-
AA
+
🡀
|
🡂
၁ တိမောသေ ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





၁ တိမောသေ ဩဝါဒစာ
အခန်းကြီး ၅


အသက်ကြီးသူ၊ ငယ်သူများကို ဆက်ဆံနည်း

အသက်ကြီးသောသူကို ကျပ်တည်းစွာ မဆုံးမနှင့်။ အဘကဲ့သို့မှတ်၍ တောင်းပန်လော့။ လူပျိုတို့ကို ညီအစ်ကိုကဲ့သို့၎င်း၊ အသက်ကြီးသော မိန်းမတို့ကို အမိကဲ့သို့၎င်း၊ မိန်းမတို့ကို အလွန်စင်ကြယ်သော အခြင်းအရာနှင့်တကွ နှမကဲ့သို့၎င်း၊ မှတ်၍ ကျင့်လော့။


မုဆိုးမများနှင့်ပတ်သက်၍

မုဆိုးမအမှန်ဖြစ်သော မိန်းမတို့ကို မ စ လုပ်​ကျွေးလော့။ သားမြေးရှိသော မုဆိုးမဖြစ်လျှင်၊ ထိုသားမြေးတို့သည် ရှေ့ဦးစွာ ဘုရားဝတ်ကို ရည်မှတ်လျက်၊ မိမိအိမ်ကိုပြုစု၍ မိဘဘိုးဖွား၌ ကျေးဇူးဆပ်ခြင်းငှာ သင်ကြစေ။ ထိုအမှုသည် ဘုရားသခင် နှစ်သက်တော်မူသော အမှုဖြစ်၏။ မုဆိုးမအမှန်ဖြစ်၍၊ တစ်ယောက်တည်း ကျန်ရစ်သောမိန်းမသည်၊ ဘုရားသခင်ကို ကိုးစား၍ ဆုတောင်းပဌနာပြုခြင်း၌ ၊ နေ့ညမပြတ် တည်နေတတ်၏။ ကာမဂုဏ်စည်းစိမ်၌ ပျော်မွေ့သော မုဆိုးမမူကား၊ အသက်ရှိလျက်ပင် အသေဖြစ်၏။ ထိုသူတို့ကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှာ၊ ဤသို့ပညတ်ထားလော့။ မိမိလူတို့ကို မပြုစု၊ ထိုမျှမက မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား၊ ယုံကြည်ခြင်းတရားကို ငြင်းပယ်၏။ မယုံကြည်ဘူးသော သူထက်သာ၍ ယုတ်မာ၏။


မုဆိုးမများအဆက်

မုဆိုးမသည် အသက်​ခြောက်ဆယ် မပြည့်လျှင်၊ စာရင်းအင်းမဝင်စေနှင့်။ လင်တစ်ယောက်တည်း ရှိဘူးသောသူ၊ ၁၀ ကောင်းသောအကျင့်ကို ကျင့်၍ အသရေရှိသောသူ၊ သူငယ်တို့ကို​ ကျွေးမွေးခြင်း၊ ဧည့်သည်ဝတ်ကိုပြုခြင်း၊ သန့်ရှင်းသူတို့၏​ ခြေကိုဆေးခြင်း၊ ဆင်းရဲသောသူတို့ကို လုပ်​ကျွေးခြင်း၊ ကောင်းသောအမှုရှိသမျှတို့၌ ကြိုးစားအားထုတ်ခြင်းကို ပြုဘူးသောသူ ဖြစ်လျှင်၊ စာရင်းအင်းဝင်စေ။ ၁၁ အသက်အရွယ်နုသော မုဆိုးမတို့ကို ပယ်လော့။ အကြောင်းမူကား၊ ထိုသူတို့သည် ခရစ်တော်၏ ဆုံးမခြင်းကို သည်းမခံ။ အိမ်သင့်ခြင်းငှာ အလိုရှိလျှင်၊ ၁၂ အရင်သစ္စာကို ဖျက်သောကြောင့် အပြစ်သင့်ခြင်းသို့ ရောက်ကြလိမ့်မည်။ ၁၃ ထိုမှတပါး တစ်အိမ်မှ တစ်အိမ်သို့လည်၍ ပျင်းရိတတ်ကြ၏။ ပျင်းရိသည်သာမက၊ စကားများ၍ မပြောအပ်သောအရာကို ပြောသဖြင့်၊ ကိုယ်နှင့်မဆိုင်သော အမှု၌ ရောနှောသောသူ ဖြစ်တတ်ကြ၏။ ၁၄ ထိုကြောင့်၊ အသက်အရွယ်နုသော မုဆိုးမတို့သည် အိမ်သင့်ခြင်း၊ သားဖွားခြင်း၊ အိမ်မှုကို ကြည့်ရှုပြုစုခြင်း၊ ကဲ့ရဲ့စရာအခွင့်ကို ရန်သူအား မပေးဘဲ နေခြင်းအမှုများကို ပြုစုစေခြင်းငှာ ငါအလိုရှိ၏။ ၁၅ အကြောင်းမူကား၊ ယခုပင်အချို့တို့သည် လမ်းလွဲ၍ စာတန်နောက်သို့ လိုက်သွားကြပြီ။ ၁၆ ယုံကြည်သော ယောက်ျားမိန်းမ၌ မုဆိုးမရှိလျှင်၊ ကိုယ်တိုင် လုပ်​ကျွေးစေ၊ သို့ပြုလျှင်၊ အမှန်ဖြစ်သော မုဆိုးမတို့ကို အသင်းတော်သည် အနှောက်အယှက် မရှိစေဘဲ လုပ်​ကျွေးနိုင်လိမ့်မည်။


သင်းအုပ်များနှင့် ပတ်သက်၍

၁၇ ကောင်းမွန်စွာအုပ်သော အသင်းအုပ်တို့သည်၊ အလှူနှစ်ဆကို ခံထိုက်သောသူ ဖြစ်သည်ဟူ၍၎င်း၊ တရားဟောခြင်း၊ ဆုံးမဩဝါဒပေးခြင်းအမှုကို ကြိုးစား အားထုတ်သောသူတို့သည်၊ အလှူနှစ်ဆကို အထူးသဖြင့် ခံထိုက်သောသူ ဖြစ်သည်ဟူ၍၎င်း မှတ်ရမည်။ ၁၈ အကြောင်းမူကား၊ စပါးနင်းနယ်သော နွား၏နှုတ်ကို မချုပ်တည်းရ၊ ဟုကျမ်းစာလာ၏။ တစ်ချက်ကား၊ လုပ်ဆောင်သောသူသည် အခကိုခံထိုက်ပေသည်၊ ဟုလာပြန်၏။ ၁၉ သက်သေခံနှစ်ဦး၊ သုံးဦးမရှိလျှင်၊ သင်းအုပ်၌ အပြစ်တင်သောစကားကို နားမထောင်နှင့်။


အပြစ်ရှိသောသူကို ဆုံးမလော့

၂၀ ကြွင်းသောသူတို့သည် ကြောက်စေခြင်းငှာ၊ အပြစ်ရှိသောသူတို့ကို လူအပေါင်းတို့ရှေ့မှာ၊ အပြစ်တင်၍ ဆုံးမလော့။၂၁ ရှေ့မဆွက မစီရင်၊ ငဲ့ကွက်သောစိတ်နှင့် အလျှင်းမပြုဘဲ၊ ဤပညတ်များကို စောင့်ရှောက်မည်အကြောင်း၊ ဘုရားသခင်နှင့် သခင်ယေရှုခရစ် ရှေ့မှာ၎င်း၊ ရွေးကောက်တော်မူသော ကောင်းကင်တမန်တို့ ရှေ့မှာ၎င်း၊ ငါသည်သင့်ကို သစ္စာပေး၏။


တိမောသေရောဂါရှိ၍ စပျစ်ရည်အနည်းငယ်သောက်ခိုင်း

၂၂ အဘယ်သူ၏အပေါ်၌ လက်ကို အလျင်တဆော မတင်နှင့်။ သူတပါးအပြစ်၌ မဆက်ဆံနှင့်။ ကိုယ်ကိုကိုယ် စင်ကြယ်စေလော့။ ၂၃ သင်၏ရင်ထဲ၌ အကျိုးဖြစ်စေခြင်းငှာ၎င်း၊ မကြာမကြာခံရသော ရောဂါကြောင့်၎င်း၊ ယခုမှစ၍ ရေကိုသာမသောက်ဘဲ၊ စပျစ်ရည်အနည်းငယ်ကို သုံးလော့။ ၂၄ အချို့သောသူတို့၏ ဒုစရိုက်သည် ရှေ့မဆွက ထင်ရှား၍၊ အပြစ်စီရင်ခြင်းသို့ အရင်အဦးသွားတတ်၏။ အချို့သောသူတို့၏ ဒုစရိုက်သည် နောက်သို့ လိုက်တတ်၏။ ၂၅ ထိုနည်းတူ၊ အချို့သောသူတို့၏ သုစရိုက်သည် ထင်ရှားနှင့်တတ်၏၊ မထင်ရှားသေးသော သုစရိုက်ကိုလည်း ဝှက်၍ မထားနိုင်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.