-
AA
+
🡀
|
🡂
ကောလောသဲ ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ကောလောသဲ ဩဝါဒစာ
အခန်းကြီး ၄


ပေါလုကသူ့အတွက် ဆုတောင်းပေးဘို့ပြော
CROSS REFERENCES






သခင်တို့၊ သင်တို့၏သခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူသည်ကို သိမှတ်၍၊ ​ဖြောင့်မတ်ခြင်းတရား၊ မျှခြင်းတရားနှင့်အညီ ကိုယ်​ကျွန်တို့ကို ပြုကြလော့။ ဆုတောင်း ပဌနာပြုခြင်းအမှုကို အမြဲပြု၍၊ ကျေးဇူးတော်ကို ချီးမွမ်းလျက် စောင့်ရှောက်ကြလော့။ ငါသည် ခရစ်တော်၏ နက်နဲသောအရာကြောင့်၊ အချည်အနှောင်ခံရသည်ဖြစ်၍၊ ထိုနက်နဲသောအရာ [A] ကို ဟောပြောခြင်းငှါ၊ ဘုရားသခင်သည် တရားဟောရာတံခါးကို၊ ငါတို့အား ဖွင့်တော်မူမည် အကြောင်းကို၎င်း၊ ထိုနက်နဲသောအရာကို ဟောပြောအပ်သည်နှင့်အညီ၊ ငါဖေါ်ပြမည် အကြောင်းကို၎င်း၊ ငါတို့အဘို့လည်း ဆုတောင်းကြလော့။


ပညာသတိရှိပြီး စကားပြော

ပြင်ပလူတို့၏ မျက်နှာကို ထောက်လျက်၊ ပညာနှင့်ကျင့်ဆောင်၍ ကာလအချိန်ကို ရွေးနှုတ်ကြလော့။ လူအသီးအသီးတို့အား အဘယ်သို့ပြန်ပြောရမည်ကို သိနိုင်မည်အကြောင်း၊ သင်တို့စကားသည် ဆားအားဖြင့်ငန်သော အရသာနှင့် ပြည့်စုံလျက်၊ အစဉ်မပြတ်တင့်တယ် လျောက်ပတ်ပါစေ။


ပေါလုက သူ၏လုပ်ဖေါ်ဆောင်ဘက်များကို စေလွှတ်
CROSS REFERENCES






ဘုရားသခင်၌ သစ္စာရှိသောဆရာ၊ ငါတို့ကျွန်ချင်းတည်းဟူသော၊ ငါချစ်သောညီ တုခိတ် (Tychicus)သည်ငါ ၏အ ကြောင်းအရာရှိသမျှကို သင်တို့အား ဖေါ်ပြလိမ့်မည်။ သူသည် သင်တို့၏ အကြောင်းအရာများကို သိ၍၊ သင်တို့စိတ်နှလုံးကို သက်သာစေခြင်းငှါ ထိုသူကို၎င်း၊ သင်တို့အထဲကဖြစ်၍ သစ္စာရှိသော ငါချစ်သောညီ ဩနေသိမ် (Onesimus)ကို ၎င်း၊ သင်တို့ဆီသို့ ငါစေလွှတ်၏။ သူတို့သည် ဤမြို့၌ ဖြစ်သမျှသော အကြောင်းအရာကို၊ သင်တို့အား ဖေါ်ပြကြလိမ့်မည်။ ၁၀ ငါနှင့်အတူ အကျဉ်းခံရသောသူ အာရိတ္တာခု (Aristarchus)၊ ဗာနဗ၏တူ မာကု(Mark)၊ ယုတ္တု (Justus) ၊ ဟုခေါ်ဝေါ်သောယေရှုတို့သည်၊ သင်တို့ကို နှုတ်ဆက်ကြ၏။ မာကုအတွက် သင်တို့ကို ငါမှာလိုက်ခဲ့ပြီ။ သူသည် သင်တို့ဆီသို့ ရောက်လာလျှင် လက်ခံကြလော့။၁၁ အရေဖျားလှီးခြင်း [B]ကို ခံသောသူတို့တွင်၊ ဤသူတို့သာ ဘုရားသခင်၏ နိုင်ငံတော်အဘို့ ငါနှင့်အတူ၊ အမှုဆောင်သောသူဖြစ်၍၊ ငါ့စိတ်ကို သက်သာစေကြ၏။


ဧပဖြသည် အသင်းတော်များအတွက် စိတ်အားကြီး
CROSS REFERENCES






၁၂ သင်တို့အထဲက ဖြစ်သော ခရစ်တော်၏ ကျွန်ဧပဖြ (Epaphras)သည် သင်တို့ကိုနှုတ်ဆက်၏။ သင်တို့သည် စုံလင်လျက်၊ ဘုရားသခင်၏ အလိုတော်ကို အကုန်အစင် လေ့ကျက်လျက်၊ တည်ကြည်မည် အကြောင်းသူသည်၊ သင်တို့အဘို့ ကာလအစဉ်ကြိုးစား၍ ဆုတောင်းတတ်၏။ ၁၃ သင်တို့မှစ၍ လောဒိကိမြို့နှင့် ဟေရပေါလိမြို့ (Laodicea and Hierapolis)၌ ရှိသောသူတို့အဘို့၊ သူသည် အလွန်စေတနာစိတ် အားကြီးသည်၊၊ ဟုငါသည်သူ၏ သက်သေဖြစ်၏။ ၁၄ ငါချစ်သော ဆေးသမားလုကာနှင့် ဒေမ(Luke & Demas)သည်၊ သင်တို့ကိုနှုတ်ဆက်ကြ၏။ ၁၅ လောဒိကိမြို့၌ ရှိသောညီအစ်ကိုတို့ကို၎င်း၊ နုံဖမှစ၍ (Nympha) သူ၏အိမ်၌ ရှိသောအသင်းတော်ကို၎င်း၊ [C] နှုတ်ဆက်ကြလော့။ ၁၆ ဤစာကိုသင်တို့သည် ဖတ်ပြီးမှ လောဒိကိမြို့ အသင်းတော်ကို ဖတ်စေကြလော့။ ထိုမြို့မှရသောစာကိုလည်း သင်တို့ဖတ်ကြလော့။ ၁၇ အာခိပ္ပု (Archippus)ကိုလည်း၊ သင်သည် သခင်ဘုရား၏ လက်တော်မှခံရပြီးသော ဓမ္မဆရာ၏ အမှုအရာကို ပြည့်စုံခြင်းငှါ သတိပြုပါ၊ ဟုပြောကြလော့။ ၁၈ ငါပေါလုသည် သင်တို့အား နှုတ်ဆက်သောအချက်ကို ကိုယ်လက်ဖြင့်ရေးထား၏။ ငါခံရသော ချည်နှောင်ခြင်းကို အောက်မေ့ကြလော့။ သင်တို့၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။


ကောလောသဲဩဝါဒစာပြီး၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.