-
AA
+
🡀
|
🡂
ကောလောသဲ ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ကောလောသဲ ဩဝါဒစာ
အခန်းကြီး ၃

အထက်အရာစွဲလမ်းဘို့

အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ကြသည် မှန်လျှင်၊ ဘုရားသခင်၏ လက်ျာတော်ဘက်မှာ ခရစ်တော်သည် ထိုင်နေတော်မူရာအရပ်၌ ရှိသော အထက်အရာတို့ကို ရှာကြလော့။ မြေကြီးပေါ်မှာ ရှိသောအရာတို့ကို စွဲလမ်းသောစိတ် မရှိကြနှင့်။ အထက်အရာတို့ကိုသာ စိတ်စွဲလမ်းခြင်း ရှိကြလော့။ အကြောင်းမူ ကား၊ သင်တို့သည် သေသောသူဖြစ်၍ သင်တို့အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက်ထားလျက်ရှိ၏။ ငါတို့အသက်တည်းဟူသော ခရစ်တော်သည် [A]ထင်ရှားတော်မူသောအခါ၊ ငါတို့သည်လည်း ထိုသခင်နှင့်အတူ ဘုန်းကြီး၍ ထင်ရှားကြလတံ့။


လူဟောင်းအကျင့်စွန့်
CROSS REFERENCES






ထိုကြောင့်မတရားသောမေထုန်၌ [B] မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ်သောတပ်မက်ခြင်း၊ ရုပ်တုကို ကိုးကွယ်ခြင်း ဖြစ်သော လောဘလွန်ကျူးခြင်း တည်းဟူသော၊ မြေကြီးပေါ်မှာ ရှိသောသင်တို့၏ ကိုယ်အင်္ဂါတို့ကို သေစေကြလော့။ ထိုအမှုများကြောင့် ဘုရားသခင်၏ အမျက်တော်သည် ငြင်းဆန်သောသူ တို့အပေါ်၌ သင့်ရောက်ပေ၏။ ထိုသူတို့နှင့် သင်တို့သည်လည်း အထက်က ပေါင်းဖေါ်သောအခါ၊ ထိုအမှုများ၌ ကျင်လည်ကြ၏။ ယခုမူကား၊ ထိုအမှုအလုံးစုံတို့ကို၎င်း၊ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မနာလိုခြင်း၊ သူ့အသရေပျက်အောင် ပြောဆိုခြင်း၊ ညစ်ညူးသောစကားကို သုံးခြင်းတို့ကို၎င်း၊ သင်တို့နှုတ်မှ ပယ်ရှင်းကြလော့။ အချင်းချင်း မုသာစကားကိုမပြော မသုံးကြနှင့်။


လူသစ်အကျင့်
CROSS REFERENCES





CROSS REFERENCES






အကြောင်းမူကား၊ သင်တို့သည် လူဟောင်း၏ အကျင့်တို့နှင့် လူဟောင်း၏ ကိုယ်ကိုချွတ်ပယ်၍၊ ၁၀ ဖန်ဆင်းတော်မူသောသူ၏ ပုံသဏ္ဍာန်နှင့်အညီ၊ [C] မှန်သောပညာအားဖြင့် အသစ်ပြုပြင်သော လူသစ်ကို ယူတင်ဝတ်ဆောင်သောသူ ဖြစ်ကြ၏။ [D] ၁၁ ထိုဖန်ဆင်း ပြုပြင်တော်မူရာ၌ ဟေလသလူမရှိ၊ ယုဒလူမရှိ၊ အရေဖျားလှီးမင်္ဂလာခံခြင်း [E] မရှိ၊ မခံခြင်းမရှိ၊ လူရိုင်းမရှိ၊ သကုသိလူမရှိ၊ ​ကျွန်မရှိ၊ လူလွတ်မရှိ၊ ခရစ်တော်သည် အလုံးစုံတို့၌ အလုံးစုံဖြစ်တော်မူ၏။ [F]


ခရစ်ယာန်အသက်တာ
CROSS REFERENCES






၁၂ ထိုကြောင့် သင်တို့သည် ဘုရားသခင် ရွေးကောက်သောသူ၊ သန့်ရှင်းသောသူ၊ ချစ်အပ်သောသူကဲ့သို့၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြလော့။ ၁၃ တယောက်၌ တယောက်အပြစ် တင်စရာအခွင့်ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော်သည် သင်တို့၏ အပြစ်ကိုလွှတ် တော်မူသကဲ့သို့၊ ထိုနည်းတူပြု ကြလော့။ ၁၄ စုံလင်ခြင်း အဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကိုထပ်၍ ယူတင်ဝတ်ဆောင်ကြလော့။ ၁၅ သင်တို့စိတ်နှလုံးအထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်းအုပ်စိုးစေ။ ထိုသို့အလိုငှါ သင်တို့သည် တလုံးတကိုယ်တည်း၌ ခေါ်ထားတော်မူခြင်းကို ခံကြသည်ဖြစ်၍၊ ကျေးဇူးတော်ကို သိသောစိတ်ရှိကြလော့။ ၁၆ ခရစ်တော်၏ နှုတ်ကပတ်တရားသည် ပညာအမျိုးမျိုးနှင့် သင်တို့အထဲ၌ ကြွယ်ဝစွာတည်နေ၍ သင်တို့သည် ဆာလံသီချင်းမှစသော ဓမ္မသီချင်းအမျိုးမျိုးအားဖြင့်၊ အချင်းချင်းတို့ကို ဆုံးမသွန်သင်ခြင်း၊ သတိပေးခြင်းကိုပြု၍၊ နူးညွတ်သော စိတ်နှလုံးနှင့် ဘုရားသခင့်ရှေ့တော်၌ တင့်တယ်လျောက်ပတ်စွာ သီချင်းဆိုကြလော့။ ၁၇ စကားပြောသော်၎င်း၊ အမှုဆောင်ရွက်သော်၎င်း၊ သခင်ယေရှု၏ နာမတော်ကိုထောက်၍ ခပ်သိမ်းသောအမှုတို့ကို ပြုမူလျက်၊ ကျေးဇူးတော်ကြီးလှပါ၏၊ [G]ဟုထိုသခင်ကိုအမှီပြု၍ ခမည်းတော်ဘုရားသခင့်ရှေ့၌ ဝန်ခံကြလော့။


မိသားစုဆက်ဆံရေး

၁၈ အချင်းမိန်းမတို့၊ သခင်ဘုရား၌ လျောက်ပတ်သည်အတိုင်း၊ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ [H] ၁၉ အချင်းယောကျ်ားတို့၊ ကိုယ်ခင်ပွန်းကို ချစ်ကြလော့။ [I] ကြမ်းတမ်းစွာ မပြုကြနှင့်။ ၂၀ သားသမီးတို့၊ မိဘစကားကို အရာရာ၌ နားထောင်ကြလော့။ မိဘစကားကို နားထောင်ခြင်းအမှုသည် သခင်ဘုရား နှစ်သက်တော်မူသော အမှုဖြစ်၏။ ၂၁ အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှါ မပြုကြနှင့်။ ထိုသို့ပြုလျှင်၊ သူတို့သည် အားလျော့စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်။


​ကျွန်နှင့်သခင်ဆက်ဆံရေး
CROSS REFERENCES






၂၂ အစေခံ​ကျွန်တို့၊ သခင်ဘုရားကို ကြောက်ရွံ့လျက်၊ [J] လူတို့၏စိတ်ကို နူးညွတ်စေသောသူကဲ့သို့၊ မျက်မှောက်၌ သာနား ထောင်သည်မဟုတ်၊ စိတ်နှစ်ခွမရှိဘဲ၊ လောကီသခင်၏ စကားကို အရာရာ၌ နားထောင်ကြလော့။ ၂၃ လူ၏အမှုကိုသာ ဆောင်ရွက်သကဲ့သို့မဟုတ်၊ သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်သကဲ့သို့၊ ပြုလေသမျှတို့၌ စေတနာစိတ်နှင့် ပြုကြလော့။ ၂၄ သင်တို့သည် သခင်ခရစ်တော်၏ အစေကို ခံကြသည်ဖြစ်၍၊ အမွေတော်တည်းဟူသော အကျိုးကို၊ ထိုသခင်ဘုရား၏ လက်တော်မှ ခံရလိမ့်မည်၊ ဟုသိမှတ်ကြလော့။ ၂၅ မတရားသောအမှုကို ပြုသောသူမည်သည်ကား၊ မိမိပြုသောအမှု၏ အကျိုးအပြစ်ကို ခံရလိမ့်မည်။ အဘယ်သူ၏မျက်နှာကို မှတ်တော်မမူ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.