-
AA
+
🡀
|
🡂
ကောလောသဲ ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ကောလောသဲ ဩဝါဒစာ
အခန်းကြီး ၂

ခမည်းတော်နှင့်ခရစ်တော်၏ နက်နဲသောအရာ
CROSS REFERENCES






သင်တို့နှင့် လောဒိကိမြို့သူ မြို့သားတို့မှစ၍၊ ငါ့မျက်နှာကို မမြင်ဘူးသောသူ ရှိသမျှတို့သည်၊ မေတ္တာချင်းထုံးဖွဲ့၍၊ ခမည်းတော်ဘုရားနှင့် ခရစ်တော်၏၊ နက်နဲသောအရာ [A] ကိုနားလည်နိုင်သော၊ ယုံမှားခြင်းနှင့်ကင်းစင်သောဥာဏ်၏ (a) စည်းစိမ်အပေါင်းနှင့် ပြည့်စုံ၍၊ စိတ်နှလုံး သက်သာစေမည်အကြောင်း၊ အဘယ်မျှလောက်ကြီးသော တိုက်လှန်ခြင်းကို ငါခံရသည်၊ ဟုသင်တို့သိစေခြင်းငှါ ငါအလိုရှိ၏။ ထိုနက်နဲသောအရာ၌ ပညာဘဏ္ဍာ၊ ဥာဏ်ဘဏ္ဍရှိသမျှတို့သည် ဝှက်ထားလျက်ရှိကြ၏။ အဘယ်မည်သောသူမျှ ဖြားယောင်းသော စကားအားဖြင့်၊ သင်တို့ကို မလှည့်ဖြားစေခြင်းငှါ၊ ဤစကားကို ငါပြောဆို၏။


ယေရှုခရစ်၌ ခိုင်ခန့်ကြလော့

ငါသည် ကိုယ်ခန္ဓာအားဖြင့် သင့်တို့နှင့်ကွာ၍ နေသော်လည်း၊ စိတ်ဝိညာဉ်အားဖြင့် သင်တို့နှင့်အတူ ရှိသည်ဖြစ်၍၊ သင်တို့သည် လျောက်ပတ်စွာ စီရင်ပြုပြင်တတ်သည်ကို၎င်း၊ ခရစ်တော်၌ ခိုင်ခံ့စွာ ယုံကြည်သည်ကို၎င်း၊ မြင်လျှင် ဝမ်းမြောက်ခြင်းရှိ၏။ ထိုကြောင့် သင်တို့သည် သခင်ယေရှုခရစ်ကို ခံယူပြီးသည်ဖြစ်၍၊ ထိုသခင်၌စိုက်ခြင်း၊ တည် ဆောက်ခြင်းရှိလျက်၊ နည်းဥပဒေသကို ခံပြီးသည်အတိုင်း ယုံကြည်ခြင်း၌ မြဲမြံစွာစွဲ လမ်းလျက်၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ယုံကြည်ခြင်း တိုးပွါးပြည့်စုံလျက်၊ ထိုသခင်၌ ကျင်လည်ကြလော့။


ခရစ်တော်၌ ပြည့်စုံ
CROSS REFERENCES






ခရစ်တော်၏ တရားကိုမလိုက်၊ လူအဆက်ဆက်ခံသော နည်းဥပဒေသနှင့် လောကီတရားနုကို [B] လိုက်၍၊ လောကီပညာနှင့် အချည်းနှီးသော ပရိယာယ်အားဖြင့် သင်တို့ကို အဘယ်သူမျှ မလုယူ မဖျက်မဆီးစေခြင်းငှါ သတိပြုကြလော့။ အကြောင်းမူကား၊ ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏။ ၁၀ အထွဋ်အမြတ် အာဏာစက်ရှိသမျှကို အုပ်စိုးတော်မူသော ထိုသခင်၌ သင်တို့သည် စုံလင်ခြင်းရှိကြ၏။


အရေဖျားလှီးခြင်း
CROSS REFERENCES






၁၁ ခရစ်တော်၏ အရေဖျားလှီးခြင်းအားဖြင့် ဇာတိပကတိအပြစ်၏ ကိုယ်ကိုပယ်ရှင်း၍၊ လက်ဖြင့်မလုပ်သော အရေဖျားလှီးခြင်း [C]ကို ထိုသခင်၌ သင်တို့သည် ခံကြသည်ဖြစ်၍၊ ၁၂ ဗတ္တိဇံအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုလ်ခြင်းကို ခံကြ၏။ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူသော ဘုရားသခင်၏ ပြုပြင်အားထုတ်တော်မူခြင်းကို ယုံကြည်သောအားဖြင့်၊ ဗတ္တိဇံကိုခံ၍ ထိုသခင်နှင့်အတူ ထမြောက်ခြင်းသို့ ရောက်ကြ၏။ ၁၃ ဒုစရိုက်အပြစ်၌၎င်း၊ ဇာတိပကတိ၏ အရေဖျားလှီးခြင်းကို မခံသောအဖြစ်၌၎င်း၊ သေလျက်ရှိနေသော သင်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေ၍၊ သင်တို့အပြစ်ရှိသမျှတို့ကို လွှတ်တော်မူ၏။ ၁၄ ငါတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သော လက်မှတ်ကိုချေ၍၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားလျက်၊ ငါတို့စပ်ကြားထဲက ပယ်ရှင်းတော်မူပြီ။ ၁၅ အထွဋ်အမြတ်၊ အာဏာစက်များကို လုယူလျှင်၊ ထင်ရှားစွာထုတ်ပြ၍ လက်ဝါးကပ် တိုင်တော်အားဖြင့် အောင်ပွဲကို ခံတော်မူပြီ။


အရိပ်နှင့်ကိုယ်
CROSS REFERENCES





CROSS REFERENCES






၁၆ ထိုကြောင့် စားသောက်ခြင်းအမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့ [D]တို့ကို စောင့်ခြင်းအမှုတွင် [E] သင်တို့ကို အဘယ်သူမျှမစစ် ကြောမစီရင်စေနှင့်။ ၁၇ ထိုအရာတို့သည် နောက်ဖြစ်လတံ့သော အရာတို့၏ အရိပ်ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ ကိုယ်ဖြစ်၏။ ၁၈ ဦးခေါင်းတော်ကို အမှီမပြု၊ ဇာတိပကတိ၏ စိတ်နှလုံး အချည်းနှီးထောင်လွှားလျက်၊ မိမိမသိမမြင်သော အရာကို စူးစမ်းလျက်၊ စိတ်နှိမ့်ချခြင်း၌၎င်း၊ ကောင်းကင်တမန်ကို ကိုးကွယ်ခြင်း၌၎င်း၊ မွေ့လျော်သောသူ တစုံတယောက်မျှ သင်တို့ဆုကို မလုယူစေနှင့်။ ၁၉ ဦးခေါင်းတော်မှ တကိုယ်လုံးသည် အဆစ်အပိုင်း အထုံးအဖွဲ့များအားဖြင့်၊ အားဖြည့်၍ထုံးဖွဲ့လျက်၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ ကြီးပွါးတတ်၏။ ၂၀ သင်တို့သည် ခရစ်တော်နှင့် အတူသေ၍၊ လောကီတရားနုမှ [F] စုတေ့ကြသည်မှန်လျှင်၊ ၂၁ မတို့နှင့်၊ မမြည်းနှင့်၊ မကိုင်နှင့်ဟူသော ပညတ်စကားကို လောကီ အသက်ရှင်သေးသကဲ့သို့၊ အဘယ်ကြောင့် နားထောင်ကြသနည်း။ ၂၂ လူတို့၏ ပညတ်ဩဝါဒအတိုင်း စောင့်ရှောက်သော ထိုပညတ်ရှိသမျှတို့သည် ပုပ်ပျက်စေခြင်းအကြောင်း ဖြစ်ကြ၏။ ၂၃ ထိုသို့သော ပညတ်တို့သည် ကိုယ်အသားကို ဝပြောစွာကျွေးမွေးခြင်းနှင့်မဆိုင်၊ ကိုယ်အလိုအလျောက် ကိုးကွယ်ခြင်း၊ စိတ်နှိမ့်ချခြင်း၊ ကိုယ်ကာယကို နှိပ်စက်ခြင်းနှင့်ဆိုင်၍၊ ပညာရှိယောင်ဆောင်ကြ၏။

_________________________
Footnotes


(a) မြန်မာကျမ်းစာအုပ်၌ "ဝိစိကိစ္ဆာ" ဟုဘာသာပြန်ထားသည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.