-
AA
+
🡀
|
🡂
ရုသ၀တ္ထု
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ရုသ၀တ္ထု
အခန်းကြီး ၂


ရုသသည် ကောက်သင်းကောက်ဖို့သွား

နောမိ၏လင် ဧလိမလက်၏ အဆွေအမျိုးတွင် အလွန်ရတတ်သော ပေါက်ဖော် တစ်ယောက်ရှိ၏။ သူ၏အမည်ကား ဗောဇ(a) တည်း။ မောဘပြည်သူ ရုသက၊ ​ကျွန်မသည် လယ်ပြင်သို့ သွား၍ စိတ်နှင့်တွေ့သောသူ နောက်မှာ စပါးကျန်ကို ကောက်ပါရစေ၊ ဟုနောမိ၌ အခွင့်ပန်လျှင်၊ နောမိက၊ သွားတော့ ငါ့သမီးဟုဆို၏။ ရုသသည် သွား၍ စပါးရိတ်သော သူတို့နောက်မှာ၊ စပါးကျန်ကို ကောက်သည်တွင်၊ ဧလိမလက်၏ အဆွေအမျိုး ဗောဇပိုင်သော လယ်၌ အမှတ်တမဲ့ နေရာကျ၏။


ရုသသည် ဗောဇလယ်၌ စပါးကောက်

ထိုအခါ ဗောဇသည် ဗက်လင်မြို့က လာ၍၊ ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူပါစေသော်၊ ဟုရိတ်သောသူတို့အား ဆိုလျှင်၊ သူတို့က၊ ကိုယ်တော်ကို ထာဝရဘုရား ကောင်းကြီး ပေးတော်မူပါစေသော်၊ ဟုပြန်ပြောကြ၏။ ဗောဇကလည်း၊ ထိုမိန်းမငယ်သည် အဘယ်သူနှင့် ဆိုင်သနည်း၊ ဟုလယ်ခေါင်းအားမေးသော်၊ လယ်ခေါင်းက၊ မောဘပြည်မှ နောမိနှင့်အတူ လိုက်လာသော မောဘ အမျိုးသမီးဖြစ်ပါသည်။ သူကလည်း၊ ကျွန်မသည် စပါးရိတ်သော သူတို့နောက်၌ ကောက်လှိုင်းစုထဲမှာ ကျန်သောစပါးကို ကောက်သိမ်းပါရစေ၊ ဟုအခွင့်တောင်းလျက် ဝင်သဖြင့်၊ နံနက်မှစ၍ ယခု ခဏ တဲ၌ နေသော အချိန်တိုင်အောင် လုပ်နေပါပြီ၊ ဟုပြောဆိုလျှင်၊


ဗောဇက ရုသကို သူ့လယ်၌သာ ကောက်ဖို့ပြော

ဗောဇသည် ရုသကိုခေါ်၍၊ နားထောင်ပါ၊ ငါ့သမီး။ အခြားသော လယ်သို့သွား၍ စပါးကျန်ကို မကောက်နှင့်။ ဤအရပ်က မထွက်ဘဲ၊ ငါ့ကျွန်မတို့၌ မှီဝဲလျက်နေတော့။ သူတို့ရိတ်သော လယ်ကွက်ကို ကြည့်မှတ်၍ သူတို့နောက်၌ လိုက်လော့။ လုလင်တို့သည် သင့်ကို မနှောင့်ယှက် ရမည်အကြောင်း ငါမှာထားပြီ။ ရေငတ်သောအခါ၊ အိုးထားရာသို့ သွား၍ လုလင်ခပ်သော ရေကို သောက်တော့၊ ဟုဆိုလေသော်၊ ၁၀ ရုသသည် မြေကြီးပေါ်မှာ ဦးချပြပ်ဝပ်လျက်၊ ကျွန်မသည် တပါးအမျိုးသား ဖြစ်၍ ကိုယ်တော်သည် ကျွန်မကို သိမှတ်မည်အကြောင်း၊ အဘယ်သို့ စိတ်တော်နှင့် တွေ့ရပါသနည်း၊ ဟုလျှောက်လေ၏။


ဗောဇကရုသကို မင်္ဂလာစကားပြော

၁၁ ဗောဇကလည်း သင်၏ လင်သေသောနောက်၊ သင်သည် ယောက္ခမအား ပြုစုသမျှကို၎င်း၊ သင်သည် မိဘနှင့် မွေးဖွားရာဌာနပြည်ကို စွန့်၍ အထက်က မသိဖူးသော ပြည်သို့ လာကြောင်းကို၎င်း၊ ငါ့အား သေချာစွာပြောကြပြီ။ ၁၂ သင့်အမှု၏ အကျိုးကို ထာဝရဘုရား ပေးသော်မူပါစေသော်။ သင်သည် အတောင်တော် အောက်၌ ခိုလှုံခြင်းငှာ ချဉ်းကပ်သော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားသည်၊ စုံလင်သောဆုကို ချတော်မူပါစေသော်၊ ဟုဆိုသော်၊ ၁၃ ရုသကလည်း သခင် ကျွန်မသည် ရှေ့တော်၌ မျက်နှာရပါစေ။ ကျွန်မသည် ကိုယ်တော် ကျွန်မတို့နှင့် မတူသော်လည်း၊ ကိုယ်တော်သည် လောကဝတ်စကားကို ပြော၍ ကျွန်မကို နှစ်သိမ့်စေပါပြီ၊ ဟုလျှောက်လေ၏။


ဗောဇက ရုသကိုစားသောက်ဖို့ခေါ်

၁၄ ဗောဇကလည်း စားသောက်သော အချိန်ရှိပြီ။ လာ၍ မုန့်ကိုစားလော့။ ပုံးရည်၌ စားစရာကို နှစ်လော့၊ ဟုခေါ်ဆိုသည်အတိုင်း၊ ရုသသည် စပါးရိတ်သော သူတို့နှင့်အတူ ထိုင်လျှင် ဗောဇသည် ပေါက်ပေါက်ကို လှမ်း၍ ပေးသဖြင့်၊ သူသည် ဝစွာစားပြီးမှ ချန်ထားသေး၏။ ၁၅ စပါးကျန်ကို ကောက်ခြင်းငှာ ထသွားသောအခါ၊ ဗောဇသည် လုလင်တို့အား၊ ထိုမိန်းမသည် ကောက်လှိုင်းစုထဲမှာ ကျန်သော စပါးကို ကောက်သိမ်းပါစေ၊ အရှက်မခွဲကြနှင့်။ ၁၆ ရိတ်ပြီးသော စပါးအချို့ကိုလည်း သူအဖို့ ချထားလော့။ ကောက်ယူပါစေ။ အပြစ်မတင်ကြနှင့်၊ ဟုမှာထား၏။ ၁၇ ရုသသည် ထိုလယ်၌ ညဦးတိုင်အောင် စပါးကျန်ကို ကောက်၍ရသော စပါးကို နယ်ပြီးလျှင် မုယောဆန် တစ်ဧဖာ(b) ခန့်မျှရှိ၏။ ထိုဆန်ကိုယူ၍ မြို့ထဲသို့ ဝင်သဖြင့် ကောက်၍ ရသောဆန်ကိုလည်း ယောက္ခမအားပြ၏။ ဝစွာစားပြီးမှ ချန်ထားသော အရာကိုလည်း ထုတ်၍ ပေးသေး၏၊


ရုသက နောမိကို ဗောဇလယ်၌ စပါးကောက်ကြောင်းပြော

၁၉ ယောက်က္ခမကလည်း၊ ယနေ့အဘယ်မှာ စပါးကျန်ကို ကောက်သနည်း။ အဘယ်မှာ လုပ်သနည်း။ သင်သိမှတ်သော သူသည် မင်္ဂလာရှိပါစေသော်၊ ဟုမြွက်ဆိုလျှင်၊ ရုသက ယနေ့ ကျွန်မလုပ်သော သူ၏အမည်ကား၊ ဗောဇဖြစ်ပါသည်၊ ဟုယောက္ခမအား ကြားပြောသော်၊ ၂၀ ယောက္ခမက အသက်ရှင်သောသူ၊ သေသောသူတို့၌ ကျေးဇူးမပြတ် ပြုတော်မူသေးသော ထာဝရဘုရားသည် သူ့ကို ကောင်းကြီး ပေးတော်မူပါစေသော် ဟူ၍၎င်း၊ ထိုသူသည် ငါတို့နှင့် ပေါက်ဖော် တော်သောသူ၊ နီးစပ်သော အမျိုးသားချင်း အဝင်ဖြစ်သည်ဟူ၍၎င်း၊ ချွေးမအား ပြောဆို၏။ ၂၁ ထိုသူက ငါ့စပါးရိတ်ခြင်းအမှု မပြီးမှီတိုင်အောင်၊ ငါ့လူတို့၌ မှီဝဲလျက်နေတော့၊ ဟုဆိုကြောင်းကိုလည်း မောဘ အမျိုးသမီး ရုသသည် ကြားပြောသော်၊ ၂၂ နောမိက ငါ့သမီး၊ သင်သည်သူ၌ ကျွန်မတို့နှင့် ပေါင်းဖော် ကောင်း၏။ အခြားသောလယ်၌ သူတို့သည် သင့်ကို မတွေ့စေကောင်း၊ ဟုချွေးမရုသအား ပြောသည်အတိုင်း၊ ၂၃ သူသည် မုယောစပါး၊ ဂျုံစပါးရိတ်ခြင်း အမှုပြီးသည် တိုင်အောင် ဗောဇ၏ ကျွန်မတို့၌ မှီဝဲလျက်၊ စပါးကျန်ကို ကောက်၍ ယောက္ခမထံမှာ နေလေ၏။

_________________________
Footnotes


(a) ဗောဇ၏ အဓိပ္ပါယ်သည်-ခွန်အားဖြစ်သည်။

၁၇ (b) တဧဖာသည်-ကုဗတစ်ပေလောက်ဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.