-
AA
+
🡀
|
🡂
ဗျာဒိတ်ကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဗျာဒိတ်ကျမ်း
အခန်းကြီး ၆


ပဌမတံဆိပ်မြင်းဖြူ၊ ခရစ်တော်အတု

သိုးသငယ်သည် တံဆိပ်ခုနစ်ချက်တွင် တချက်ကိုဖွင့်သောအခါ ငါကြည့်လျှင်၊ မိုးကြိုးသံမြည်သကဲ့သို့၊ သတ္တဝါလေးပါးတွင်တပါးက၊ လာ၍ ကြည့်လော့၊၊ ဟုဆိုသည်ကိုငါကြား၏။ ထိုအခါ ငါကြည့်လျှင်၊ မြင်းဖြူတစီးရှိ၏။ မြင်းစီးသောသူသည် လေးကိုကိုင်၏။ သူ၌ သရဖူကို ပေးတော်မူ၏။ အောင်မြင်လျက်၎င်း၊ အောင်မြင်ခြင်းငှါ၎င်း၊ ထွက်သွား၏။(a)


ဒုတိယတံဆိပ်မြင်းနီ၊ စစ်ဖြစ်

ဒုတိယတံဆိပ်ကို ဖွင့်သောအခါ၊ ဒုတိယသတ္တဝါက၊ လာ၍ ကြည့်လော့၊၊ ဟုဆိုသည်ကို ငါကြား၏။ ထိုအခါ မြင်းနီတစီးထွက်၍၊ စီးသောသူသည် ငြိမ်ဝပ်ခြင်းကို မြေကြီးက ရုပ်သိမ်းခြင်းငှါ၎င်း၊ မြေကြီးသားတို့ကို အချင်းချင်း အသေသတ်စေခြင်းငှါ၎င်း၊ အခွင့်ရ၏။ သူ၌ ဓါးကြီးကို ပေးတော်မူ၏။(b)


တတိယတံဆိပ်မြင်းနက်၊ အစာခေါင်းပါး

တတိယတံဆိပ်ကို ဖွင့်သောအခါ၊ တတိယသတ္တဝါက၊ လာ၍ ကြည့်လော့၊ ဟုဆိုသည်ကိုငါကြား၏။ ထိုအခါ ငါကြည့်လျှင်၊ မြင်းနက်တစီးရှိ၏။ မြင်းစီးသောသူသည် ချိန်ခွင်ကိုကိုင်၏။ သတ္တဝါလေးပါးအလယ်၌ ပြောသံဟူမူကား၊ ဒေနာရိတပြား [A] နှင့် ဂျုံဆန်တခွက်ကိုရ၏။ မုယောဆန်သုံးခွက်ကိုရ၏။ ဆီနှင့်စပျစ်ရည်ကို မပျက်စေနှင့်၊၊ ဟုဆိုသည်ကိုငါကြား၏။(c)


စတုတ္ထတံဆိပ်မြင်းမွဲ၊ လူများစွာသေ

စတုတ္ထတံဆိပ်ကို ဖွင့်သောအခါ၊ စတုတ္ထသတ္တဝါက၊ လာ၍ ကြည့်လော့၊၊ ဟုဆိုသည်ကို ငါကြား၏။ ထိုအခါငါ ကြည့်လျှင်၊ မြင်းမွဲတစီးရှိ၏။ မြင်းစီးသောသူသည် မရဏာဟူသော အမည်ရှိ၏။ မရဏာနိုင်ငံသည် ထိုသူနောက်သို့ လိုက်လေ၏။ သူသည် မြေကြီး လေးစိတ်တစိတ်ကို အစိုးရ၍ ဓါးဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာ၍သေဘေး၊ မြေသားရဲဘေးအားဖြင့် သတ်ပိုင်သောအခွင့်ကိုရ၏။


ပဉ္စမတံဆိပ်အသတ်ခံသောဝိညာဉ်များ

ပဥ္စမတံဆိပ်ကိုဖွင့်သောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်၎င်း၊ မိမိတို့ သက်သေခံချက်ကြောင့်၎င်း၊ အသေသတ်ခြင်းကို ခံရသောသူတို့၏ ဝိညာဉ်များကို၊ ယဇ်ပလ္လင်အောက်၌ ငါမြင်၏။(d) ၁၀ သူတို့ကလည်း၊ သန့်ရှင်း ဟုတ်မှန်၍ အစိုးပိုင်တော်မူသော အရှင်၊ မြေပေါ်မှာ နေသောသူတို့သည်၊ ငါတို့အသွေးကို သွန်းကြသောအပြစ်နှင့် အလျောက်၊ ဒဏ်မပေးဘဲ အဘယ်မျှလောက် ကာလပတ်လုံး နေတော်မူမည်နည်း၊၊ ဟုကြီးသောအသံနှင့်​ ကြွေးကြော်ကြ၏။ ၁၁ ထိုသူတို့၌ ဖြူသောဝတ်လုံကို ပေးတော်မူ၏။ သူတို့နည်းတူ အသေသတ်ခြင်းကို ခံရလတံ့သော မိမိလုပ်ဖေါ်ဆောင်ဘက် ညီအစ်ကိုတို့သည် ပြည့်စုံခြင်းသို့မရောက်မှီ၊ ခဏငြိမ်သက်စွာ နေရကြဦးမည်၊ ဟုသူတို့အားမိန့်တော်မူ၏။


ဆဌမတံဆိပ်၊ ကမ္ဘာသားများသေခြင်းရှာ
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






၁၂ ဆဌမတံဆိပ်ကို ဖွင့်သောအခါ ငါကြည့်လျှင်၊ ကြီးစွာသော မြေလှုပ်ခြင်းဖြစ်၏။ [B] နေသည် အမွေးဖြင့်ရက်သော အဝတ်ကြမ်းကဲ့သို့မည်း၏။ [C] လအလုံးသည် အသွေးကဲ့သို့ဖြစ်၏။ ၁၃ သင်္ဘောသဖန်းပင်ကို ပြင်းစွာသော လေတိုက်လျှင်၊ အချိန်မတန်သော အသီးကြွေသကဲ့သို့၊ ကောင်း ကင်ကြယ်တို့သည် မြေပေါ်သို့ကျကြ၏။ ၁၄ မိုးကောင်းကင်သည် စာစောင်လိပ်သကဲ့သို့ လွင့်သွား၏။ [D] တောင်များ၊ ​ကျွန်းများအပေါင်းတို့သည် မိမိတို့နေရာအရပ်မှ ရွေ့ကြ၏။ [E]၁၅ လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသောသူမှစ၍ ကျွန်များ၊ လူလွတ်များ အပေါင်းတို့သည် မြေတွင်း၌၎င်း၊ တောင်ပေါ်မှာရှိသော ကျောက်များ၌၎င်း၊ ပုန်းရှောင်လျက်နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကို ခေါ်လျက်၊ ၁၆ ငါတို့အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍၊ ငါတို့ကို ဖုံးအုပ်ကြပါ။ ၁၇ အမျက်တော် ထင်ရှားသောနေ့ကြီး ရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင်မည်နည်း၊ ဟုပြောဆိုကြ၏။

_________________________
Footnotes


(a) မဿဲ ၂၄း၄-၅ ၌ခရစ်တော် ကိုယ်တိုင်က ခရစ်တော်အတု ပေါ်မည်ဟူသောအရာနှင့် ထပ်တူထပ်မျှဖြစ်နေသည်။

(b) မဿဲ ၂၄း၆-ရ ၌စစ်တိုက်မည်ဟူသောအရာနှင့် ကိုက်ညီနေသည်။

(c) မဿဲ ၂၄းရ ၌အစာရေစာခေါင်းပါးမည်ဟူသော အရာဖြစ်သည်။ အစားအစာကို ချိန်ခွင်နှင့်ချိန်ခြင်းသည် ခွဲတန်းနှင့်ဝယ်ခြင်းကို ဆိုလိုသည်။

(d) မဿဲ ၂၄း၉ ၌ယုံကြည်ခြင်းကြောင့် သင်တို့ကိုသတ်မည်၊ ဟုကြိုဟောခဲ့သည်။





S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.