည်ဟူသောပညတ်တော်ပေတည်း။ ၂၄ ပညတ်တော်တို့ကိုစောင့်သောသူသည်ဘုရားသခင်၌ တည်၏။ ထိုသူ၌ လည်းဘုရားသခင်တည်တော်မူ၏။ ငါတို့အားပေးတော်မူသောဝိညာဉ်တော်ကိုငါတို့သည်အမှီပြု၍၊ ဘုရားသခင်သည်ငါတို့၌ တည်တော်မူသည်ကိုသိရကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.