-
AA
+
🡀
|
🡂
ရုသ၀တ္ထု
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ရုသ၀တ္ထု
အခန်းကြီး ၃


နောမိက ချွေးမရုသကို ဗောဇထံစေလွှတ်

တဖန် ယောက္ခမ နောမိက၊ ငါ့သမီး၊ သင့်ကို ချမ်းသာစေခြင်းငှာ ငြိမ်ဝပ်ရာ အရပ်ကို သင့်အဖို့ ငါမရှာရသလော။ သင်ပေါင်းဖော်သော ကျွန်မတို့၏ သခင် ဗောဇသည် ငါတို့ ပေါက်ဖော် ဖြစ်သည် မဟုတ်လော။ ယနေ့ညမှာ ကောက်နယ်တလင်း၌ မုယောစပါးကို လှေ့လျက်နေ၏။ သင်သည် ရေချိုးခြင်း၊ ဆီလိမ်းခြင်း၊ အဝတ် တန်ဆာဆင်ခြင်းကို ပြုပြီးလျှင်၊ ကောက်နယ် တလင်းသို့ သွားတော့။ သူသည် စားသောက်ခြင်း အမှုကို မပြီးမှီ ကိုယ်ကိုမပြနှင့်။ သူအိပ်သောအခါ။ အိပ်ရာအရပ်ကို မှတ်ပြီးမှ ဝင်၍ သူ့​ခြေ၌ ဖုံးသောအဝတ်ကို ဖွင့်ပြီးလျှင် အိပ်တော့။ သင်သည် အဘယ်သို့ ပြုရမည်ကို သူပြောလိမ့်မည်၊ ဟုဆိုသော်၊ ရုသက၊ မိခင်မှာ ထားသမျှတို့ကို ပြုပါမည်၊ ဟုဝန်ခံလျက်၊ ကောက်နယ်တလင်းသို့ သွား၍ ယောက္ခမ မှာထား သမျှအတိုင်း ပြုလေ၏။


ရုသက ဗောဇထံသူ့ကိုရွေးဖို့ပြော
CROSS REFERENCES





CROSS REFERENCES






ဗောဇသည် စားသောက်၍ ရွှင်လန်းလျက်၊ စပါးပုံအနားသို့ သွား၍ အိပ်သောအခါ၊ ရုသသည် တိတ်ဆိတ်စွာ ချဉ်းကပ်၍ သူ့​ခြေ၌ ဖုံးသောအဝတ်ကို ဖွင့်ပြီးလျှင် အိပ်လေ၏။ သန်းခေါင်အချိန်၌ ယောက်ျားသည် လန့်၍ လှည့်သဖြင့်၊ မိန်းမသည် ခြေရင်း၌ ရှိသည်ကို သိလျက်၊ သင်သည် အဘယ်သူနည်း၊ ဟုမေးလျှင်၊ ​ကျွန်မသည် ကိုယ်တော်၏ကျွန်မ ရုသဖြစ်ပါ၏။ ကိုယ်တော်သည် ရွေးပိုင်သော အမျိုးသားချင်း ဖြစ်သောကြောင့်၊ ကိုယ်တော်၏ ​ကျွန်မကို အဝတ်တော်စွန်းနှင့် ဖုံးပါတော့၊ ဟုဆိုသော်၊ ၁၀ သူက၊ ငါ့သမီး၊ ထာဝရဘုရား ကောင်းကြီး ပေးတော်မူပါစေသော်။ သင်သည် ငွေရတတ်သောလူ၊ ဆင်းရဲသောလူ တစ်စုံတစ်ယောက်ကို မမှီဝဲဘဲ နေ၍၊ အရင်ပြုသော ကျေးဇူးထက် နောက်ပြုသော ကျေးဇူးသာ၍ ကြီး၏။ ၁၁ မစိုးရိမ်နှင့် [A]ငါ့သမီး။ တောင်းသမျှကို ငါပြုမည်။ သင်သည် သီလနှင့် ပြည့်စုံသော မိန်းမဖြစ်ကြောင်းကို ငါ့လူမျိုးနေသော တစ်မြို့လုံးသိ၏။ ၁၂ ငါသည် ရွေးပိုင်သော အမျိုးသားချင်း မှန်ပေ၏။ သို့သော်လည်း ငါ့ထက်သာ၍ ရွေးပိုင်သော အမျိုးသားချင်း တစ်ယောက်ရှိသေး၏။ [B](a) ၁၃ ယနေ့ညမှာ နေဦးတော့။ ထိုသူသည် ရွေးပိုင်သော အမျိုးသားချင်းဝတ်ကို ပြုလိုလျှင် ပြုပါလေစေ။ ကောင်း၏။ မပြုလျှင် ထာဝရဘုရား အသက်ရှင် တော်မူသည်အတိုင်း ငါပြုမည်။ နံနက်တိုင်အောင် အိပ်ဦးတော့၊ ဟုဆို၏။


ရုသယောက္ခမ စီသို့ပြန်လာ

၁၄ ရုသသည် နံနက်တိုင်အောင် သူ့​ခြေရင်းနားမှာ အိပ်ပြီးမှ၊ တစ်ယောက်ကို တစ်ယောက် သိနိုင်သော အချိန်မရောက်မှီ ထလေ၏။ ယောက်ျားကလည်း၊ မိန်းမသည် ဤကောက်နယ်တလင်းသို့ လာသည်ကို အဘယ်သူမှ မသိစေနှင့်၊ ဟုဆို၏။ ၁၅ တဖန် သင်၌ ပါသော တင်းတိမ်ကို ယူခဲ့၍ ဖြန့်ခင်းတော့၊ ဟုဆိုသည်အတိုင်း၊ ရုသဖြန့်လျက် မုယောစပါး ​ခြောက်ဩမဲကို ခြင်၍ သူ့အပေါ်မှာ တင်သဖြင့်၊ သူသည် မြို့ထဲသို့ သွားလေ၏။ ၁၆ ယောက္ခမထံသို့ ရောက်သောအခါ၊ ယောက္ခမက အဘယ်သို့နည်း၊ ဟုမေးလျှင်၊ မိမိ၌ ထိုသူပြုသမျှကို၎င်း၊ ၁၇ သူက၊ သင်သည် ယောက္ခမထံသို့ လက်ချည်း မသွားနှင့်၊ ဟုဆိုလျက် မုယောစပါး ​ခြောက်ဩမဲ ပေးကြောင်းကို၎င်း၊ ကြားပြောလေ၏။ ၁၈ ယောက္ခမကလည်း၊ ငါ့သမီး၊ ဤအမှုသည် အဘယ်သို့ ပြီးလိမ့်မည်ကို မသိမှီတိုင်အောင် ထိုင်နေတော့။ ယောက်ျားသည် ယနေ့ ဤအမှုကို မပြီးစီးမှီ ငြိမ်ဝပ်စွာ မနေ၊ ဟုပြောဆို၏။

_________________________
Footnotes

CROSS REFERENCES






၁၂ (a) ရွေးပိုင်သောအမျိုးသားချင်းအကြောင်း [B]


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.