-
AA
+
🡀
|
🡂
ဗျာဒိတ်ကျမ်း
၁၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဗျာဒိတ်ကျမ်း
အခန်းကြီး ၁၁


ဗိမာန်တော်ကိုတိုင်းခိုင်း

တဖန်တုံလှံတံနှင့်တူသောကျူပင်တလုံးကို၊ ငါ့အားပေး၍ ငါ့ကိုပြောဆိုသည်ကား၊ ထလော့။ ဘုရားသခင်၏ ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကိုတိုင်းလော့။ ဗိမာ​န်တော်၌ ကိုးကွယ်သော သူတို့ကိုလည်း ရေတွက်လော့။ ဗိမာန်တော်တန်တိုင်းကို မတိုင်းနှင့်၊ ပယ်ထားလော့။ တပါးအမျိုးသားတို့၌ အပ်ပေးပြီ။ သူတို့သည် သန့်ရှင်းသော မြို့တော်ကို၊ လလေးဆယ်နှစ်လ ပတ်လုံး နင်းကြလိမ့်မည်။


သက်သေခံနှစ်ပါး

ငါ၏သက်သေခံနှစ်ပါးကို ငါအခွင့်ပေးမည်။ သူတို့သည် လျှော်တေအဝတ်ကို ဝတ်လျက်၊ အရက်တထောင်နှစ်ရာ​ခြောက်ဆယ်ပတ်လုံး၊ ပရောဖက်ပြုကြလိမ့်မည်။ ထိုသူတို့သည်ကား၊ မြေကြီးအရှင်၏ ရှေ့တော်၌ စိုက်ထားသော၊ သံလွင်ပင်နှစ်ပင် [‌A] နှင့် မီးခွက်နှစ်လုံးဖြစ်သတည်း။ တစုံတယောက်သောသူသည်၊ သူတို့ကိုညှဉ်းဆဲခြင်းငှါ အလိုရှိလျှင်၊ သူတို့၏ ခံတွင်းထဲက မီးထွက်၍ ရန်သူတို့ကို မျိုတတ်၏။ တစုံတယောက်သောသူသည်၊ ထိုသူတို့ကို ညှဉ်းဆဲခြင်းငှါ အလိုရှိလျှင်၊ ထိုသို့အသေသတ်ခြင်းကို ခံရမည်။ ထိုသူတို့သည် ပရောဖက်ပြုသော နေ့ရက်ကာလ၌၊ မိုးမရွာစေခြင်းငှါ၊ မိုးကောင်းကင်ကို ပိတ်ရသောအခွင့်၊ မြစ်ရေ၊ တွင်းရေကို အသွေးဖြစ်စေရသောအခွင့်၊ မိမိတို့ အလိုရှိသမျှသောအခါ၌၊ ဘေးအမျိုးမျိုးဖြင့် မြေကြီးကို ဒဏ်ခတ်ရသောအခွင့်ကို ရကြ၏။


သက်သေခံနှစ်ပါးကိုသတ်ကြ

သူတို့သည် သက်သေခံပြီးသောအခါ၊ အနက်ဆုံးသော တွင်းထဲက တက်သောသားရဲသည်၊ သူတို့ကိုစစ်တိုက်၍ အောင်လိမ့်မည်။ အသက်ကိုသတ်ပြီးမှ၊ သူတို့သခင်သည် လက်ဝါးကပ်တိုင်မှာ၊ အသေခံတော်မူသော အရပ်တည်းဟူသော၊ သောဒုံဟူ၍၎င်း၊ အဲဂုတ္တုဟူ၍၎င်း၊ အတွင်းအနက်အားဖြင့် ခေါ်ဝေါ်သောမြို့ကြီး၏ လမ်း၌၊ အလောင်းကောင်တို့သည် နေရစ်ကြလိမ့်မည်။ အသီးအသီးဘာသာစကားကို ပြောသောလူအမျိုးအနွယ်တို့သည်၊ သုံးရက်ခွဲပတ်လုံး အလောင်းကောင်တို့ကို မြင်ရ၍၊ သင်္ဂြိုလ်ခြင်းကို မြစ်တားကြလိမ့်မည်။


သက်သေခံတို့သေခြင်းအပေါ်ဝမ်းမြောက်ကြ

၁၀ မြေကြီးပေါ်မှာနေသောသူတို့သည်၊ ထိုအလောင်းကောင်တို့ကို မြင်သောအခါ၊ ဝမ်းမြောက်၍ ပျော်မွေ့ခြင်းကို ပြုကြလိမ့်မည်။ တယောက်ကိုတယောက် လက်ဆောင်ပေးလိုက်ကြလိမ့်မည်။ အကြောင်းမူကား၊ အထက်က ထိုပရောဖက်နှစ်ပါးတို့သည်၊ မြေကြီးပေါ်မှာ နေသောသူတို့ကို၊ ပြင်းစွာနှောင့်ယှက်ညှဉ်းဆဲကြသည်၊၊ ဟုငါ့အားပြောဆိုလေ၏။


သက်သေခံများရှင်ပြန်၍ကောင်းကင်သို့တက်
CROSS REFERENCES






၁၁ ထိုနောက် သုံးရက်ခွဲလွန်ပြီးလျှင်၊ ဘုရားသခင့်အထံတော်က၊ အသက်ဝိညာဉ်သည် သူတို့၌ ဝင်သဖြင့်၊ သူတို့သည် မတ်တတ်ထ၍ မြင်သမျှသောသူတို့သည်၊ အလွန်ကြောက်ရွံ့ကြ၏။ ၁၂ ကောင်းကင်ကထွက်သောအသံကြီးကား၊ ဤအရပ်သို့တက်ကြလော့၊၊ ဟုမိမိတို့အား ပြောဆိုသည်ကို သူတို့သည်ကြားလျှင်၊ မိုးတိမ်ဖြင့် ကောင်းကင်သို့တက်၍၊ ရန်သူတို့သည် မြင်ကြ၏။ ၁၃ ထိုအချိန်နာရီ၌ ကြီးစွာသော မြေလှုပ်ခြင်းဖြစ်၍၊ မြို့ရိုးဆယ်စုတစုပြိုလေ၏။ ထိုမြေလှုပ်ခြင်း၌ လူခုနစ်ထောင်သေကြ၏။ ကြွင်းသောသူတို့သည်ကြောက်ရွံ့၍၊ ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်ကို ချီးမွမ်းကြ၏။ [B] ၁၄ ဒုတိယအမင်္ဂလာလွန်ပြီ။ တတိယအမင်္ဂလာသည်အလျှင်အမြန်လာလိမ့်မည်။


သတ္တမတံပိုးမှုတ်၊ ခရစ်တော်နိုင်ငံဖြစ်ပြီ
CROSS REFERENCES






၁၅ သတ္တမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကောင်းကင်ဘုံ၌ ကြီးသောအသံတို့က၊ လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံ ဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်၊ ဟုပြောဆိုကြ၏။ ၁၆ ဘုရားသခင့် ရှေ့တော်၌၊ မိမိတို့ပလ္လင်ပေါ်မှာ ထိုင်သော အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည်၊ ပြပ်ဝပ်၍ ဘုရားသခင်ကို ကိုးကွယ်လျက်၊ ၁၇ အနန္တတန်ခိုးနှင့် ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် ကာလအစဉ်ရှိတော်မူသော၊ ထာဝရအရှင်ဘုရားသခင်၊ [C] ကိုယ်တော်၏ မဟာတန်ခိုးတော်ကို ယူဆောင်၍၊ စိုးစံတော်မူသော ကျေးဇူးတော်ကို​ ကျွန်ုပ်တို့သည် ချီးမွမ်းပါ၏။ ၁၈ လူမျိုးတို့သည် အမျက်ထွက်ကြသည်ဖြစ်၍၊ အမျက်တော်သည်လည်း ရောက်ပါပြီ။ သေလွန်သောသူတို့ကို တရားစီရင် ဆုံးဖြတ်တော်မူ၍၊ ကိုယ်တော်၏​ကျွန် တည်းဟူသော ပရောဖက်တို့အား၎င်း၊ သန့်ရှင်းသူတို့အား၎င်း၊ ကိုယ်တော်ကို ကြောက်ရွံ့ရိုသေသောသူ အကြီးအငယ်တို့အား၎င်း၊ ဆုကျေးဇူးကို ပေးသနားတော်မူ၍၊ မြေကြီးကို ဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူသော အချိန်ရောက်ပါပြီ၊၊ ဟုလျှောက်ဆိုကြ၏။ ၁၉ တဖန်ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဗိမာန်တော်ကို ဖွင့်ထား၍ ဗိမာန်တော်ထဲမှာ ပဋိညာဉ်သေတ္တာတော် ထင်ရှားလေ၏။ လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ မြေလှုတ်ခြင်း၊ အလုံးကြီးစွာသော မိုးသီးကျခြင်းဖြစ်ကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.