၁ ငါတို့သည် ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ လျောက်ပတ်စွာကျင့်ခြင်း၊ အမျိုးမျိုးကို ပြု၍၊
၇ မိန်းမအို ပြောတတ်သော တရားမဲ့ဖြစ်သော ဒဏ္ဍာရီစကားကို ပယ်ရှား၍၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းအားဖြင့်၊ ကိုယ်ကိုကိုယ် ဆုံးမလော့။
၃ ခြားနားသော ဩဝါဒကို သင်ပေး၍၊ငါတို့သခင် ယေရှုခရစ်၏စကား တည်းဟူသော စင်ကြယ်သောစကားကို၎င်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်အညီ ဖြစ်သောဩဝါဒကို၎င်း၊ ဝန်မခံသောသူမည်သည်ကား၊
၂ ငါ၌ အပ်ထားသော တရားဟောခြင်းအခွင့်အားဖြင့် တော်လျော်သောအချိန်၌၊ နှုတ်ကပတ်တရားတော်ကို ထင်ရှားစေတော်မူသော အရာနှင့်စပ်ဆိုင်သော၊ ထာဝရအသက်ကို မြော်လင့်သည်ဖြစ်၍၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို ဝန်ခံခြင်းအလိုငှါ၎င်း၊
၁၂ ငါတို့သည် မြော်လင့်လျက်၊ ဘုရားမဲ့တရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကို ပယ်ရှားလျက်၊ ယခုဘဝ၌ ဣန္ဒြေစောင့်ခြင်း၊ တရားသဖြင့် ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းတို့ကို ပြုနေရမည်အကြောင်း၊
၃ ထိုသို့နှင့်အညီ၊ ငါတို့ကို ဘုန်းတန်ခိုးတော်နှင့် ခေါ်တော်မူသော ဘုရားကို သိသောဥာဏ်အားဖြင့်၊ ငါတို့အားအသက်ရှင်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့် စပ်ဆိုင်သောအရာ ရှိသမျှတို့ကို၊ ဘုရားတန်ခိုးတော်သည် ပေးသနားတော်မူပြီ။
၁၂ မိုးကောင်းကင်သည် မီးနှင့်ပျက်၍၊ လောကဓာတ်တို့သည် ပူအားကြီးလျက်၊ အရည်ကျိုခြင်းကို ခံရသောနေ့တည်းဟူသော၊ ဘုရားသခင်၏နေ့ ရောက်လိမ့်မည်၊ ဟုသင်တို့သည် မျှော်လင့်တောင့်တလျက်၊ သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းအားဖြင့်၊ အဘယ်သို့သောသူ ဖြစ်အပ်ကြသနည်း။
၂၃ မတရားသောသူသည်မိမိအကျင့်တို့ကိုရှောင်၍အသက်မရှင်၊ အသေခံခြင်းအမှု၌ ငါသည်အနည်းငယ်သော ပျော်မွေ့ခြင်းရှိသလော။
၃၂ အသေခံရသောသူ၏အသေခံခြင်းအမှု၌ ငါသည်ပျော်မွေ့ခြင်းမရှိ။ ထိုကြောင့်ပြောင်းလဲ၍အသက်ရှင်ကြလော့ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏။
၁၁ အရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကားငါအသက်ရှင်သည်အတိုင်း၊ ဆိုးသောသူသည်အသေခံခြင်းအမှုကိုငါနှစ်သက်သည်မဟုတ်၊၊ ဆိုးသောလမ်းမှလွဲ၍အသက်ရှင်ခြင်းအမှုကိုသာငါနှစ်သက်၏၊၊ အိုဣသရေလအမျိုးသားတို့သင်တို့လိုက်သောလမ်းဆိုးမှလွှဲကြလော့၊ လွှဲကြလော့၊ အဘယ်ကြောင့်အသေခံလိုကြသနည်း။
၄ အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် တစ်ဆူတည်းသော ထာဝရဘုရား ဖြစ်တော်မူ၏။
၃၀ အကြောင်းမူကား၊ အရေဖျားလှီးခြင်းကို ခံသောသူနှင့် မခံသောသူနှစ်ဦးကို၊ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာ၌ တည်စေတော်မူသော၊ ဘုရားသခင် တဆူတည်းရှိတော်မူ၏။
၄ ရုပ်တုရှေ့၌ ပူဇော်သောယဇ်ကောင်ကို စားခြင်းအရာမှာ၊ ရုပ်တုသည် ဤလောက၌ အချည်းနှီး သက်သက်ဖြစ်သည်ကို၎င်း၊ တဆူတည်းသော ဘုရားသခင်မှတပါး၊ အဘယ်ဘုရားသခင်မှ မရှိသည်ကို၎င်း၊ ငါတို့သိကြ၏။