၃၅ ထိုအကြောင်းအရာကို မြင်သောသူသည် သက်သေခံ၏။ သူ၏ သက်သေခံချက်သည်လည်း မှန်ပေ၏။ သင်တို့သည် ယုံကြည်မည်အကြောင်း၊ သူပြောသော စကားမှန်သည်ကို သူသိ၏။
၁၆ ငါတို့သခင်ယေရှုခရစ်၏ တန်ခိုးတော်ကို၎င်း၊ ကြွလာတော်မူခြင်းကို၎င်း၊ သင်တို့အား ကြားပြောသောအခါ၊ ငါတို့သည် ပရိယာယ်နှင့်ပြင်ဆင်သော ဒဏ္ဍာရီစကားကိုမလိုက်၊ ဘုန်းအာနုဘော်ကို ကိုယ်တိုင်မြင်သောသူဖြစ်ကြ၏။
၂ ထိုအသက်သည် ထင်ရှားခဲ့ပြီ။ ငါတို့လည်း မြင်ရကြပြီ။ ခမည်းတော်နှင့် အတူရှိဘူး၍၊ ငါတို့အား ထင်ရှားခဲ့ပြီးသော၊ ထိုထာဝရအသက်ကို ငါတို့သည်၊ သင်တို့အား သက်သေခံ၍ ပြသကြ၏။
၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း၊ ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌ တပါးတည်းသော သားတော်၏၊ ဘုန်းကဲ့သို့ သူ၏ ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။
၁၄ လောကီသားတို့ကို ကယ်တင်သော သခင်ဖြစ်စေခြင်းငှါ၊ ခမည်းတော်သည် သားတော်ကို စေလွှတ်တော်မူသည်ကို၊ ငါတို့သည်သိမြင်၍ သက်သေခံကြ၏။
၃၉ ငါ့လက်ကို ကြည့်ကြလော့။ ငါ့ခြေကိုလည်း ကြည့်ကြလော့။ ငါ့ကိုယ်ပင်ဖြစ်၏။ ငါ့ကိုကြည့်ရှု စမ်းသပ်ကြလော့။ ငါသည် သင်တို့မြင်သည်အတိုင်း အရိုးအသားနှင့် ပြည့်စုံ၏။ တစ္ဆေမည်သည်ကား ဤကဲ့သိုမပြည့်စုံ၊ ဟုမိန့်တော်မူလျက်၊
၁ ခုနစ်ရက်တွင် ပဌမနေ့ရက် အာရုဏ်တက်သော အချိန်၌ ၊ ထိုမိန်းမတို့သည် အခြားသော မိန်းမတို့နှင့်တကွ မိမိတို့ပြင်ဆင်သော နံ့သာမျိုးကို ဆောင်လျက်၊ သင်္ချိုင်းတော်သို့သွားကြ၏။
၁၆ အဘယ်သူမျှ မချဉ်းကပ်နိုင်သော အလင်းထဲ၌ နေတော်မူထသော၊ အဘယ်သူမျှ မမြင်ဘူးရာ၊ မမြင်နိုင်ရာ ဖြစ်တော်မူထသော၊ မင်္ဂလာရှိသော တပါးတည်းသော အရှင်ဖြစ်တော်မူထသော၊ ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏ သခင်သည်၊ ကာလအချိန်ရောက်သောအခါ၊ သခင်ယေရှုခရစ်၏ ထင်ရှားပေါ်ထွန်းခြင်းကို ပြတော်မူလိမ့်မည်။ ထိုဘုရားသခင်သည် ထာဝရ ဂုဏ်အသရေ အစွမ်းသတ္တိ ရှိတော်မူစေသတည်း။ အာမင်။
s လောကစည်းစိမ်ထက် ဘုရား ကိုးစားဖို့ ပညတ်လော့
၁၇ ထိုအဘသည် ရွေ့လျော့တိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏။
s သမ္မာတရားအားဖြင့် ငါတို့ကိုမွေးဖွားစေ
၁၄ လူသည် အဘယ်သို့သော သူဖြစ်၍ သန့်ရှင်းနိုင်သနည်း။ မိန်းမဖွားသော သူသည် အဘယ်သို့သော သူဖြစ်၍ ဖြောင့်မတ်နိုင်သနည်း။
၁ တဖန် တေမန်အမျိုးသား ဧလိဖတ် မြွက်ဆိုသည်ကား၊
၁၀ ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သောသူမရှိ၊ တယောက်မျှမရှိ။
၂ ငါတို့ရှိသမျှသည် များသောအားဖြင့် မှားတတ်ကြ၏။ စကားအားဖြင့် မှားခြင်းမရှိသောသူ မည်သည်ကား၊ စုံလင်သောသူဖြစ်၏။ မိမိကိုယ်တကိုယ်လုံးကို ချုပ်တည်းနိုင်သောသူ ဖြစ်၏။
၅ တဖန်အကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ ဝန်ချပါ၏။ ပြုမိသော ဒုစရိုက်ကိုဝှက်၍ မထားပါ။ ငါလွန်ကျူးသော အရာကို ထာဝရဘုရားအား ဖေါ်ပြ တောင်းပန်မည်၊ ဟုပြောဆိုသောအခါ၊ ကိုယ်တော်သည် အကျွန်ုပ် ပြစ်မှားခြင်းအပြစ်ကို လွှတ်တော်မူ၏။
၁၃ မိမိအပြစ်ကိုဝှက်ထားသောသူသည်ချမ်းသာမရ။ မိမိအပြစ်ကိုဖေါ်ပြဝန်ချ၍စွန့်ပစ်သောသူမူကား၊ ကရုဏာတော်ကိုခံရလိမ့်မည်။
_________________________
Footnotes