-
AA
+
🡀
|
🡂
ရုသ၀တ္ထု
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ရုသ၀တ္ထု
အခန်းကြီး ၄


ဗောဇက ရုသကို ရွေးဖို့ မြို့တံခါး၀မှာ စီစဉ်
CROSS REFERENCES






ထိုအခါ ဗောဇသည် မြို့တံခါးဝသို့ သွား၍ ထိုင်သဖြင့်၊ မနေ့က ပြောသော အမျိုးသားချင်း လျှောက်သွားသည်ကို မြင်လျှင်၊ အိုမည်သူ လှည့်၍ ထိုင်ပါတော့ဟုခေါ်သည်အတိုင်း သူသည် လှည့်၍ ထိုင်လေ၏။ တဖန် မြို့သား အသက်ကြီးသူ တစ်ကျိပ်တို့ကို ခေါ်၍၊ ဒီမှာ ထိုင်ပါတော့၊ ဟုဆိုသည်အတိုင်း၊ သူတို့သည်လည်း ထိုင်ကြ၏။ အမျိုးသားချင်းကိုလည်း၊ မောဘပြည်မှ ပြန်လာသော နောမိသည် ငါတို့အစ်ကို ဧလိမ လက်ပိုင်သော မြေအကွက်ကို ရောင်းမည်ဖြစ်၍၊ သင့်ကိုငါတိုင်ကြားလျက်၊ ပြည်သားများ၊ ငါတို့အမျိုး၌ အသက်ကြီးသူ များရှေ့မှာ ဝယ်ပါတော့၊ ဟုပြောမည် အကြံရှိပါ၏။ [A] သင်သည် ရွေးလိုလျှင် ရွေးပါတော့၊ မရွေးလိုလျှင် ကျွန်ုပ်အား ကြားပြောပါတော့။ သင်မှတပါး ရွေးပိုင်သောသူမရှိ။ သင့်နောက်မှာ ကျွန်ုပ်နေရာ ကျသည် [B]ဟုဆိုသော်၊ အမျိုးသားချင်းက၊ ​ကျွန်ုပ်ရွေးမည်၊ ဟုပြန်ပြော၏။


ဧလိမလက် အမျိုးသားက သူမရွေးနိုင်ပြော

ဗောဇကလည်း၊ ထိုလယ်ကွက်ကို နောမိလက်မှ ဝယ်သောနေ့ရက်တွင်၊ သေသောသူ၏ အမွေဥစ္စာအားဖြင့် သူ၏နာမည်ကို ထောက်မခြင်းငှာ၊ သူ၏ မယား မောဘအမျိုးသမီး ရုသကိုလည်း ဝယ်ရသေးသည်၊ ဟုဆိုသော်၊ အမျိုးသားချင်းက၊ ​ကျွန်ုပ်သည် ကိုယ်အဖို့ မရွေးနိုင်ပါ။ ရွေးလျှင် ကိုယ်အမွေဥစ္စာကို ဖျက်မည် စိုးရိမ်စရာရှိ၏။ ကျွန်ုပ် မရွေးနိုင်သောကြောင့်၊ ကျွန်ုပ် ရွေးပိုင်သောအရာကို ကိုယ်အဖို့ ရွေးပါတော့၊ ဟုပြန်ပြော၏။ ဣသရေလ ရှေးထုံးစံဟူမူကား၊ ရွေးခြင်းအမှု၊ ဥစ္စာလဲခြင်းအမှုကို မြဲမြံစေခြင်းငှာ တစ်ယောက်သော သူသည် မိမိ​ခြေနင်းကို ချွတ်၍ တစ်ယောက်သော သူအား အပ်လေ့ရှိ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလ အမျိုးသားတို့တွင် သက်သေတည်ရ၏။ သို့ဖြစ်၍ အမျိုးသားချင်းက၊ ကိုယ်အဖို့ ဝယ်ပါတော့၊ ဟုဗောဇအားဆို၍ မိမိ​ခြေနင်းကို ချွတ်၏။


ဗောဇကရုသကို ရွေးကြောင်း ကျေညာ

ဗောဇကလည်း၊ ဧလိမလက်ဥစ္စာ၊ ခိလျုန်ဥစ္စာ၊ မဟာလုန်ဥစ္စာ ဟူသမျှကို နောမိလက်မှ ငါဝယ်၍၊ ၁၀ သေသောသူ၏ နာမည်ကို သူ၏ ညီအစ်ကိုစုထဲက၎င်း၊ သူနေရာ မြို့တံခါးထဲက၎င်း မပြတ်စေခြင်းငှာ၊ သူ၏အမွေအားဖြင့် သူ၏နာမည်ကို ထောက်မမည်အကြောင်း၊ မဟာလုန်၏ မယား မောဘအမျိုးသမီး ရုသကို ငါ၏မယား ဖြစ်စေခြင်းငှာ ငါဝယ်သည်ကို သင်တို့သည် ယနေ့ သက်သေဖြစ်ကြပါ၏၊ ဟုအသက်ကြီးသူများ၊ လူများအပေါင်းတို့အား ပြောဆို၏။ ၁၁ တံခါးဝ၌ ရှိသော အသက်ကြီးသူများ၊ လူများအပေါင်းတို့ကလည်း၊ ငါတို့သည် သက်သေ ဖြစ်ကြ၏။ သင့်အိမ်သို့ ရောက်သော ဤမိန်းမသည်၊ ဣသရေလ အမျိုးကို တည်ထောင်သော မိန်းမနှစ်ယောက်၊ ရာခေလနှင့် လေအာကဲ့သို့ ဖြစ်မည်အကြောင်း ထာဝရဘုရား ပြုတော်မူပါစေသော်။ သင်သည်လည်း ဧဖရတ်အရပ်၌ အစွမ်းသတ္တိနှင့် ပြည့်စုံ၍ ဗက်လင်မြို့၌ အသရေ ကျော်စောခြင်း ရှိပါစေသော်။ ၁၂ အသက်ပျိုသော ဤမိန်းမတွင်၊ ထာဝရဘုရား ပေးတော်မူလတံ့သော မျိုးစေ့အားဖြင့် သင်၏ အမျိုးအနွယ်သည် ယုဒမယား တာမာ ဖွားမြင်သော ဖာရက် အမျိုးအနွယ်ကဲ့သို့ ဖြစ်ပါစေသော်၊ ဟုပြောဆိုကြ၏။


ရုသကသားယောက်ျားမွေး၍ ကောင်းကြီးပေးကြ

၁၃ ဗောဇသည် ရုသကိုသိမ်း၍ စုံဘက်လျက် ဆက်ဆံသောအခါ၊ ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့် ရုသသည်၊ ပဋိသန္ဓေ ယူ၍ သားယောက်ျားကို ဖွားမြင်လေ၏။ ၁၄ မိန်းမတို့သည်လည်း နောမိအား၊ သင့်ကိုပြုစုသော အမျိုးသားချင်းကို ယနေ့ ဖြတ်တော်မမူသော ထာဝရဘုရားသည် မင်္ဂလာ ရှိတော်မူပါစေသော်။ ယခုရသော အမျိုးသားချင်းသည်လည်း ဣသရေလ အမျိုး၌ အသရေ ကျော်စောပါစေသော်။ ၁၅ သူသည် သင်၏အသက်ကို ပြုပြင်သောသူ၊ သင်အသက်ကြီးသောအခါ သင့်ကို ကောင်းမွန်စွာ ပြုစုသောသူ ဖြစ်ပါစေသော်။ သင့်ကိုချစ်၍ သားခုနစ်ယောက်ထက် သင့်အဖို့ သာ၍ ကောင်းသော သင်၏ချွေးမသည် သားယောက်ျားကို ဖွားမြင်ပြီ၊ ဟုပြောဆိုကြ၏။


ရုသသည်ဒါဝိဒ်အမျိုး၌ပါဝင်

၁၆ နောမိသည် ထိုသူငယ်ကိုယူ၍ ပိုက်ချီလျက် ထိန်းလေ၏။ ၁၇ အိမ်နီးချင်း မိန်းမတို့ကလည်း၊ နောမိသည် သားယောက်ျားကိုရပြီ၊ ဟုဆိုလျက်၊ ထိုသူငယ်ကို ဩဗက် အမည်ဖြင့် မှည့်ကြ၏။ ဩဗက်သားကား ယေရှဲ။ ယေရှဲသားကား ဒါဝိဒ်တည်း။ ၁၈ ဖာရက်၏ သားစဉ်မြေးဆက်ဟူမူကား၊ ဖာရက်သား ဟေဇရုံ၊ ၁၉ ဟေဇရုံသား အာရံ၊ အာရံသား အမိနဒပ်၊ ၂၀ အမိနဒပ်သား နာရှုန်၊ နာရှုန်သား စာလမုန်၊ ၂၁ စာလမုန်သား ဗောဇ၊ ဗောဇသား ဩဗက်၊ ၂၂ ဩဗက်သား ယေရှဲ၊ ယေရှဲသား ဒါဝိဒ်တည်း။

ရုသဝတ္တုပြီး၏၊



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.