-
AA
+
🡀
|
🡂
၁ တိမောသေ ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





၁ တိမောသေ ဩဝါဒစာ
အခန်းကြီး ၆


အစေခံကျွန်များနှင့် ပတ်သက်၍

ဘုရားသခင်၏ နာမတော်နှင့် တရားတော်သည်၊ ကဲ့ရဲ့ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ အစေခံ​ကျွန်မည်သည်ကား၊ မိမိသခင်ကို အလွန်ရိုသေထိုက်သောသူဟူ၍ မှတ်စေ။ သခင်သည် ယုံကြည်သောသူဖြစ်လျှင်၊ ညီအစ်ကိုဖြစ်သည်၊ ဟုစိတ်ထင်နှင့် မခန့်မညားမပြုစေနှင့်။ အစေခံခြင်း၏အကျိုးကို ခံရသောသူသည် ယုံကြည်သောသူ၊ ချစ်အပ်သောသူ ဖြစ်သောကြောင့် သာ၍ အစေခံစေ။ ဤသို့ဆုံးမဩဝါဒပေး၍ တိုက်တွန်းသွေးဆောင်လော့။


ဘုရားဝတ်၌ မွေ့လျော်ခြင်းသည်၊ အကျိုးစီးပွားဖြစ်သည်၊ ဟုစိတ်ထင်
CROSS REFERENCES





CROSS REFERENCES






ခြားနားသော ဩဝါဒကို သင်ပေး၍၊ [A]ငါတို့သခင် ယေရှုခရစ်၏စကား တည်းဟူသော စင်ကြယ်သောစကားကို၎င်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း [B]နှင့်အညီ ဖြစ်သောဩဝါဒကို၎င်း၊ ဝန်မခံသောသူမည်သည်ကား၊ မာနနှင့်ယစ်မူး၍ အလျှင်းနားမလည်ဘဲ၊ ပုစ္ဆာအမေးကိုဆွေး​နွေး၍ စကားကြောင့်သာ ငြင်းခုံသောအားဖြင့်၊ စိတ်ပေါ့သောသူဖြစ်၏။ ထိုသို့ပြုလျှင်၊ ငြူစူခြင်း၊ ရန်တွေ့ခြင်း၊ သူ့အသရေကို ရှုတ်ချခြင်း၊ မနာလိုသော ကြံစည်ခြင်း၊ စိတ်နှလုံးယိုယွင်း၍ သမ္မာတရားနှင့် ကင်းသောသူတို့၏ အချည်းအနှီး ဆွေးနွေးခြင်း ဖြစ်တတ်၏။ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည်၊ အကျိုးစီးပွားဖြစ်သည်၊ ဟုသူတို့သည် စိတ်ထင်ကြ၏။ ထိုသို့သော သူတို့ကို ရှောင်လော့။


စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက် နေကြကုန်အံ့

ရောင့်ရဲသောစိတ်ပါလျှင်၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည်၊ ကြီးစွာသော အကျိုးစီးပွားမှန်၏။ အကြောင်းမူ ကား၊ ငါတို့သည် ဤလောကထဲသို့ အဘယ်အရာမျှ မပါဘဲလာသည်ဖြစ်၍၊ ထွက်သွားလျှင်လည်း၊ အဘယ်အရာကိုမျှ ယူ၍မသွားနိုင်၊ ဟုထင်ရှားလျက်ရှိ၏။ သို့ဖြစ်၍ စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက် နေကြကုန်အံ့။ ငွေရတတ်ခြင်းငှာ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌ နစ်မွန်းတတ်ကြ၏။ ၁၀ အကြောင်းမူကား၊ ငွေကိုတပ်မက်ခြင်းသည် မကောင်းသော အမှုအပေါင်းတို့တွင်၊ မူလအမြစ် ဖြစ်သတည်း။ လူအချို့တို့သည် ငွေကိုတပ်မက်သောကြောင့်၊ ယုံကြည်ခြင်း တရားလမ်းမှ လွဲသွား၍၊ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ် ထုတ်ခြင်းခပ်အောင် ထိုးကြပြီ။


အိုဘုရားသခင်၏ လူအပြစ်များကိုရှောင်လော့
CROSS REFERENCES






၁၁ သို့ဖြစ်၍၊ အိုဘုရားသခင်၏လူ၊ [C] သင်သည် ထိုအပြစ်များကို ကြဉ်ရှောင်လော့။ ​ဖြောင့်မတ်စွာကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို မှီအောင်လိုက်လော့။ ၁၂ ယုံကြည်ခြင်းနှင့်ဆိုင်၍ ကောင်းစွာသော တိုက်လှန်ခြင်းကို ပြုလော့။ ထာဝရအသက်ကို ကိုင်ယူလော့။ ထိုအသက်ကို ရမည်အကြောင်း၊ သင်သည် ခေါ်တော်မူခြင်းကိုခံရ၍၊ သက်သေအများတို့ရှေ့၌ ကောင်းမွန်စွာဝန်ခံပြီ။ ၁၃ ငါတို့ သခင်ယေရှုခရစ် ထင်ရှားပေါ်ထွန်းတော်မူသည် တိုင်အောင်၊ သင်သည် အညစ်အ​ကြေးနှင့် ကင်းစင်၍၊ အပြစ်တင်ခွင့်မရှိဘဲလျက်၊ ပညတ်တော်ကို စောင့်ရှောက်မည်အကြောင်း၊ ၁၄ အလုံးစုံတို့ကို အသက်ရှင်စေတော်မူသော ဘုရားသခင်ရှေ့မှာ၎င်း၊ ပုန္တိပိလတ်မင်းထံ ကောင်းသောဝန်ခံခြင်းဘက်၌ သက်သေခံတော်မူသော ယေရှုခရစ်ရှေ့မှာ၎င်း၊ ငါသည်သင့်ကို ပညတ်ထား၏။


ဘုရား၏ဂုဏ်အင်္ဂါများ

၁၅ မရဏာနှင့် ကင်းလွတ်သောသူ၊ တစ်ပါးတည်း ဖြစ်တော်မူထသော၊ ၁၆ အဘယ်သူမျှ မချဉ်းကပ်နိုင်သော အလင်းထဲ၌ နေတော်မူထသော၊ အဘယ်သူမျှ မမြင်ဘူးရာ၊ မမြင်နိုင်ရာ ဖြစ်တော်မူထသော၊ မင်္ဂလာရှိသော တစ်ပါးတည်းသော အရှင်ဖြစ်တော်မူထသော၊ ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏ သခင်သည်၊ ကာလအချိန်ရောက်သောအခါ၊ သခင်ယေရှုခရစ်၏ ထင်ရှားပေါ်ထွန်းခြင်းကို ပြတော်မူလိမ့်မည်။ ထိုဘုရားသခင်သည် ထာဝရ ဂုဏ်အသရေ အစွမ်းသတ္တိ ရှိတော်မူစေသတည်း။ အာမင်။


လောကစည်းစိမ်ထက် ဘုရား ကိုးစားဖို့ ပညတ်လော့

၁၇ ဤဘဝ၌ ငွေရတတ်သောသူတို့သည်၊ မာန်မာနစိတ်နှင့် ကင်းလွတ်၍၊ မမြဲသောစည်းစိမ်ကို မကိုးစားဘဲ၊ ငါတို့ခံစားဖို့ရာ အလုံးစုံတို့ကို ကြွယ်ဝစွာ ပေးသနားတော်မူသော၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို၊ ကိုးစားရမည်အကြောင်းနှင့်၊ ၁၈ သူတပါးအား ကျေးဇူးပြုခြင်း၊ ကောင်းသောအကျင့်၌ ကြွယ်ဝပြည့်စုံခြင်း၊ စွန့်ကြဲချင်သော စေတနာစိတ်ရှိခြင်း၊ အချင်းချင်းဆက်ဆံခြင်း၊ ၁၉ မှန်သောအသက်ကို ဝင်စားလိုသောငှာ၊ နောင်ဘဝ၌ ကောင်းသော ဘဏ္ဍာကို မိမိတို့အဖို့ ဆည်းဖူးခြင်းတို့ကို ပြုရမည်အကြောင်း ပညတ်ထားလော့။


သိပ္ပံအတတ် ဆီးတားနှောင့်ယှက်ခြင်းကို ရှောင်လော့

၂၀ အို တိမောသေ၊ သင်၌ အပ်ထားသောအရာကို စောင့်ရှောက်လော့။ တရားမဲ့ဖြစ်သော အချည်းနှီးစကားပြောခြင်းကို၎င်း၊ သိပ္ပံအတတ်ဟူ၍ အလွဲခေါ်ဝေါ်သော၊ သိပ္ပံအတတ် ဆီးတားနှောင့်ယှက်ခြင်းကို၎င်း၊ ရှောင်လော့။ ၂၁ ထိုသိပ္ပံအတတ်ကို လူအချို့တို့သည် ဝန်ခံပြုစုသောအားဖြင့်၊ ယုံကြည်ခြင်းတရားလမ်းမှ လွဲကြပြီ။ သင်၌ ကျေးဇူးတော်ရှိလေသတည်း။ အာမင်။


တိမောသေဩဝါဒစာ ပဌမစောင်ပြီး၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.