-
AA
+
🡀
|
🡂
၁ တိမောသေ ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





၁ တိမောသေ ဩဝါဒစာ
အခန်းကြီး ၃

သင်းအုပ်၏အရည်အချင်းများ

သင်းအုပ်အရာကို တောင့်တသောသူသည်၊ ကောင်းသောအမှုအရာကို တောင့်တသည် ဟူသောစကားသည်၊ မှန်သောစကား ဖြစ်၏။ ထိုကြောင့်၊ သင်းအုပ်သည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူ၊ မယားတစ်ယောက်တည်း ရှိသောသူ၊ သမ္မာသတိ ရှိသောသူ၊ ဣန္ဒြေစောင့်သောသူ၊ လျောက်ပတ်စွာ ကျင့်သောသူ၊ ဧည့်သည်ဝတ်ကို ပြုတတ်သောသူ၊ ဆုံးမဩဝါဒ ပေးတတ်သောသူ ဖြစ်ရမည်။ စပျစ်ရည်နှင့် ပျော်မွေ့ခြင်း၊ သူတပါးကို ရိုက်ပုတ်ခြင်း၊ မစင်ကြယ်သော စီးပွားကို တပ်မက်ခြင်းမရှိ၊ စိတ်ဖြည်း ညှင်းသောသူ၊ ရန်မတွေ့တတ်သောသူ၊ ငွေကို မတပ်မက်သောသူ ဖြစ်ရမည်။ မိမိအိမ်ကို ကောင်းမွန်စွာ အုပ်စိုး၍ သမ္မာသမာဓိရှိသည်နှင့်၊ မိမိသားသမီးကို ဆုံးမနိုင်သောသူ ဖြစ်ရမည်။ မိမိအိမ်ကို မအုပ်စိုးတတ်လျှင်၊ ဘုရားသခင်၏ အသင်းတော်ကို အဘယ်သို့ ပြုစုလိမ့်မည်နည်း။ မာနနှင့်ယစ်မူးလျက်၊ မာရ်နတ်၏ အပြစ်ရောက်မည်၊ ဟုစိုးရိမ်စရာရှိ၍၊ ဘာသာဝင် လူသစ်မဖြစ်ရ။ ကဲ့ရဲ့ပြစ်တင်ခြင်း၊ မာရ်နတ်ဖမ်းမိခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ပြင်ပလူတို့တွင် အသရေရှိသောသူ ဖြစ်ရမည်။


သင်းထောက်၏အရည်အချင်းများ

ထိုနည်းတူ၊ သင်းထောက်တို့သည် တည်ကြည်သောသူ ဖြစ်ရမည်။ လျှာနှစ်ခွနှင့် ပြောသောသူ၊ စပျစ်ရည်ကို သောက်ကြူးသောသူ၊ မစင်ကြယ်သော စီးပွားကို တပ်မက်သောသူ မဖြစ်ရကြ။ ကိုယ်ကိုကိုယ်သိသောစိတ် စင်ကြယ်သည်နှင့်၊ ယုံကြည်ခြင်း၏ နက်နဲသောအရာကို စွဲလမ်းသောသူ ဖြစ်ရကြမည်။ ၁၀ သူတို့သည်လည်း ရှေ့မဆွက စုံစမ်းခြင်းကိုခံကြစေ။ နောက်မှ အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျှင်၊ သင်းထောက်လုပ်ကြစေ။ ၁၁ ထိုနည်းတူ၊ မိန်းမတို့သည် တည်ကြည်သောသူ ဖြစ်ရကြမည်။ ချောစား (မလိုမုန်းထားပြော) တတ်သောသူမဟုတ်။ သမ္မာသတိ ရှိသောသူ၊ အရာရာ၌ သစ္စာရှိသောသူ ဖြစ်ရကြမည်။ ၁၂ သင်းထောက်သည် မယားတစ်ယောက်တည်း ရှိရမည်။ မိမိသားသမီးနှင့် အိမ်သူအိမ်သားတို့ကို ကောင်းမွန်စွာ အုပ်ချုပ်သောသူ ဖြစ်ရမည်။ ၁၃ အကြောင်းမူကား၊ သင်းထောက်အမှုကို ကောင်းစွာ ရွက်ဆောင်သောသူတို့သည်၊ မိမိတို့အဖို့ ကောင်းသောအရာကို၎င်း၊ ယေရှုခရစ်၏ ယုံကြည်ခြင်းနှင့် ရဲရင့်ခြင်းသတ္တိကို၎င်း အမြတ်ရကြ၏။


အသင်းတော်သမ္မာတရား၏တည်ရာ

၁၄ သင်ရှိရာသို့ ငါမြန်မြန်လာမည်၊ ဟုမျှော်လင့်ခြင်းရှိသော်လည်း တာရှည်စွာနေလျှင်၊ ၁၅ သင်သည် ဘုရားသခင်၏ အိမ်တော်၌ အဘယ်သို့ ကျင့်ကြံပြုမူရမည်ကို သိစေခြင်းငှာ၊ ဤသို့ငါရေး၍ ပေးလိုက်၏။ ထိုအိမ်တော်ကား၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ အသင်းတော်ဖြစ်၏၊ ထိုအသင်းတော်ကား၊ သမ္မာတရား၏ တိုင်ဖြစ်၏။ သမ္မာတရား၏ အုပ်မြစ်လည်းဖြစ်၏။ (a)


ဘုရားသခင်သည် ကိုယ်ခန္ဓာ၌ ပေါ်ထွန်းတော်မူပြီ

၁၆ မှန်သောကိုးကွယ်ခြင်း၏ နက်နဲသောအရာသည်၊ ကြီးစွာသော အရာဖြစ်သည်၊ ဟုငြင်းခုံရန်မရှိ။ ဘုရားသခင်သည် ကိုယ်ခန္ဓာ၌ ပေါ်ထွန်းတော်မူပြီ။ ဟုတ်မှန်တော်မူခြင်း အကြောင်းသည် ဝိညာဉ်တော်အားဖြင့် ထင်ရှားပြီ။ ကောင်းကင်တမန်တို့သည်၊ ကိုယ်တော်ကို ရှုမြင်ရကြပြီ။ တပါးအမျိုးသားတို့သည်၊ သတင်းတော်ကို ကြားရကြပြီ။ လောကီသားတို့သည် ယုံကြည်ရကြပြီ။ ဘုန်းအသရေနှင့်တကွ အထက်သို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။

_________________________
Footnotes


၁၅ (a)


ဂရိတ်လို στῦλος အင်္ဂလိပ်အသံထွက် stylos အင်္ဂလိပ်အဓိပ္ပါယ် pillar မြန်မာလို "တိုင်"

ဂရိတ်လို ἑδραίωμα အင်္ဂလိပ်အသံထွက် hedraiōma အင်္ဂလိပ်အဓိပ္ပါယ် base or foundation မြန်မာလို "အုပ်မြစ်"


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.